နားလည်မှုတွေအပြည့်ပေးတဲ့ မိဘနှစ်ပါးကို ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနည်းစာနဲ့ ရွှေလက်စွပ်လေးဆင်တူ လက်ဆောင်ပေးခဲ့တဲ့ မယ်လိုဒီခေါင်

အဆိုတော် မယ်လိုဒီခေါင်ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများလာခဲ့သူတစ်ယောက်ပါ။ အနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့ပြီဖြစ်တဲ့ မယ်လိုဒီခေါင်ဟာ ပရိသတ်ကြီးသိပြီးသားအတိုင်း Single Mom တစ်ယောက်အဖြစ်နဲ့ သားလေးကို ရင်အုပ်မကွာစောင့်ရှောက်ရင်း မိသားစုအတွက် အလုပ်တွေကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မယ်လိုဒီခေါင်က သူမမိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သူမရဲ့ချွေးနည်းစာလေးနဲ့ ရွှေလက်စွပ်လက်ဆောင်ပေးခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။

“Happy Blessed 39th Anniversary to Dad & Mom♥️♥️ ဒီနှစ် အဖေနဲ့အမေရဲ့ ၃၉နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာဆင်တူ ရွှေလက်စွပ်လေးတွေကို Melodyကြိုးစားအလုပ်လုပ်ထားတဲ့အထဲကငွေလေးနဲ့ဝယ်ပြီးဂုဏ်ပြုပေးဖြစ်ပါတယ် တန်ဖိုးအများကြီးမရှိပေမဲ့ အမှတ်တရလေးဖြစ်စေချင်လို့ပါ♥️♥️ ဘဝမှာ ဒီလိုမျိူးအထိမ်းအမှတ်လေးတွေလုပ်ပေးချင်ခဲ့တာကြာပါပြီ အခုမှအကောင်ထည်ဖော်ဖြစ်တယ် နောက်နှစ်ပိုပြီးကြီးကျယ်ခမ်းနားတာလေးလုပ်ပေးနိုင်အောင် ဒီထက်ကြိုးစားရဦးမယ်🥰🥰 အဖေနဲ့အမေ့အပေါ် ကျန်းမာခြင်း အသက်ရှည်ခြင်း ငြိမ်သက်ခြင်း ဘုရားကောင်းကြီးများစွာပြည့်လျှံပါစေ♥️♥️ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မယ်လိုဒီခေါင်ကတော့ သူမနဲ့ သူမရဲ့သားလေးအပေါ် နားလည်မှုအပြည့်ပေးပြီး မေတ္တာတွေနဲ့ စောင့်ရှောက်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနည်းစာနဲ့ ရွှေလက်စွပ်လေးဆင်တူ လက်ဆောင်ပေးခဲ့တာ လေးစားအားကျဖွယ်ရာပါပဲနော်။

Source: Melody Khong’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.