ကွယ်လွန်လေပြီးတဲ့ ခင်ပွန်းဖြစ်သူရဲ့ဆန္ဒအတိုင်း ရွှေအစစ်ချထားတဲ့ ဘုရားဆင်းတုတော်တစ်ဆူကို မဲဖောက်လှူဒါန်းသွားမယ်ဆိုတဲ့ ငွေတီဦ

သရုပ်ဆောင် ပြေတီဦးရဲ့ ညီမရင်းဖြစ်သူ ငွေတီဦးကတော့ လက်ရှိမှာ သူမဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ကျော်ဖြတ်နေရတာပဲဖြစ်ပါတယ်။ ငွေတီဦးဟာ ဖခင်ကိုဆုံးရှုံးရတဲ့အပြင် ဆယ်နှစ်တာပေါင်းသင်းခဲ့တဲ့ခင်ပွန်းကိုလည်း ဆုံးရှုံးခဲ့တာမို့ ပူဆွေးနေရပြီး သူမရဲ့အပူတွေကို ငြိမ်းအေးစေဖို့ ဘာသာရေးကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ငွေတီဦးက ကွယ်လွန်လေပြီးတဲ့ ခင်ပွန်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းသွားမယ့်အကြောင်းကို “နေ့စဉ်နဲ့အမျှတော့ သူ့အတွက် ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးသောနည်းနဲ့ ပြုပေးနေတာပါပဲ။ အခုလည်း သူ့ဆန္ဒတစ်ခုကို ဖြည့်စည်းပေးဖို့ ကိုယ့်အတ္တကို ဖြေလျော့လိုက်ပါတယ်။ သူနဲ့ပက်သက်သမျှ အမှတ်တရတွေတိုင်းပေါ်မှာ ကျွန်မရဲ့တွယ်တာတတ်တဲ့ သံယောဇဉ်နဲ့ လောဘကို စွန့်လွှတ်နိုင်ဖို့ရယ် သူပိုပြီး ကောင်းသထက်ကောင်းဖို့ရယ်ပဲ ဦးတည်ဆောင်ရွက်ပါ့မယ်။ သူရှိစဉ်ကတည်းကလည်း သူ့အပေါ်ယုံကြည်စိတ်တစ်ခုတည်းနဲ့ ပိုင်ဆိုင်သမျှအကုန်ရင်းနှီးမြှုပ်နှံခဲ့ဖူးသလို Supporting Role ကိုတောင် ကျေကျေနပ်နပ် ခံယူခဲ့ဘူးတာပဲလေ။ လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်တုန်းက သာဓုကန်နားမှာ အမျိုးလို ရင်းနှီးတဲ့မိတ်ဆွေက နဂါးရုံဘုရားတည်တော့ ကျွန်မတို့လင်မယားလည်း ဘုရားတည်တဲ့နေရာမှာ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြတယ်။”

“ဘုရားတည်ပြီးတော့ အနေကစာတင်တဲ့နေ့မှာ ဘုရားဆယ်ဆူ (၁၀ဆူလို့ ထင်တာပဲ.. ပိုများလား မမှတ်မိတော့ဘူး) ကို နဂါးရုံဘုရားနဲ့အတူတကွ အနေကစာတင်ပြီး မဲဖောက်လှူဒါန်းကြတယ်။ မဲက တစ်ထောင်လောက်ရှိမယ်ထင်တယ်။ မဲတစ်ထောင်မှာ ကိုဉာဏ်က နံပါတ်တစ်မဲ ကို ပေါက်ခဲ့တယ်။ အဲဒီ့တုန်းကတည်းက အရင်ကလုပ်ခဲ့တဲ့အလုပ်ခန်းမှာ အဲဒီ့ဘုရားလေးကို ပင့်ဆောင်ပြီး နေ့စဉ်ရက်ဆက် ကိုးကွယ်ပူဇော်ခဲ့ပါတယ်။ အိမ်အသစ်ဆောက်ပြီးတော့မှ အိမ်မှာဆက်ပြီးကိုးကွယ်ခဲ့တာပါ။ သူနဲ့ထိုက်တန်လို့ မွန်မွန်မြတ်မြတ်ရခဲ့တဲ့ ဘုရားလေးမို့ နှစ်ယောက်လုံးအရမ်းတန်ဖိုးထားပါတယ်။ အခု သူ့ဆန္ဒအရ အဲဒီ့ဘုရားလေးကို ပြန်လည်မဲဖောက်ပြီး လှူဒါန်းပေးပါမယ်။ တကယ်လိုအပ်တဲ့သူ တကယ်ကိုးကွယ်ချင်တဲ့သူကိုပဲ ရစေချင်ပါတယ်။”ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Ngwe Ou ‘s fb

Add a Comment

Your email address will not be published.