ဖော က်ခွဲရေးပရောဂျက်အသစ်ကိုအသ.က်နဲ့ရ င်းတီထွင်ပေးခဲ့တဲ့KNDFမို.င်းတပ်သား

ဖော.က်ခွဲရေးပရောဂျက်အသစ်ကိုအသ.က်နဲ့ရင်းတီထွင်ပေးခဲ့တဲ့KNDFမို.င်းတပ်သား

တို.က်ပွဲတွေပြင်းထန်နေတဲ့ကရင်နီပြည်(ကယား)မှာလွိုင်ကော်မြို့ပေါ်အထိတို.က်ပွဲတွေဖြစ်လာနေတဲ့ရက်ပိုင်းအတွင်းမှာပဲဒေသခံပူးပေါင်းတပ်တွေထဲက

တော်လှန်ရေးရဲဘော်တွေကျဆုံးနေခဲ့ရတာ၁၀ဦးဝန်းကျင်အထိရှိလာနေပါတယ်ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDFဖယ်ခုံဇုန်တပ်ရင်းKNDFB03က

မို.င်းတပ်သားရဲဘော်မိုးစက်လည်းကျဆုံးခဲ့သူတွေထဲပါဝင်ခဲ့ပါတယ်KNDFမိုင်းတပ်သား ရဲဘော်မောင်ရာဇာ(ခ)မိုးစက်ဟာလွိုင်ကော်မြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်လာနေခဲ့တဲ့

၃ရက်မြောက်နေ့ဇန်နဝါရီလ၉ရက်ကမိုင်းထိမှန်ကျဆုံးခဲ့တာဖြစ်ပါတယ်လွိုင်ကော်မြို့ပေါ်ကပြင်းထန်နေတဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးပ.စ်ကူ

လေကြောင်းပ.စ်ကူတွေအပြင်မြေပြင်မှာလည်းအင်အားအများအပြားနဲ့စစ်ကြောင်းထိုးတိုက်ခိုက်နေပါတယ်မြေပြင်ကနေထိုးစစ်ဆင်ချီတက်လာတဲ့စစ်ကြောင်းတွေကို

ဖြိုခွင်းပြီးအင်အားချိနှဲ့လာအောင်ဖရိုဖယဲဖြစ်အောင်ရှေ့လားရာပစ်မှတ်တွေဆီရောက်မလာနိုင်အောင်ဟန့်တားရာမှာမို.င်းထော.င်ဖော.က်ခွဲရေးမစ်ရှင်ဟာလည်း

ပြောက်ကျားတော်လှန်ရေးမှာလွန်စွာအရေးပါနေပါတယ်ဒါကြောင့်မို.င်းတပ်သားရဲဘော်မိုးဇက်ဟာပြင်းထန်နေတဲ့ တိုက်ပွဲအတွက် ပိုမိုထိရောက်တဲ့ မို.င်းဖော.က်ခွဲရေးပရောက်ဂျက်အသစ်တစ်ခုကိုတီထွင် လုပ်ဆောင်ခဲ့ပါတယ်။

တကယ်တော့အဲဒီနေ့ကတိုက်ပွဲမှာသူကမစ်ရှင်ရှိတာမျိုးတော့မဟုတ်ဘူးမိုင်းဌာနမှာရှိတဲ့သူတွေကတိုက်ပွဲရှိရှိမရှိရှိမို.င်းနဲ့ပတ်သက်တဲ့ဖော.က်ခွဲရေးပစ္စည်းတွေကိုအမြဲတမ်းစမ်းသပ်‌နေရတယ်

အဲဒီလိုလုပ်ရတာကည်းကျွန်မတို့ကခေတ်မီပစ္စည်းတွေကိုဝယ်ဖို့မတတ်နိုင်လို့လေ”လို့KNDFပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲဒီနေ့ကမို.င်းတပ်သားမိုးစက်ရဲ့ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်နေတဲ့မို.င်းအသစ်တီထွင်မှုဟာအောင်မြင်ခဲ့ပေမယ့်ရဲဘော်မိုးစက်ကတော့

မို.င်းမတော်တဆပေါ.က်ကွဲမှုကြောင့် ဇန်နဝါရီလ ၉ ရက်ည၇နာရီခွဲအချိန်မှာကျဆုံးသွားခဲ့ရပါတယ်။ကျဆုံးသွားချိန်မှာ

အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ရဲဘော်မိုးစက်ဟာ ၂၀၂၁ခုနှစ်ဇွန်လထဲမှာကရင်နီအမျိုးသားကာကွယ်ရေးတပ်ကိုရောက်ရှိလာပြီးဖော.က်ခွဲရေးပိုင်းမှာ ဝင်ရောက် တာဝန်ယူ နေခဲ့တာပါ ။

လူငယ်ပီပီတက်ကြွပြီးရှေ့တန်းမှာကိုယ်တိုင်လိုက်ပါ ဖော.က်ခွဲမှုတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီရဲ့ မိုင်တဲတာဝါတိုင်တွေကိုလည်း ဖြိုချခဲ့ပါတယ်။

