လုပ်ကြံသတင်းတွေကြောင့် ပြည်သူတွေအသိအမြင်မှားပြီးညီညွတ်မှုပြိုကွဲနေတယ်လို့ မင်းအောင်လှိုင်ပြေ

လုပ်ကြံသတင်းတွေနဲ့ NUG၊ CRPH၊ PDF တို့ရဲ့ သွေးဆောင်မှုတွေကြောင့် ပြည်သူတွေ အသိအမြင်မှားပြီး ညီညွှတ်မှုပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေတယ်လို့ မင်းအောင်လှိုင်ပြော

လုပ်ကြံသတင်းတွေနဲ့ NUG၊ CRPH၊ PDF တို့ရဲ့ သွေးဆောင်စည်းရုံးမှုတွေကြောင့် ပြည်သူတွေ အသိအမြင်မှားပြီး ညီညွတ်မှုပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေတယ်လို့ မင်းအောင်လှိုင်က ပြောကြားပါတယ်။

ဒီနေ့ ဇန်ဝါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ သဘောထားကွဲလွဲနေတဲ့ တချို့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ NUG၊ CRPH၊ PDF တို့ရဲ့ စည်းရုံးမှုတွေနဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ ညီညွှတ်မှုပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေရတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

အဲ့ဒီအခြေအနေတွေကြောင့် နိုင်ငံတော်ကောင်းကျိုးကို လုပ်ဆောင်နိုင်မှာ မဟုတ်သလို နိုင်ငံတော်နဲ့ ပြည်သူတွေ အာလုံးအတွက် အန္တရာယ်ဖြစ်စေတာကြောင့် သတိထားဆင်ခြင်ကြဖို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။

ပြည်သူအားလုံးရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် တပ်မတော်နဲ့အတူ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကပါ ပူးပေါင်းပါဝင်မှ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

Add a Comment

Your email address will not be published.