NUG က ဆေးရုံလေးရုံဖွင့်လှစ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

NUG က ဆေးရုံလေးရုံဖွင့်လှစ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေနဲ့ တိုက်နယ်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေ ဖွင့်လှစ်ထားရာမှာ လက်ရှိအချိန်ထိ ဆေးရုံ ၄ ရုံ ဖွင့် လှစ်ထားပြီးပြီဆိုတာနဲ့ ထပ်မံဖွင့်လှစ်မယ့် ဆေးရုံတွေလည်း ရှိနေသေးတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

“ပြီးခဲ့တဲ့ အပတ်ထဲမှာ စစ်ကိုင်းမှာတစ်ရုံ၊ မကွေးမှာတစ်ရုံ၊ ကရင်နီမှာ နှစ်ရုံ ဆရာတို့တွေ လုပ်ခဲ့တယ်။ အခု ကရင်တို့ မွန်တို့ဘက်မှာလည်း ဆက်ပြီးတော့ ဒါတွေကို ဖွင့်ဖို့ပြင်ဆင်နေတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ ကရင်နီပြည်၊ ချင်း၊ ကချင်၊ ကရင်ဒေသတွေမှာရှိတဲ့ ဆေရုံးအငယ်တွေကိုပြင်ဆင်ထားပြီး တိုက်နယ်ဆေးရုံတွေ မြို့နယ်ဆေးရုံတွေအဖြစ် ပြောင်းလဲပြီး ပစ္စည်းအစုံအလင်ထည့်ပြီးတော့ ဆေးရုံတွေဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။

SAC က ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် NUG အနေနဲ့ ဗုံးကြဲခံရတဲ့ ဆေးရုံတွေကို ပြုပြင်ပြီးတော့ လုံခြုံအောင်ပြုလုပ်ပြီး ဆေးရုံတွေပြန်ဖွင့်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆေးရုံတွေထဲမှာ ဗုံးခိုကျင်းတွေပါ ထည့်သွင်းတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံ ၃ ရုံ တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံ ၃ ရုံတည်ဆောက်နိုင်ရေးအတွက်ကိုတော့ ဩစတြေးလျရောက် မြန်မာအဖွဲ့အစည်း ၃ ဖွဲ့ကနေ အလှူငွေ လက်ခံတာ၊ ထပ်ဆင့်လွှဲပြောင်းတာတွေ လုပ်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ် စားလှယ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

Add a Comment

Your email address will not be published.