ငယ်ငယ်ကတည်းက သူတစ်ပါးအပေါ်သည်းခံတတ်အောင် သွန်သင်ပေးခဲ့တဲ့ အမေ့ရဲ့ကျေးဇူးကို သိတတ်နားလည်ခဲ့ပြီဆိုတဲ့ ခင်ရတနာစိုး

The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ လူသိများတဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုးကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် အခုဆိုရင် သူမဝါသနာပါမြတ်နိုးတဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အမေများနေ့မှာလည်း ခင်ရတနာစိုးက ငယ်ငယ်ကတည်းက သူတစ်ပါးအပေါ်သည်းခံတတ်အောင် သွန်သင်ပေးခဲ့တဲ့ အမေ့ရဲ့ကျေးဇူးကို သိတတ်နားလည်ခဲ့ပြီဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ငယ်ငယ်ထဲက အမေကဘယ်ကလေးနဲ့ရန်ဖြစ်ဖြစ် ကိုယ်မှန်လည်းကိုယ့်ကိုပဲရိုက်ခဲ့တာ။ အမြဲအနိုင်ကျင့်ခံရလည်း အမေကိုယ့်ကိုပဲရိုက်ခဲ့တာ။ အဲ့ဒါကိုငယ်ငယ်ကတွေးမိတယ်။ အမေကငါ့ကိုဘာလို့မှန်နေတာတောင် ရိုက်တာလည်းပေါ့။ ဒီအရွယ်ရောက်တော့ သိလာတယ်။ ကိုယ့်ကိုကွယ်ရာမှာ ဘယ်လောက်အတင်းပြောပြောဘယ်လောက်သိက္ခချချ၊ ကိုယ်မှန်နေရင်တောင်သည်းခံတတ်လာတယ်။ အမေ့ကိုကျေးဇူးတင်တယ်။ ဒီခံယူချက်လေး အမေ့ဆီကသင်ယူတတ်မြောက်ခဲ့ပြီ။ ကျေနပ်ပါတယ်”

“အဆင့်အတန်းရှိရက်နဲ့ ကိုယ့်ကိုမနာလိုတဲ့သူတွေကိုတော့ အံ့ဩတာတစ်ခုပါပဲ။ ကိုယ်ကဘာမှမဟုတ်တဲ့သူကို ဘာလို့များမနာလိုရတာလည်းစဉ်းစားလို့မရတာ။ ပြီးတော့ကျွန်မပြေပြေလည်လည်လေးနဲ့နေနေရမှာကို သူတို့မမြင်ချင်ကြဘူး။ ကျွန်မ အောင်မြင်သွားမှာကိုမလိုလားကြဘူး။ ဒီနိုင်ငံရေးနဲ့မှ မိတ်ဆွေတုမိတ်ဆွေစစ်တော်တော်ကိုသိလိုက်ရတာ။ ဒိုက်ဦးမြို့လေးကိုလည်း ဖေဖေ့ရဲ့အငွေ့အသက်ရှိလို့ဆက်နေခဲ့တာ။ ဒီမြို့လေးမှာချစ်တဲ့သူတွေလည်းရှိသလို ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့သူတွေလည်းအများကြီးပဲ။ ဘယ်သူ့ကိုမှလည်းစောင်းပြီးတင်တာမဟုတ်ပါဘူးနော်။ ပြန်ကြားရတာနားနဲ့မဆန့်လို့ပါ။ လူတွေကိုကြောက်တယ် အဲ့ဒါကြောင့်အပေါင်းအသင်းလည်းအများကြီးမထားတော့တာ။ ခွင့်လွှတ်ပါတယ်.ယခွင့်လွှတ်ပါတယ်” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ခင်ရတနာစိုးကတော့ သူမပေါ် မနာလိုမုန်းတီးနေတဲ့လူတွေရှိတာတောင် ငယ်ငယ်ကတည်းက အမေသင်ပေးခဲ့တဲ့ သည်းခံတတ်တဲ့အကျင့်လေးကြောင့် အားလုံးကို ခွင့်လွှတ်နားလည်ကြောင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Khin Yadanar Soe’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*