ဒီတော်လှန်ရေးကြီး ပြီးသွားရင် လူရွှင်တော်အလုပ်ကိုပဲ ပြန်လုပ်မယ်လို့ ဆိုလာတဲ့ PDF ရဲဘော် အရပ်ထဲက စပ်ဖြဲ
|လူရွှင်တော်ဘဝကနေ လက်နက်ကိုင်တော်လှန်ရေးတပ်သားဖြစ်လာတဲ့ အရပ်ထဲကစပ်ဖြဲ စစ်တပ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အတင်းအဓမ္မ
သိမ်းယူလိုက်ပြီးနောက် စစ်အာ ဏာရှင်ကို လက်မခံသည့် တစ်နိုင်ငံလုံးမှ အများပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြလာခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသူများထဲတွင် အနုပညာရှင်တစ်ဦးဖြစ်သည့်
ဟာသလူရွှင်တော် အရပ်ထဲကစပ်ဖြဲ ဆိုသူလည်းပါဝင်ခဲ့သည်။ “ရန်ကုန်မှာ ဆန္ဒပြတယ် နောက်ဆန္ဒပြလို့မရတဲ့အချိန်ကျ Keyboard fighter လုပ်တယ် အဲ့နောက်ပိုင်း တပ်ပြေးတွေကို
လိုက်ဖမ်းပြီး စစ်ထဲ တာဝန်ပြန်ပေးတယ်ဆိုတော့ ကျွန်တော်လည်း ထွက်ပြေးလာပြီး လွတ်မြောက်နယ်မြေမှာ PDFရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေပါ တယ်”ဟု လူရွှင်တော်တစ်ဦးဖြစ်သည့်
အရပ်ထဲကစပ်ဖြဲက ပြောသည်။ စစ်တပ်မှ ဆန္ဒပြသူတွေကို သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းနေသည့် မတ်လတွင် မြောက်ဥက္ကလာ ၂ရပ်ကွက်မှ လူငယ်၃ဦးကျည်ထိမှန်ကျဆုံးခဲ့ခြင်းကို ၎င်းကိုယ်တိုင်
မျက်မြင်မြင်တွေ့ခဲ့ကြောင်း ဝမ်းနည်းစွာပြောပြသည်။ “ကျွန်တော် ဒီတော်လှန်ရေးကြီးပြီးသွားရင် လူရွှင်တော် အလုပ်ကိုပဲ ပြန်လုပ်မှာပါ “ဟု PDFစခန်းတစ်ခုတွင် တိုက်ပွဲဝင်ရန်ပြင်ဆင်ရင်း ၎င်းက ဆက်လက်ပြောသည်။
Zawgyi
လူ႐ႊင္ေတာ္ဘဝကေန လက္နက္ကိုင္ေတာ္လွန္ေရးတပ္သားျဖစ္လာတဲ့ အရပ္ထဲကစပ္ၿဖဲ စစ္တပ္က ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို အတင္းအဓမၼ
သိမ္းယူလိုက္ၿပီးေနာက္ စစ္အာ ဏာရွင္ကို လက္မခံသည့္ တစ္ႏိုင္ငံလုံးမွ အမ်ားျပည္သူမ်ား လမ္းေပၚထြက္ ဆႏၵျပလာခဲ့ၾကသည္။ အဆိုပါ ဆႏၵျပသူမ်ားထဲတြင္ အႏုပညာရွင္တစ္ဦးျဖစ္သည့္
ဟာသလူ႐ႊင္ေတာ္ အရပ္ထဲကစပ္ၿဖဲ ဆိုသူလည္းပါဝင္ခဲ့သည္။ “ရန္ကုန္မွာ ဆႏၵျပတယ္ ေနာက္ဆႏၵျပလို႔မရတဲ့အခ်ိန္က် Keyboard fighter လုပ္တယ္ အဲ့ေနာက္ပိုင္း တပ္ေျပးေတြကို
လိုက္ဖမ္းၿပီး စစ္ထဲ တာဝန္ျပန္ေပးတယ္ဆိုေတာ့ ကြၽန္ေတာ္လည္း ထြက္ေျပးလာၿပီး လြတ္ေျမာက္နယ္ေျမမွာ PDFရဲေဘာ္ေတြနဲ႔အတူ တိုက္ပြဲဝင္ေနပါ တယ္”ဟု လူ႐ႊင္ေတာ္တစ္ဦးျဖစ္သည့္
အရပ္ထဲကစပ္ၿဖဲက ေျပာသည္။ စစ္တပ္မွ ဆႏၵျပသူေတြကို ေသနတ္ျဖင့္ ပစ္ခတ္ႏွိမ္နင္းေနသည့္ မတ္လတြင္ ေျမာက္ဥကၠလာ ၂ရပ္ကြက္မွ လူငယ္၃ဦးက်ည္ထိမွန္က်ဆုံးခဲ့ျခင္းကို ၎ကိုယ္တိုင္
မ်က္ျမင္ျမင္ေတြ႕ခဲ့ေၾကာင္း ဝမ္းနည္းစြာေျပာျပသည္။ “ကြၽန္ေတာ္ ဒီေတာ္လွန္ေရးႀကီးၿပီးသြားရင္ လူ႐ႊင္ေတာ္ အလုပ္ကိုပဲ ျပန္လုပ္မွာပါ “ဟု PDFစခန္းတစ္ခုတြင္ တိုက္ပြဲဝင္ရန္ျပင္ဆင္ရင္း ၎က ဆက္လက္ေျပာသည္။