ရေမွန်ချစ်တဲ့ လွိုင်ကော်မြို့လေးရဲ့ လက်ရှိအခြေအနေကို ရေမွန်တစ်ယောက်သိမသွားရရှာဘူးဆိုတဲ့ နိုဗန်ထူး

အဆိုတော် နိုဗန်ထူးကတော့ The Voice Myanmar Season (2) သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေပြီး လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ တော်လှန်ရေးအတွက် ပြည်သူတွေလေးစားရတဲ့ သူရဲကောင်းအဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ နိုဗန်ထူးက သူ့လိုပဲ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ရင်း ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ရေမွန်ကိုသတိရကြောင်းပြောလာပါတယ်။

နိုဗန်ထူးက “လွိုင်ကော်မြို့လေး တော်တော်လှတဲ့ အကြောင်း ထပ်ပြောဖို့ သူမရှိတော့ဘူး။လွိုင်ကော်မြို့လေးလည်း ေ-ွးအလိမ်းလိမ်းနဲ့ မလှပတော့ဘူး။ အာဏာရှင်ကို ဆက်တွန်းလှန် ဆက်ရုန်းကန်နေကြတုန်းဘဲ ဘပီ” ဆိုပြီး လွိုင်ကော်မြို့လေးကိုချစ်တဲ့ ဘပီတစ်ယောက် အခုလက်ရှိ စစ်အာဏာရှင်လက်အောက်ရောက်ရှိပြီး ပျက်စီးသွားခဲ့ရတာမသိသွားရကြောင်း ဝမ်းနည်းစွာနဲ့ ပြောလာတာပဲဖြစ်ပါတယ်။

နိုဗန်ထူးကတော့ လွိုင်ကော်မြို့လေးကိုချစ်တဲ့ ရေမွန်တစ်ယောက် လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းတွေကို မသိသွားရရှာတာကို ဝမ်းနည်းစွာနဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Novem Htoo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*