သားကြီးဂျက်ဂျက်တုန်းကလိုမဟုတ်ပဲ သမီးငယ်လေးကို အသေးစိတ်ဂရုမစိုက်နိုင်ခဲ့ကြောင်း ဝမ်းနည်းစွာပြောလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေး နန်းမြတ်ဖြိုးသင်းကတော့ ပြီးခဲ့တဲ့ လပိုင်းကပဲ သူမရဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီး အခုဆိုရင် သားနဲ့သမီးကို တစ်ယောက်တည်း ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်ဖြစ်ပါတယ်။ လူမမယ်အရွယ် သားနဲ့သမီးကို စောင့်ရှောက်နေရသလို မိသားစုရဲ့ အိမ်ထောင်ဦးစီးအဖြစ်လည်း စီးပွားရှာရုန်းကန်နေရတဲ့ နန်းမြတ်ဖြိုးသင်းဟာ ဒီတစ်ခေါက်မှာတော့ (၁၁) လအရွယ် သမီးလေးကို အသေးစိတ်ဂရုမစိုက်နိုင်တဲ့အကြောင်းကို ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “ဂျူးလေး၁၁လပါ။ လမ်းလျှောက်စမ်းနေပြီ။ ဂျက်လေးတုန်းကတော့ ဖေဖေတဖက်မေမေတဖက်တွဲပြီးသင်ခဲ့တာ။ မေ့သမီးလေးကတော့ မေမေလဲရုန်းကန်နေရလို့ အသေးစိတ်လေးတွေ မလုပ်ပေးနိုင်ဘူး။ မေ့သမီးလေးပိုမိုသန်မာပါစေကွယ်” ဆိုပြီး သမီးလေးရဲ့အဖြစ်ကို စိတ်မကောင်းဝမ်းနည်းစွာနဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သားကြီးဂျက်ဂျက်ရဲ့ လသားအရွယ် လမ်းစမ်းလျှောက်ချိန်မှာတော့ အဖေရော၊ အမေရော အသေးစိတ်ဂရုစိုက်ပေးနိုင်ခဲ့ပေမယ့် သမီးငယ်ဂျူဂျူးလေးအလှည့်မှာတော့ တစ်ယောက်တည်းရုန်းကန်နေရတာမို့ အသေးစိတ်ဂရုမစိုက်ပေးနိုင်ခဲ့ဘူးလို့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.