မိဘတွေနဲ့ခွဲခွာပြီး သြစတေးလျနိုင်ငံမှာနေထိုင်ရင်း Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

အကယ်ဒမီလွင်မိုးရဲ့ သမီးကြီဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ (၂၀၁၈) ခုနှစ်မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် (၂၀) စွန်းစွန်း အရွယ်မှာတင် အိမ်ထောင်ပြု ကလေးမွေးခဲ့တဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့ မပြီးပြတ်သေးတဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူဖို့ သြစတေးလျနိုင်ငံကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လက်ရှိသြစတေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ယွန်းဝတီလွင်မိုးဟာ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး အရေးပေါ်အခန်းရောက်တဲ့အထိဖြစ်ခဲ့ကြောင်း ပြောပြလာပါတယ်။

“Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး သုံးရက်မြောက်နေ့မှာပဲ အရေးပေါ်ရောက်တဲ့အထိဖြစ်ခဲ့တယ်။ အိပ်ယာထဲတစ်ပတ်ကျော်ကြာ အနားယူခဲ့ရပြီး အခုဆိုရင် ကျွန်မမှာ ရောဂါပိုးကင်းစင်ပြီး Negative ဖြစ်သွားပါပြီ” လို့ သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ တိုင်းတစ်ပါးမှာ မိဘနဲ့ခွဲခွာနေထိုင်ရင်း အခုလိုဖြစ်ခဲ့တာမို့ တော်တော်လေး အားငယ်နေခဲ့မှာ အသေအချာပါပဲ။ ဘာပဲဖြစ်ဖြစ် ခေးလေးတစ်ယောက် နေကောင်းသက်သာလာတယ်ဆိုလို့ ဝမ်းသာစရာပါပဲနော်။

Source: Yun Waddy’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*