မိန်းမ(၈)ယောက်ယူထားပြီး တစ်အိမ်ထဲအတူတူနေတည့်အောင်ထားနိုင်လို့ ချီးကျူးခံနေရတဲ့ အမျိုးသား

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Nattapong ဆိုတဲ့ အမျိုးသားတစ်ဦးဟာ မိန်းမ(၈)ယောက်ယူထားပြီး တစ်အိမ်ထဲမှာ အားလုံးအတူတူနေကြတယ်ဆိုတဲ့ သတင်းဟာ နာမည်ကြီးနေပါတယ်။

“ မုန့်ကိုဘဲဝေစားမယ် ၊ အချစ်ကိုတော့ဝေမစားနိုင်ဘူး “ လို့ဆိုရိုးစကားရှိပေမယ့် လင်ကိုချစ်တော့လည်း တစ်ယောက်ကနေ နှစ်ယောက် ၊ နှစ်ယောက်ကနေ သုံးယောက် ၊ နောက်ဆုံး မဟေသီတွေ ဘယ်လက်ရုံး ညာလက်ရုံး ၈ ယောက်နဲ့ပေါင်းသင်းနေထိုင်တဲ့ထိုင်းက အထက်ဂိုဏ်းဆေးမှင်ကြောင်ထိုးဆရာရဲ့ကုသိုလ်ထူးကအံ့မခန်းပါဘဲဗျာ 😁

မိန်းမကြီးက သဘောထားကြီးတာလဲပါ၏ ။ ( မေတ္တာရှင်ကြီးပေါ့ 🤪🤪)

လင်ကိုမြေတောင်မြှောက်ပေးသူကြီးပေါ့ 😫


အိပ်ခန်းတစ်ခန်းမှာ ၂ ယောက်စီထားပြီး နံပါတ် ၁ မမကြီး ကနေစီရီးဆွဲချလိုက်တာအလှည့်ကျ ၈ ယောက်ကို အလှည့်မကျော်ဘဲ ကလင်ဒါကျအတိုင်းအိပ်ရပါတယ်ဆိုဘဲ ၊

ကျွန်တော်ကသူတို့အားလုံးကို အာဏာနဲ့ပေါင်းသင်းတာမဟုတ်သလို ကျွန်တော့်နှလုံးသားနဲ့သူတို့ရဲ့သဘောတူညီချက်တွေနဲ့အိမ်မှာ ချသ်ချစ်ခင်ခင်နဲ့ အချစ်ထက်နားလည်မှုကိုဦးစားပေးပေါင်းသင်းနေထိုင်ကြတာပါ ။

သူတို့ညီအမ ၈ ယောက်စလုံး စကားများကြတာ ၊ ရန်ဖြစ်ကြတာမရှိကြပါဘူး ၊ တစ်ခါမှလည်းမရှိခဲ့ပါဘူး ၊ ။ အလုပ်ကိုယ်စီခွဲခြမ်းလုပ်ကိုင်ကြတော့မပင်ပန်းကြတော့ဘူး ။

သူ့မိန်းမတွေထဲမှာ သူနာပြုနာစ်မလည်းပါသလို အားလုံးကို Fb , Tiktok , IG လူမှုကွန်ယက်မှာတွေ့ခဲ့သလို ခရီးသွားရင်းတွေ့ခဲ့သူတွေကို ချစ်ကြောင်းကြိုက်ကြောင်း မယားကြီးကိုသတင်းပို့လိုက်တာနဲ့ မိန်းမချင်းသူကဘဲစေ့စပ်ဆက်သွယ်ပေးတယ် ။

Nattapong ဟာ မိန်းမရှစ်ယောက်နဲ့အတူ Aongdam Family လို့နာမည်ပေးထားပြီး ပျော်ရွှင်စွာအတူတူနေထိုင်ကြတယ်လို့သိရပါတယ်။

အမျိုးသမီးရှစ်ဦးထဲမှာ နှစ်ဦးဟာ Nattapong ရဲ့ ကိုယ်ဝန်ကိုလွယ်ထားကြပြီး သူတို့နှစ်ဦးဟာ အတူတူ ဆေးရုံကိုသွားပြီး ကိုယ်ဝန်ပြကြတယ်လို့ သိရပါတယ်။

ထိုင်းတွေကတော့ ၄င်းအမျိုးသားကို အပြစ်တင်ပြောဆိုတာတွေမရှိကြပဲ အားလုံးတည့်အောင် အတူတူနေနိုင်တာကိုချီးကျူးပြောဆိုနေကြပါတယ်။

Nattapong ဟာ ဘိုးတော်ဆေးဆရာ တစ်ဦးဖြစ်ပြီး ထိုင်းအမျိုးသားတွေက ၄င်းမှာဆေးစွမ်းကောင်းတစ်ခု ရှိမယ်လို့ ယုံကြည်နေကြပါတယ်….

#ChanNyeinSoe #ideainbangkok #Nattapong #Thailand #Bangkok

#SiThuMaung #မဟေသီ၈ပါး

Be the first to comment

Leave a Reply

Your email address will not be published.


*