အိမ်ထောင်သက်တမ်း (၆) နှစ်ပြည့်ခဲ့ပြီဆိုတဲ့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံ

Social Influencer တွေဖြစ်ကြတဲ့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံကတော့ ပရိသတ်တိုင်းအားကျရတဲ့ လူငယ်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ရုပ်ရည်ချောမောကြသလို ပစ္စည်းဥစ္စာကလည်း ပြည့်စုံကြွယ်ဝကာ ခေတ်ပညာတတ်တွေဖြစ်ကြတဲ့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံဟာ သူတို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေ၊ ခရီးသွားမှတ်တမ်းတွေနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သခြင်း ဗီဒီယိုတွေကို ချပြလေ့ရှိတဲ့ Blogger နှစ်ဦးပဲဖြစ်ပါတယ်။

ကျောင်းသားအရွယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း (15) နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၆) နှစ်တိတိပြည့်ခဲ့ပြီလို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြောလာခဲ့ပါတယ်။

သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း (၆) နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ရင်သွေးမယူသေးပဲ နှစ်ယောက်တည်းဘဝလေးကို အပြည့်အဝခံစားနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အားကျရတဲ့ သူရိန်ကျော်မိုးနဲ့ CHRISTINA LIM တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုစကားလေးတွေပြောခဲ့ကြပါဦးနော်။

Source: THU RAYN KYAW MOE’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.