ရှေ့တန်းကပြန်ရောက်ရောက်ချင်း ရှေ့တန်းပြန်လွှတ်သဖြင့်ဖယ်ခုံအခြေစိုက်ခမရ(၄၂၁)က
|ရှေ့တန်းမှပြန်ရောက်ရောက်ချင်းရှေ့တန်းပြန်လွှတ်သဖြင့်ဖယ်ခုံအခြေစိုက်ခမရ(၄၂၁)ကစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထွက်ပြေး
ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့အခြေစိုက်စစ်ကောင်စီ၏ခမရ(၄၂၁)တပ်ရင်းမှစစ်ကောင်စီတပ် ဖွဲ့ဝင်၈ဦး
ဇန်နဝါရီ၁၂ရက်မနက်၂နာရီခွဲဝန်းကျင်ကအဆိုပါတပ်ရင်းမှထွက်ပြေးသွားကြောင်းယင်းစစ်တပ်နှင့်နီးစပ်သူများထံကသိရသည်
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကရင်နီဒေသစစ်ဆင်ရေးနယ်မြေများမှဇန်နဝါရီ၁၂ရက်နေ့ကတပ်ရင်းသို့ပြန်လည်ရောက်ရှိလာပြီး
ယင်းနေ့ရက်တွင်ပင်အဆိုပါတပ်အကြီးတန်းစစ်အရာရှိများကရှေ့တန်းသို့ပြန်လည်စေလွှတ်သဖြင့်ထွက်ပြေးကြခြင်းဖြစ်ကြောင်းသိရသည်
”သူတို့က၁၂ရက်နေ့ဘဲရှေ့တန်းကနေတပ်ကိုပြန်ရောက်လာတယ်အဲ့နေ့မှာဘဲရှေ့တန်းပြန်ထွက်ရမယ်လို့ပြန်ခိုင်းတယ်ဖယ်ခုံကသူတို့မိဘတွေဆီကိုလည်းပေးမပြန်ဘူး
အဲ့တာနဲ့ဒေါသထွက်ပြီးအဲ့ဒီညသန်းခေါင်ကျော်မနက်၂နာရီခွဲလောက်ကြီးလူပျို၈ယောက်ထွက်ပြေးကြတယ”ဟုအဆိုပါစစ်တပ်နှင့်နီးစပ်သူတဦးက
ဧရာဝတီတိုင်းမ်ကိုပြောသည်အဆိုပါစစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက်ခမရ(၄၂၁)တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာအနှံအပြားသို့လိုက်လံရှာဖွေသော်လည်း
ပြန်လည်ဖမ်းဆီးရမိခြင်းမရှိဘဲထွက်ပြေးလွတ်မြောက်သွားကြောင်း၄င်းကဆိုသည်အဆိုပါဖယ်ခံအခြေစိုက်ခမရ(၄၂၁)တပ်ရင်းနှင့်ခမရ(၃၃၆)တပ်ရင်းတို့သည်
ကရင်နီပြည်နယ်လွိုင်ကော်ဒီးမော့ဆိုမြို့နယ်များအတွင်းတိုက်ပွဲနယ်မြေများတွင်ထိုးစစ်ဆင်နေသည့်တပ်ရင်းများဟုသိရပြီးထိခိုက်ကျဆုံးမှုများပြားနေကာ
ယမန်နေ့တိုက်ပွဲအတွင်းခမရ(၃၃၆)ကစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးဆုံးခဲ့ကြောင်းဒေသခံများ၏ပြောဆို ချက်များအရသိရသည်။ဓာတ်ပုံ-စစ်ဆင်ရေးထွက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
Credit to all