ရုတ်တရက် လေဖြတ်လျှင် ချက်ချင်း အကောင်းပကတိ ဖြစ်အောင် ပြုစုကုသနည်း

ရုတ်တရက် လေဖြတ်လျှင် ချက်ချင်း အကောင်းပကတိ ဖြစ်အောင် ပြုစုကုသနည်း

လေရောဂါသည် အသက် (၄၀) နှင့် (၆၀) ကြား အဖြစ်များပါသည်။

အအေးများရာက လေ အထက်သို့ ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ ခြေထောက်ဆာ၊ ခြေလက်တို့ လှုပ် မရအောင် ဖြစ်တတ်ပါသည်။

ရုတ်တရက် လေမိသူကို ယခု တင်ပြမည့် နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည် ဆိုလျှင် ပျောက်ကင်း သက်သာမှုကို ရရှိစေပြီး လွယ်ကူစွာ ရှင်းရှင်း ပြတ်အောင် သက်သာ ပျောက်ကင်းစေပါသည်။

နှိပ်ကွက် (၁)

ခြေမျက်စိနှင့် နောက်တွင် ကပ်နေသော သွေးပြန်ကြောကို ခပ်နာနာလေး နှိပ်ပေးပါ။

နှိပ်ကွက် (၂)

ခြေဖဝါး အလယ် ဘေးသားက အကြောကို ကျေညက်အောင် နှိပ် ချေပေးပါ။

နှိပ်ကွက် (၃)

ဒူးဆစ် အောက်မှာ ရှိတဲ့ ခြေ တံကောက်ကြောကို နှိပ် ချေပေးပါ။

နှိပ်ကွက် (၄)

ပေါင်တွင်းကြောကို ကြိတ်ချေပြီး နှိပ်ပေးပါ။

အဲ့လိုနှိပ်ကွက် လေးကွက်နဲ့ အချိန် မဆိုင်းပါဘဲ ဝိုင်းဝန်း နှိပ်ပေး လိုက်မယ်ဆိုရင် လေမိသူဟာ သတိလစ်မလို ဖြစ်နေရာက အာလေး လျှာလေးတာတွေ လျော့ကျသွားပြီး မကြာခင် သတိလည်ကာ လူကောင်းလို စကားပြန် ပြောနိုင်မှာ ဖြစ်ပါတယ်။

ပြုစု ကုသနည်းမှာ သမားတော်ကြီး ဣစ္ဆာသယ ဦးမောင်မောင်၏ နည်းဖြစ်ပါသည်။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်၊ မြင့်မြတ်ထွန်းက စိတ်ဝင်စားဖွယ် ရေးသားထားပြီး မကြာမီကပင် လေဖြတ်သလို ဖြစ်၍ ပါးရွဲ့ခြေလက် လှုပ်မရသူ မိတ်ဆွေတစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက် နေရာလေးများအား နှိပ်ပေးပါရန် အကြံပေးလေရာ

(၃) ရက် အကြာတွင် အကောင်းပကတိ ဖြစ်ခဲ့သည်မို့ အဖြစ် များလှသော လေဖြတ် လေဖြန်းရောဂါများ ကြုံခဲ့ ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့် မျှဝေ လိုက်ပါသည်။

လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေ…။

Credit ….ရဲမျိုးသူ (ဗောဓိမြိုင်)

Add a Comment

Your email address will not be published.