အသက်တွေကြီးလာပေမယ့် အရင်အတိုင်းမပြောင်းလဲပဲချောမောနေဆဲဖြစ်တဲ့ ရဝေအောင်ကို နာမည်ပြောင်လေးပေးခဲ့တဲ့ ချောရတနာ

သရုပ်ဆောင် ချောရတနာကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် ကူးပြောင်းခဲ့သူဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်သွားသည့်တိုင်အောင် လှပမှုတွေမကုန်ခမ်းသွားသေးပဲ လှသထက်လှလာတဲ့ ချောရတနာက အခုအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်နေဆဲ မင်းသမီးတစ်လက်ပါပဲ။

ချောရတနာလိုပဲ တစ်ခေတ်တစ်ခါမှာ အောင်မြင်ခဲ့ပြီး ချောရတနာရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရဝေအောင်ကတော့ အနုပညာအလုပ်တွေကို လုံးဝအပြီးတိုင်ရပ်နားထားတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ချောရတနာက သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ရဝေအောင်နဲ့ ပြန်လည်ဆုံတွေ့ခိုက် အသက်အရွယ်တွေကြီးလာပေမယ့် အရင်အတိုင်းမပြောင်းလဲပဲချောမောနေဆဲဖြစ်တဲ့ ရဝေအောင်ကို “မတွေ့ရတာကြာပြီဖြစ်တဲ့ အစ်ကိုရင်းပမာချစ်ရသော ကိုကြာနု”ဆိုပြီး ရဝေအောင်နဲ့ ဓာတ်ပုံအတူတူတွဲရိုက်ခဲ့တာကို ပရိသတ်တွေဆီပြသလာပါတယ်။

ရဝေအောင်ကတော့ အသက်သုံးဆယ်ကျော်လို့ လေးဆယ်ထဲဝင်နေပြီဆိုပေမယ့် သူ့ရဲ့နုပျိုမှုကတော့ ငယ်ငယ်ကအတိုင်း လုံးဝမပြောင်းလဲသွားတာမို့ ချောရတနာက “ကိုကြာနု”ဆိုပြီး နာမည်ပြောင်ပေးရတဲ့အထိပဲဖြစ်ပါတယ်နော်။

Source: Chaw Yadanar ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*