လွတ်မြောက်နယ်မြေကနေ မိသားစုလေးနဲ့အတူ ပျော်ရာနိဗ္ဗာန် လေးအကြောင်းကိုပြောလာတဲ့ ဒါရိုက်တာသည်ခေတ်နေ…
CREDIT – MYANMAR LOAD
Unicode
လွတ်မြောက်နယ်မြေကနေ မိသားစုလေးနဲ့အတူ ပျော်ရာနိဗ္ဗာန် လေးအကြောင်းကိုပြောလာတဲ့ ဒါရိုက်တာသည်ခေတ်နေ…
အနှစ်အရသာနဲ့ပြည့်ဝတဲ့ဇာတ်လမ်းတွေကို စိတ်ဝင်စားဖို့ကောင်းစွာ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလာထဲကစလို့ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်လာတာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ တစ်တပ်တစ်အား အားအင်အပြည့်နဲ့ ပါဝင်ခဲ့တဲ့ ဒါရိုက်တာသည်ခေတ်နေ့ဟာ စစ်ကောင်စီဘက်ကနေ ၅၀၅ က နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့သူလည်းဖြစ်ပါတယ်။
ဒါရိုက်တာသည်ခေတ်နေဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့သူဖြစ်ပြီး သူနဲ့အတူ ချစ်စရာသမီးလေးနဲ့ ဇနီးဖြစ်သူကိုပါ ခေါ်ထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒါရိုက်တာ သည်ခေတ်နေက သူခံယူထားတဲ့ ပျော်ရာနိဗ္ဗာန်ဆိုတဲ့ အရာလေးရဲ့ အဓိပ္ပါယ်ကို အခုလိုလေး ဖော်ကြူးထားပါတယ်။
ပျော်ရာနိဗ္ဗာန် ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ ကျရာအခန်းဟာ… ပီပြင်ရုံလေးပါပဲ။ပေးဆပ်တယ်လို့ မယူဆပါဘူး။ “အားလုံးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ” ဆိုတဲ့ လိုချင်တဲ့ ရယူမှုလေးတစ်ခုပဲ ရှိတယ်။ ပျော်ရာနိဗ္ဗာန်ပါခင်ဗျား။ #သည်ခေတ်နေ
ဒါရိုက်တာ သည်ခေတ်နေရဲ့ ပျော်ရာနိဗ္ဗာန်ဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်လေးက အရမ်းကို ကောင်းလွန်းလှပါတယ်။ မိသားစုတစ်ခုလုံးရဲ့ ခံယူချက်လေးနဲ့ စိတ်ဓာတ်လေးကလည်း တော်တော်ကို ချစ်ဖို့ကောင်းလွန်းပါတယ်။ ဒါရိုက်တာ သည်ခေတ်နေတို့ မိသားစုလေး အမြန်ဆုံးလိုချင်တဲ့ ပန်းတိုင်ကိုရောက်ရှိပြီး လုပ်ဆောင်သမျှအရာတိုင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
CREDIT – MYANMAR LOAD
Be the first to comment
Leave a Reply
Your email address will not be published.
*