မင်္ဂလာလက်ဆောင်အဖြစ် တန်ဖိုးထားရတဲ့ ဆွဲကြိုးနဲ့နားကပ်ကိုရောင်းချပြီး လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းသွားမယ့် ဇာဏ်ခီနဲ့ ခရစ္စတီးနားခီ

သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ကတော့ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူတဲ့ ဇနီးမောင်နှံတွေအဖြစ် ပရိသတ်တွေကြားမှာ အားကျရတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်လာရင် ပရိသတ်တွေန်ဖိုးထားရသလို စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ရင်လည်း လေးစားရတဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့က ဒီကနေ့မှာတော့ သူတို့ဇနီးမောင်နှံ တန်ဖိုးထားရတဲ့ မင်္ဂလာလက်ဆောင်လေးကို မဲလက်မှတ်နဲ့ရောင်းချပြီး တိုင်းပြည်အတွက် လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းသွားမယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ကိုဇဏ်က ခရစ္စကို မင်္ဂလာသက်တမ်း ၁၃နှစ်မြောက်မှာ surprise လက်ဆောင်လေးအနေနဲ့ အခုပုံထဲမှာဝတ်ပြထားတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေးပေးခဲ့ပါတယ်။ Fundraising လုပ်ဖို့ပစ္စည်းလေးတွေစဉ်းစားလိုက်တဲ့အခါမှာ အဲဒီ့ပစ္စည်းလေးနဲ့စလုပ်ချင်တယ်လို့ခရစ္စက ကိုဇဏ်ကိုပြောပြပြီးခွင့်တောင်းလိုက်တော့ သူကလည်းကြည်ကြည်ဖြူဖြူပဲလုပ်ပါလို့ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ အင်အားကြီးတဲ့ခွန်အားတခုဖြစ်စေတယ်လို့ ကိုဇဏ်နဲ့ခရစ္စကတော့ယုံကြည်ပါတယ်။ ဒီချစ်ခြင်းမေတ္တာတွေအပြည့်ပါတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကို နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာမျှဝေပေးချင်ပါတယ်။ ကိုဇဏ်နဲ့ခရစ္စတို့နဲ့အတူတူမျှဝေကြဖို့လည်းဖိတ်ခေါ်ပါတယ်။ အားလုံး Good Luckပါ!!😘

🌸Fundraising item ကတော့ 18K 3 color (yellow, white & pink gold) လည်ဆွဲတကုံးနဲ့ နားဆွဲတရံပါ။🌸 ✅Fundraising ticket တွေကိုအခုကစပြီးရောင်းချပေးမှာပါ။ လက်မှတ်ရောင်းချချိန်ကို ၁၅.၁.၂၀၂၂ စနေနေ့မှ ၁၉.၁.၂၀၂၂ အထိရောင်းချပေးသွားပါမယ်။လက်မှတ်များဝယ်ယူချင်ရင်တော့ Chat Box မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။ 🌟နိုင်ငံအလိုက်လက်မှတ်ဈေးနှုန်းများ..မြန်မာ – 10,000 MMK၊ US – 6 USD ၊ Thai – 200 Baht၊ Singapore – 10 SGD၊ Korea – 7,000 Won *(အခြားနိုင်ငံတစ်ခုခုဆိုရင်လက်မှတ်တစ်စောင်ကို 6 USD ပါ။)* 🙏Volunteer အခက်ခဲကြောင့် လက်မှတ်ဝယ်ယူဖို့အတွက်သာ Chat Box မှာမေးမြန်းပေးဖို့ မေတ္တာရပ်ခံပါတယ်နော်)🙏🙏🙏” ဆိုပြီး ခရစ္စတီးနားခီက သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ပြောလာပါတယ်။

ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ကတော့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ (၁၃) နှစ်ပြည့်အမှတ်တရ လက်ဆောင်လေးကို မဲလက်မှတ်နဲ့ရောင်းချပြီး တိုင်းပြည်အတွက် လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

Source: Zenn Kyi Christina Kyi Charity Page’s fb

Add a Comment

Your email address will not be published.