စစ်အာဏာသိမ်းပြီအခြေအနေကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို

စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို

စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆိုလိုက်သည်။

ဇန်နဝါရီ၁၅ရက် ၎င်းလူမှုကွန်ရက်တွင် ယခင်သမ္မတဦးသိန်းစိန်အစိုးရ ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကမြို့အုပ်မင်း ခေါင်းစဉ်ဖြင့်ရေးသားပြောဆိုခဲ့သည်။

“၂၀၁၆ ဧျပီ၊ မေ လမွာ မီးခဏခဏပျက်တော့ အင်န်အယ်လ်ဒီအစိုးရကို ကလိခဲ့ဖူးတဲ့ ကျွန်တော် ဟာ မီးပျက်တာအနည်းဆုံးလို့ ဆိုနိုင်တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလရောက်တော့ ပြန်ပြီး အားနာခဲ့ ဖူးတယ်။ အခုတော့ လ ျှပ်စစ်မီးအခြေအနေက ရန်ကုန်မြို့ကို A, B , C , D အုပ်စုတွေ ခွဲပြီး မီးပေးခဲ့ရဖူးတဲ့၊ အစိုးရ ရုံးတွေမှာ ရုံးဆင်းရင် မီးပိတ်ဖို့

စာတွေချိတ်ပြီး သတိပေးရ၊ မီးသုံးစွဲ မှု စနစ်တကျရှိမရှိ အဖွဲ့နဲ့လိုက်စစ်ရတဲ့ ၂၀၀၀ ပြည့်လွန် ကာလတွေကို ပြန်ရောက်တော့မယ့် ကိန်းဆိုက်နေပြီ။ ကျောက်ခေတ်လူသားတွေ မီးတန်ဖိုးကို သိသလို ရန်ကုန်သူ ရန်ကုန်သား ဟာ လည်း လ ွ်ပ္စစ္မီး တန်ဖိုးကို ကောင်းကောင်းသိနေပြီလေ”ဟုဆိုသည်။

ထို့အပြင် ဗဟိုဘဏ်ဒုဥက္ကဌ ပြောကြားချက်သည်လည်း မြေပြင်နှင့်ကင်းကွာနေကြောင်း ဦးရဲထွဋ်ကထောက်ပြထားသည်။

“ဗဟိုဘဏ် ဒုဥက္ကဋ္ဌကြီးဟာ တိုကင်ရဖို့ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိဖို့ ထက်ပိုခက်တဲ့အကြောင်း၊ တိုကင်ရရင်တောင် သိန်းနှစ်ဆယ် မဆိုထားနဲ့ ငါးသိန်းရရင် ထီ သိန်းငါးထောင်ဆုပေါက်သလို ကံထူးသူဖြစ်ကြောင်း၊

ဘဏ်ဝန်ထမ်းက ပြုံးပြီး ကြို တဲ့ ခေတ်ကနေ ကိုယ်က ဘဏ်ဝန်ထမ်းကို ပြုံးပြရတဲ့ခေတ်ကို ရောက်နေကြောင်း၊ ဘဏ်ထဲ မဝင်ခင် လုံခြုံရေးကို တိုကင်ရသူဖြစ်တယ်၊ ဒါမှမဟုတ် ငွေထုတ်တာမဟုတ်ဘဲ အျခား ဝန်ဆောင်မှု လာလုပ်တာဖြစ်တယ်လို့ သတင်းပို့နေရကြောင်း သိပုံမရဘူး”ဟု ဦးရဲထွဋ်ကရေးသားထားသည်။

သမ္မတဟောင်းဦးသိန်းစိန်၏ ပြောရေးဆိုခွင့်အပြည့်ရှိခဲ့သူ ဦးရဲထွဋ်သည် ယခင် ကလည်း ဘောင်းဘီပြင်သည် အလီကိုရေသားခဲ့ဖူးသည်။

Add a Comment

Your email address will not be published.