စိတ်ရောကိုယ်ပါမကျန်းမာပေမယ့် စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အစားအစာ၊ ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တယ်ဆိုတဲ့ မအေးသောင်း

မအေးသောင်းကတော့ လူလေးလှသလို စိတ်ထားလေးလည်း လှပသူတစ်ယောက်အဖြစ် ပရိသတ်တွေကြားထဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ပြီး (၅၀၅) က နဲ့တရားစွဲဆိုခံခဲ့ရတဲ့ မအေးသောင်းက လက်တလောမှာတော့ ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း အိမ်နဲ့အဝေးတစ်နေရာကိုရောက်ရှိနေတဲ့ မအေးသောင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးဖြစ်နေတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ကျမကိုယ်တိုင်တော့ ဒီရက်ပိုင်းနေလို့သိပ်မကောင်းပါဘူးPhysically ရော Mentally ရောပေါ့။ ထားပါတော့ ကိုယ်ရေးကိုယ်တာကိစ္စဘာညာပေါ့။ တကယ်က ဘဝမှာအရေးကြီးတဲ့အရာတွေ ဦးစားပေးသင့်တဲ့အရာတွေက အသက်ပေါ်မူတည်ပြီးပြောင်းလဲတတ်ကြတာ ဒီရက်ပိုင်းပိုသတိထားမိလာတယ်။ သိတဲ့အတိုင်းပဲ ဒီရက်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဘူး။ သူတို့နေတဲ့မြို့လေးကနေ တခြားတနယ်တကျေးပြောင်းရတာ ဘယ်လွယ်ပါ့မလဲ။ ရိုးရိုးပြောင်းရွေ့ရတာလည်းမဟုတ်တော့ အေးအေးဆေးဆေးလိုတာလေးတွေစဉ်းစားပြီးကောက်ထည့်လို့ရတာလဲမဟုတ်တော့ လိုအပ်တာတွေအများကြီးရှိနေကြမှာပါပဲ။ ”

“လက်ခံပေးကြတဲ့မြို့ရွာ အသီးသီးကလည်း ကူညီကြတယ်လို့သိရတော့ပီတိဖြစ်ရတယ်။ ကျမကတော့ ကျန်းမာရေးလည်းဂရုစိုက်စေချင်တာရယ်ကြောင့် Covid Test Kit တွေရယ် အစားအစာအတွက်အဓိကဖြစ်တဲ့ ဆန် ဆီ ဆား အာလူး ပေါ့။ လှူနိုင်သလောက်လှူဖြစ်တယ်။ ပုံတွေဘာတွေကတော့လည်းတင်စရာမလိုပါဘူးလေ။ စစ်ဘေးရှောင်တဲ့အထဲမှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေတောင်အများကြီးပါပါတယ်။ ကိုယ့်ထက်ပညာတတ်တဲ့သူ အသက်အရွယ်ကြီးတဲ့သူ။ ဘာပဲဖြစ်ဖြစ် ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းမှာ ကျမတို့တွေနေထိုင်တယ်။ အဓိကက တကယ်လိုအပ်တဲ့နေရာမှာ ကျမလှူခွင့်ရချင်တယ် ဘဝက ခဏလေးပါ ပေးသောလက်ပဲ အမြဲဖြစ်ရပါလို၏ 🙏🙏🙏 ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

မအေးသောင်းကတော့ လူဖြစ်ရတဲ့ဘဝခဏတာမှာ အများကောင်းကျိုးကိုသာ ဖန်တီးပေးလိုပြီး ပေးသက်လေပဲ အမြဲဖြစ်ချင်တဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ မအေးသောင်းတစ်ယောက် တောင်းနဲ့ဆုနဲ့ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေနော်။

Source: Aye Thaung’s fb

Add a Comment

Your email address will not be published.