PDF များကိုတောနင်းရှာဖွေနေသည့် စစ်တပ်မှ အရာရှိနှင့်ဒုတပ်ကြပ် ၂ ဦးအားသေဆုံးအောင်ကိုက်လိုက်သည့် ပြည်သူ့မြွေပွေး

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဉီးနှင့် ဒုတပ်ကြပ်တစ်ဉီး မြွေပွေးကိုက်ခံရ ဒုတပ်ကြပ်သေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ် PDF များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဉီးနှင့် ဒုတပ်ကြပ်တစ်ဉီးမြွေပွေးကိုက်ခံရပြီးတစ်ဉီးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဉီးက လူထုနွေဉီးသို့ ပြောသည်။

ယနေ့ဇန်နဝါရီ ၁၀ ရက်နေ့လည် ၂ နာရီခန့်ကရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဉီး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။ဒုတပ်ကြပ်ကဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှအဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့နယ်အရေ့ြှခမ်းအား ဒီဇင်ဘာလ ၃၁ရက်နေ့ကတည်းက စစ်ကြောင်းထိုးလျက်ရှိရာ ဇန်နဝါရီလဆန်းပိုင်းက ရဟတ်ယာဉ်များဖြင့်ပါပစ်ခတ်ခဲ့ပြီး စစကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်များဖြင့်ပို့ဆောင်ချထားခဲ့သည်။ညောင်ပင်ကြီးတောရွာတွင် စခန်းချထားသည့် အကြမ်း ဖက်စစ်ကောင်စီတပ်များသည်အင်အား ၁၄၀ခန့်ဖြင့် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က ဝက်လက်မြို့နယ် ရှားခွဲရွာအနောက်ဘက် မန်းလေးတောင်အနီးတွင် PDFများကိုတောနင်းရှာဖွေစဉ်မြွေပွေးအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

ကျွန်တော်တို့က အဲမြွေတွေကိုလေးစားတယ်။ ကျွန်တော်တို့အဖွဲ့နာမည်ကိုတောင် တောကြီးမြွေပွေးနာမည်ကို တင်စားပြီး မှည့်ထားတာ။စစ်ကြောင်းက လေယာဉ်နဲ့ညောင်ပင်ကြီးတောမှာလာချတယ်။ တောလမ်းကနေ ရွာတွေကိုပက်ဝင်တယ်။ ၉ ရက်နေ့မှာ ရှားကွဲရွာအနီး တပ်စွဲရင်း မြွေပွေး ကိုက်ခံရပါတယ်။ ၁၀ ရက်နေ့မှာသေတယ်။ ကျနော်တို့နယ်မှာက ဆေးအကူအညီမရနိုင်ပါဘူး။ကျွန်တော်တို့ PDFတွ တစ်ခုခုဖြစ်ရင်တောင်အသက်ပေးကြရတာပါပဲခင်ဗျဟု ဝက်လက်အခြေစိုက် တောကြီးမြွေပွေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အားဒီပဲယင်းနယ်တွင်လည်းမြွေပွေးကိုက်ခံရ၍ သေဆုံးသည့်ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့ဖူးသည်။ဒီ ဇင်ဘာလ ၉ ရက်နေ့ကလည်းကျွန်းလှမြို့နယ် အနောက်မြောက် ဘက်စွန်ရှိညောင်ပင်ရိုးကျေးရွာတွင်ထိုးစစ်ဆင်နေသည့် အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သားသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

zawgyi







Add a Comment

Your email address will not be published.