စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်ဟင်းချက်ကျွေးပြီး ချစ်ခြင်းမေတ္တာတွေပြသခဲ့တဲ့ ချစ်သုဝေ

ချစ်စရာကောင်းတဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေး ချစ်သုဝေကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ တရားသောဓမ္မဘက်ကနေ ရပ်တည်ခဲ့တာကြောင့် စကစရဲ့ မတရားအမှုဖွင့် ဝရမ်းထုတ်ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း မှန်ကန်တဲ့ဘက်မှာရဲရဲဝံ့ဝံ့ရပ်တည်ပြီး မိသားစုနဲ့ တကွဲတပြား အိမ်နဲ့အဝေးတစ်နေရာကိုရောက်ရှိနေတဲ့ ချစ်သုဝေဟာ လွတ်မြောက်ရာနယ်မြေဒေသတစ်ခုမှာ ခိုလှုံနေရတာပဲဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာပစ္စည်းလေးတွေရောင်းချပြီး အလှူငွေတွေ လှူဒါန်းပေးနေတဲ့ ချစ်သုဝေက ဒီတစ်ခါမှာလည်း စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်တိုင်ဟင်းချက်ကျွေးခဲ့ပါတယ်။ ချစ်သုဝေက ကိုယ်တိုင်ကြက်ကြော်ကြော်ကျွေးရင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် သူမရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ပါတယ်။

ချစ်သုဝေကတော့ ပြည်သူထဲကပြည်သူတစ်ယောက်ပီပီ အခုလို တစ်နိုင်ငံလုံး ဒုက္ခကြုံနေရချိန်မှာ သူမတတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးနေတာပဲဖြစ်ပါတယ်။ မေတ္တာရှင်မလေး ချစ်သုဝေလည်း ဘေးကင်းပါစေနော်။

Source: chit thu wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.