အသက်မဆုံးပါးသွားတိုင်ခင်နောက်ဆုံးအချိန်အထိရဲဘော်မိုးစက်ဟာဖောက်ခွဲရေးမစ်ရှင်အသစ်တစ်ခုကိုကိုယ်တိုင်ရေးဆွဲခဲ့တာဖြစ်ပြီး

စမ်းသပ်မှုအောင်မြင်ခဲ့ပေမယ့်ပေးဆပ်လိုက်ရမှုကကြီးမားခဲ့တာလည်းဖြစ်ပါတယ်။”ကျွန်မတို့တပ်ရင်းကပြုလုပ်တဲ့မစ်ရှင်မှန်သမျှတိုင်းကအောင်မြင်ခဲ့တယ်။

တာဝါတိုင်တွေ၊အဲဒါနဲ့စပ်ဆက်တဲ့ထရန်စဖော်မာတွေဖျက်ဆီးတာတွေအကုန်သူပါဝင်လုပ်ဆောင်ခဲ့တယ်အခုဒီပရောဂျက်ကလည်းသူပဲရေးဆွဲခဲ့တာ။ စမ်းသပ်တာအောင်မြင်တယ်။

ဒါပေမဲ့ သူကတော့ သူ့စမ်းသပ်ချက်မှာပဲ အသက်ပေးခဲ့ရတယ် ” လို့ KNDF တာဝန်ခံက ပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့အာဏာကို

မတရားရယူ သိမ်းပိုက်ခဲ့တဲ့ ဖေဖော်ဝါရီလထဲက
ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာပါဝင်ပြီးနောက်ဆုံးတော်လှန်ရေးရဲဘော်အဖြစ်နဲ့အသက်ပေးဆပ်သွားတဲ့

ရဲဘော်မိုးစက်ဟာမိသားစုဝင်တွေထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။ကရင်နီလူမျိုးတွေရဲ့ ဓလေ့အစဥ်အလာတွေအရ သားအကြီးတွေဟာ မိဘတွေကို ပြန်လုပ်ကျွေးရပြီး

မိဘတွေနားကစွန့်ခွာသွားကြလေ့မရှိတတ်ကြပါဘူးဒါပေမယ့်ရဲဘော်မိုးစက်ကတော့မိဘတွေနဲ့ဝေးရာတောတောင်တွေကြားမှာတော်လှန်ရေးအတွက်လုပ်ဆောင်ပေးခဲ့ကာ

နိုင်ငံနဲ့လူမျိုးအတွက်အသက်နဲ့ရင်းပြီးအလုပ်အကျွေးပြုခဲ့ပါတယ်။“ ကျွန်မတို့လူမျိုးတွေရဲ့ ဓလေ့အရသားအကြီးတွေကမိဘတွေကိုပြန်ကြည့်ရတယ်။

မိဘတွေကိုစွန့်ခွာလို့မရဘူးသူကတော့မိဘကိုစွန့်ခွာပြီးဒီကိုရောက်လာခဲ့တယ်တော်လှန်ရေးအောင်ရမယ်တော်လှန်ရေးအောင်ပြီးရင်မိဘတွေနဲ့ပြန်နေရမယ်ဆိုပြီး

သူ့သူငယ်ချင်းတွေကို ပြောဖူးတယ်” လို့ ရဲဘော်မိုးစက်နဲ့နီးစပ်သူတစ်ဦးက ရဲ​ဘော်မိုးစက်ရဲ့ ခံယူချက်ကို ပြောပြပါတယ်။

KNDF မိုင်းတပ်သား ရဲဘော်မိုးစက်ရဲ့ မိုင်းဖောက်ခွဲရေး အစီအစဥ်တွေ နဲ့ တီထွင်မှုတွေဟာ အောင်မြင်မှုများခဲ့ပါတယ်။

တော်လှန်ရေးရဲဘော်တွေအတွက်လည်း သူ့ရဲ့မိုင်းဖောက်ခွဲရေး ဆောင်ရွက်ချက်နဲ့ တီထွင်မှုတွေက များစွာအထောက်အကူ ပြုခဲ့ပါတယ်။

တော်လှန်ရေးမှာ ရဲဘော် မိုးစက်လုပ်ဆောင်ခဲ့တဲ့ အရာတွေအားလုံးကိုတပ်ရင်းကမှတ်တမ်းတင်ထားပြီးသူရဲကောင်းတစ်ဦးအဖြစ်အသိမှတ်ပြုသွားမှာ

ဖြစ်ကြောင်းနဲ့သူရဲကောင်းတစ်ဦးရဲ့ကျဆုံးမှုအတွက်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှလည်းကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း

ရဲဘော်မိုးစက်ရဲ့ စျာပန အခမ်းအနားပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံတွေနဲ့ KNDF B-03တပ်ရင်းက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မိုင်းတပ်သား ရဲဘော်မိုးစက်ရဲ့ နောက်ဆုံးခရီးကို
လုပ်ဖော်ကိုင်ဖက် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတချို့က

လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီးကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*