များပြားလှတဲ့ ရှမ်းနံနံစားခြင်းရဲ့ အကျိုးကျေးဇူးများ မကြိုက်သူတေတောင်အနည်းအကျဥ်းတော့စားသင့်တယ်နော်

သွေးတိုးကျစေတယ် ဆီးချိုကိုလဲကျစေတယ် အစာမကျေ ရင်ပြည့်ရင်ကယ် ဝမ်းပျက်ဝမ်းလျော ဗိုက်အောင့်ဗိုက်နာ သန်ထခြင်း ခါးကိုက်

နားကိုက်ခေါင်းကိုက်ခြင်း အဖျား ငှက်ဖျား ကိုယ်လက်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

အင်းဆက်ကိုက်လျှင်ပွတ်ချေလိမ်းပေးပါကအဆိပ်မတက်ပါအိန္ဒိ ယဆေးကျမ်းမှ ဆေးဖက်ဝင်တဲ့ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ ရှမ်းနံနံ

သာပြောရတယ် ရှမ်းတွေပဲစားကြတဲ့ဟင်းခတ် မဟုတ်ပါဘူး။မွန်ဟင်းတွေမှာလည်း ပါတယ် ရခိုင်ဟင်းတွေမှာလည်း ပါတယ်၊ မြန်မာဟင်း

တွေမှာလည်း ပါတယ် မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်

အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့်ကျိုက်ထီးရိုးတောင်ပေါ်မှာစားခဲ့ရတဲ့မုန့်ဟင်းခါးမှာရှမ်းနံနံ တွေနိုင်းချင်း ထည့်စားကြတာတွေ့ဖူးတယ်။

ရှမ်းနံနံကအစိမ်းပဲစားစား ဟင်းထဲပဲ ခတ်ခတ်အညှီပျောက်တယ် ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။ အစကတော့မြန်မာမှာပဲသုံးကြတယ်

ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့်သူ့အကြောင်းရှာကြည့် လိုက်တော့မှမက္ကဆီကိုနဲ့တောင်အမေရိကရော ကာရေးဘီးယား လက်တင်အမေရိကတို့မှာပါ အသုံးများတာ သိလိုက်ရတယ်။

ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ် အစာကြေတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်

အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ ကိုရီးယား ဗီယက်နမ်နဲ့ထိုင်းမှာလည်း စားသုံးကြပါတယ်။ထိုင်းဟင်း လျာတွေမှာဆို နံနံပင်

အမြစ် ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ပန်းနာရင်ကျပ်ဗိုက်

အောင့်ခြင်း နားကိုက်ဝေဒနာ အစာ ခြေစနစ်ပြဿနာတွေသန်ထတာ ဝမ်းပျက်တာအင်းဆက်အကိုက် ခံရတာ အဖျားတက်တာ ငှက်ဖျားရောဂါတို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲဆိုတော့မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်

သွေးတိုးကျစေတယ် ပန်းနာရင်ကျပ်ကို သက်သာစေတယ် အရောင်ကျစေတယ် နာကျင်တာ ရောင်ရမ်းတာ အဆစ်နာရောဂါတွေကိုသက်သာစေတယ်အကိုက်အခဲပျောက်စေတယ်။

trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ် နားကိုက်တာ ဗိုက်အောင့်တာ ခေါင်းကိုက်တာတွေ

အတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။ ဆီးချိုကျစေတယ် ဝမ်းချုပ်ခြင်းကို သက်သာစေတယ် အဖျားကျစေတယ်

ပျို့အန်ခြင်း ဝမ်းပျက်ခြင်း အအေးမိခြင်း နမိုးနီးယား ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက်ရှမ်းနံနံကို အသုံး ပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကိုကြိတ်ခြေပြီးလိမ်းပေးသက်သာ တယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း

အများကြီးရှိသေးတယ်ဆိုပေမယ့်ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။ဈေးမှာ ပေါတော့ ဝယ်ရလည်းလွယ်တယ်။အိမ်မှာစိုက်

ချင်လည်းအရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲ ထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ ရတာပေါ့။

credit all

Add a Comment

Your email address will not be published.