လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေသဖြင့် မီးထပ်ပြတ်မည်

လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေသဖြင့် မီးထပ်ပြတ်မည် (နေ့တိုင်းပြတ်နေပေမယ့် ထပ်ပြတ်မည်ဟုဆို)

စုစုပေါင်း လျှပ်စစ်ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့် ဆက်လက်လျော့နည်းနေတာကြောင့် ဓာတ်အားသုံးစွဲမှု များပြားတဲ့အချိန်တွေမှာ မီးထပ်မံပြတ်နေဦးမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းမှာ (၂)ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီးခံခဲ့ရတာကြောင့် ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အား ပြတ်တောက်လျက် ရှိတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေတာကြောင့် LNG ဓာတ်အားပေး စက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်း ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၉၇၀) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သော နေရာများတွင် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၁၇ နာရီမှ ၁၉ နာရီအချိန်အတွင်း ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

လၽွပ္စစ္ထုတ္လုပ္မႈ ေလ်ာ့နည္းေနသျဖင့္ မီးထပ္ျပတ္မည္ (ေန႔တိုင္းျပတ္ေနေပမယ့္ ထပ္ျပတ္မည္ဟုဆို)

စုစုေပါင္း လၽွပ္စစ္ဓာတ္အား (၉၇၀) မဂၢါဝပ္ခန႔္ ဆက္လက္ေလ်ာ့နည္းေနတာေၾကာင့္ ဓာတ္အားသုံးစြဲမႈ မ်ားျပားတဲ့အခ်ိန္ေတြမွာ မီးထပ္မံျပတ္ေနဦးမွာ ျဖစ္တယ္လို႔ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ဇန္နဝါရီလ ၉ ရက္ေန႔က ၁၃၂ ေကဗြီ ဘီလူးေခ်ာင္း(၂)-တီက်စ္ ဓာတ္အားလိုင္းမွာ (၂)ႀကိမ္ေျမာက္ တာဝါတိုင္မ်ား ထပ္မံဖ်က္ဆီးခံခဲ့ရတာေၾကာင့္ ဘီလူးေခ်ာင္း ေရအားလၽွပ္စစ္ဓာတ္အားေပး စက္႐ုံမွ ထြက္ရွိတဲ့ လၽွပ္စစ္ဓာတ္အား (၂၂၀)မဂၢါဝပ္ခန႔္ကို နိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္နိုင္ျခင္း မရွိဘဲ ဓာတ္အား ျပတ္ေတာက္လ်က္ ရွိတယ္လို႔ ဆိုပါတယ္။

ထို႔အျပင္ ဓာတ္ေငြ႕ေဈးႏႈန္း ျမင့္တက္ေနတာေၾကာင့္ LNG ဓာတ္အားေပး စက္႐ုံမ်ားရဲ့ ထုတ္လုပ္မႈ (၇၅၀)မဂၢါဝပ္ခန႔္မွာ ရပ္တန႔္ထားရျခင္းေၾကာင့္ စုစုေပါင္း ဓာတ္အား (၉၇၀) မဂၢါဝပ္ခန႔္မွာ ဆက္လက္ေလ်ာ့နည္းေနၿပီး ဝန္အားထိန္းညႇိျခင္းမ်ား ဆက္လက္ ေဆာင္ရြက္သြားရမွာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေလ်ာ့နည္းသြားတဲ့ လၽွပ္စစ္ဓာတ္အားထုတ္လုပ္မႈ (၉၇၀) မဂၢါဝပ္ခန႔္အတြက္ ဝန္အားထိန္းညႇိမႈအရ အခ်ိဳ႕ေသာ ေနရာမ်ားတြင္ ဓာတ္အားသုံးစြဲမႈမ်ားျပားေသာ နံနက္ ၇ နာရီမွ ေန႔လယ္ ၁၁ နာရီအတြင္းႏွင့္ ညအခ်ိန္ ၁၇ နာရီမွ ၁၉ နာရီအခ်ိန္အတြင္း ဝန္အားေလၽွာ့ခ်ရျခင္းမ်ားအား ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ လၽွပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္ထဲမွာ ပါဝင္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*