အလှူငွေတွေနဲ့ နေကာမျက်မှန်ဝယ်လိုက်တာလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့မေးခွန်းကြောင့် ရင်နဲ့မဆံ့အောင်ခံစားခဲ့ရတယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ

Beauty Blogger တစ်ယောက်လည်းဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်တဲ့ ပန်ကိတ်ဒါဒါကတော့ နိုင်ငံရပ်ခြားမှာနေပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် အတက်ကြွဆုံးပါဝင်လှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါက နွေဦးတော်လှန်ရေးရံပုံငွေတွေကို ရှာဖွေပေးနေလျက်ရှိပြီး မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့အတူတူ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်။ တိုင်းတစ်ပါးနေမှာနေပြီး မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့အလှူငွေတွေကောက်ခံပေးနေတဲ့ ပန်ကိတ်ဒါဒါဟာ ဒီကနေ့မှာတော့ သူမရဲ့ပိုစ့်အောက်မှာမန့်တဲ့ ကောမန့်တစ်ခုကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်း အခုလိုပဲပြောလာပါတယ်။

“သူငယ်ချင်းလက်ဆောင် ပေးထားတာမို့တင်လိုက်တာပါရှင်။ ဒါကိုဒီလိုတွေပြောတော့ တကယ်ဝမ်းနည်းတာပါ။ ဒါဒါ့ဆီရောက်တဲ့အလှူငွေတွေ ဒီလိုတွေမကြားချင်လို့ တစ် ဒေါ်လာတောင်မကျန် လိုအပ်တဲ့သူတွေကိုပို့ပါတယ်။ ခါတိုင်းပြောသလို ချန်ဖို့လည်း မလောက်ပါဘူး။ ဒီကြားထဲ အကူအညီထပ်လာတောင်းရင် တောင်းပန်ပြီး တစ်လ တစ်ပါတ် စောင့်ခိုင်းရတာ အဖွဲ့တွေတော်တော်များများ အသိပါ။ ဒီစာဘာလို့ ဖြေရှင်းလဲမေးရင် ဟုတ်ပါတယ်။ ကျမ ပန်ကိတ်ဒါဒါသည် မိမိ ဂုဏ်သိက္ခာကို အရမ်း တန်ဖိုးထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။”

“ကျမကို ကျမရုပ်၊ ကျမ ရဲ့ ပညာစတာ ဝေဖန်လို့ရပါတယ်။ ဒါပေမယ့် ကျမ ဂုဏ်သိက္ခာကို စကားတစ်လုံးတောင် အတင်မခံပါဘူး။ အလှူငွေကောက်လာတဲ့ ၈ လ လုံး စာရင်းတွေ ကြည့်ချင်ရင်လာခဲ့ပါ။ တစ်လတစ်လ ကျမရော ကျမမိသားစုရော ပါဝင်လှူဒါန်းကြတာ $1000-$2000 မက ပါဘူး။လအားလုံးက ချွေးနည်းစာတွေနဲ့ပဲမို့ လိပ်ပြာသန့်စွာလှူပြီး ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးပါဘူး။ ကျမ ဒီလိုတွေ ကြိုတွေးထားလို့ ချစ်တဲ့သူတွေ ပေးတဲ့ Christmas gift ပစ္စည်းလက်ဆောင်တွေ မတင်ခဲ့သလို အစစအရာရာ ဆင်ခြင်နေခဲ့ပါတယ်။ ဒါက တန်ဖိုးထားရသူ ဆီက Christmas gift မို့ တင်တာပါ။ (နောက်ဆို ဆင်ခြင်ပါမယ်) 🥲 တကယ် စိတ်မကောင်းလို့ စာရှည်ကြီး ရေးလိုက်ပါတယ်။ တကယ် ဒီထက်စာရင်းရှင်းပြလို့ရရင် နည်းလေးပြောပေးပါ။ ဒါဒါ အလှူစာရင်းတွေ Myanmar 🇲🇲 ဆိုတဲ့ album မှာ အကုန်ရှိပါတယ်။ 😢” ဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။

ပန်ကိတ်ဒါဒါကတော့ အများအကျိုးကို အချိန်ကုန်ခံ၊ လူအပင်ပန်းခံ၊ စိတ်အပင်ပန်းခံပြီး လုပ်ပေးနေတာတောင် အထင်လွဲစော်ကားမှုတွေရှိတာကြောင့် စိတ်မကောင်းဝမ်းနည်းဖြစ်ရတယ်လို့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Pancake DADA’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*