ယနေ့ကျရောက်တဲ့ (၃၅) နှစ်ပြည့်မွေးနေ့မှာ မြောင်PDF ရဲဘော်တွေအတွက် နေ့လည်စာဒါနပြုခဲ့တဲ့ မြနှင်းရည်လွင်

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ ရဲရင့်ပြတ်သားနဲ့ မျက်လုံးတွေနဲ့ ချောမောလှပတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ပြတ်သားရဲရင့်တဲ့စိတ်ထားရှိသူပီပီ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသားတွေရဲ့ ရင်ဘောင်တန်းပြီး တက်ကြွစွာပါဝင်နေတဲ့ မြနှင်းရည်လွင်ဟာ ပရိသတ်တွေကတောင် သူရဲကောင်းမင်းသမီးအဖြစ် တင်စားခေါ်ဝေါ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ မြနှင်းရည်လွင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မြနှင်းရည်လွင်က သူမရဲ့ မွေးနေ့မှာ မြောင်မြို့နယ် တော်လှန်ရေးတပ် – Myaung Revolution Army က ရဲဘော်တွေကို နေ့လည်စာ အာဟာရဒါန ကျွေးမွေးခဲ့တယ်လို့ MRA က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောခဲ့ပါတယ်။

မြနှင်းရည်လွင်ကတော့ သူမရဲ့ မွေးနေ့မှာ ပြည်သူတွေအတွက် အသက်ပေးစောင့်ရှောက်နေကြတဲ့ တောထဲက ရဲဘော်တွေအတွက် နေ့လည်စာဒါနပြုခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး မြနှင်းရည်လွင်ရဲ့ မွေးနေ့အတွက် ဆုတောင်းစကားပြောပေးခဲ့ကြပါဦးနော်။

Source: Mya Hnin Yee Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.