“လူထုတော်လှန်ရေး နဲ့ လက်နက်ကိုင်တော်လှန်ရေးတို့ တဖြေးဖြေးအတူတကွ ပေါင်းစပ်လာတဲ့စစ်ကိုင်းတိုင်း”

ဇေယျာတိုင်း၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်က ကျေးရွာတစ်ရွာမှာ ဇန်နဝါရီ (၁၂)ရက် မနေ့ကညနေပိုင်းက ဒေသခံ PDFတွေလုံခြုံရေးယူပေးပြီးသပိတ်ခေါင်းဆောင်တွေက အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲမှာ မိန့်ခွန်းပြောခဲ့ကြပါတယ် ။

 

 

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၀င် ကိုသန်းကျော်ဦးနဲ့ အဖွဲ့၀င်တွေက လူထုသပိတ်တိုက်ပွဲမှာ စကားပြောခဲ့ပြီးချောင်းဦး PDF နဲ့ မုံရွာ သံမဏီ PDF ရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ် ။

 

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလဲ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ညပိုင်း လူထုသပိတ်တိုက်ပွဲ တစ်ခုမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးအပြည့်ယူလျက် ပြည်သူလူထုက စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြခဲ့ကြပါတယ်။

 

 

ယခုအခါ လူထုတော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတို့ စစ်ကိုင်းတိုင်း မှား ပေါင်းစပ်လာကြောင်း တွေ့ရှိရပါတယ် ။

 

 

ဓာတ်ပုံ – ပုလဲမြို့နယ် နဲ့ ယင်းမာပင်မြို့နယ် တွေက လူထုဆန္ဒပြပွဲတစ်ခုမှာ လုံခြုံရေးအပြည့်ယူနေသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ

Credit to all

Be the first to comment

Leave a Reply

Your email address will not be published.


*