တော်လှန်ရေးအတွက် သန္ဓိဋ္ဌာန် ကဗျာလေးတစ်ခု ပြောပြလာတဲ့ လင်းလင်း
|ပြည်သူ့တော်လှန်ရေးမိသားစုစကားဝိုင်းမှ ပြည်သူ့ဘက်တော်သား တေးရေးလင်းလင်း၏ သန္ဓိဌာန် ကဗျာ
⭐️တော်လှန်စာ⭐️
ဒီနွေဦးတော်လှန်ရေးကြီးကနေ
ပြည်သူနဲ့ဆန့်ကျင်ဖက် လားရာတစ်နေရာဆီ
မျဥ်းခြားပေးလိုက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ..
ပုဂ္ဂိုလ်မျိုးစုံတွေ..
ကိုယ်ကျိုးရှာ အခွင့်အရေးသမားတွေ..
နိုင်ငံရေးသစ္စာဖောက်တွေ..
‘ငါ’ အခြေပြု ပညာတတ် အောက်တန်းစားတွေ..
အားလုံး.. အားလုံးသော ထိုသူများဟာ
လူထုတည်ဆောက်မယ့် နိုင်ငံ့အနာဂတ်ဖွဲ့စည်းပုံမှာ
ဘယ် သော အ ခါ မှ…
လူ တော မ တိုး စေ ရ…
ဤသို့ပြောလို့ ငရဲရမယ်ဆိုရင်လည်း
ထိုငရဲအား နိဗ္ဗာန်ထက် ပိုရင်ခုန်ပါ၏..
တေးရေး လင်းလင်း
၁၂-၁-၂၀၂၂
ပြည်သူ့တော်လှန်ရေးမိသားစုစကားဝိုင်းမှ
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
OFP နဲ့ MOD တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်သူ့တော်လှန်ရေးမိသားစု
People’s Revolution Family – PRF အစီအစဥ်ရဲ့တစ်လပြည့် အထိမ်းအမှတ်ဖြစ်တဲ့
ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ…
PRF ဝိုင်းတော်သားများမှ လစဉ်တင်ဆက်သွားမယ့် “မိသားစုစကားဝိုင်း” အစီအစဉ်ရဲ့
ပထမဆုံးဖွင့်ပွဲ အဖြစ် တော်လှန်ရေးသမိုင်းမှာ တတပ်တအားပါဝင်ပြီး
လူထုချစ်ခင်အားပေးမှုရရှိထားသော ပြည်သူ့တော်လှန်ရေးမိသားစုဝင်များ ဖြစ်ကြတဲ့
⭐ ဒေါက်တာ ဖြိုးသီဟ Dr Phio Thiha
⭐ တေးရေး လင်းလင်း Htwe Lynn Ko
⭐ မခင်နှင်းကြည်သာ Khin Hnin Kyi Thar
⭐ မမေဇင်မွန် (Women Alliance Burma) နှင့်
⭐ နော်တာလပေါ (PDF, အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)
တို့၏ မိသားစုစကားဝိုင်း…
(Zawgyi)
⭐️တော်လှန်စာ⭐️
ဘယ် သော အ ခါ မှ…
လူ တော မ တိုး စေ ရ…
တေးရေး လင်းလင်း
၁၂-၁-၂၀၂၂
crd