စေတနာထားပေးရတာနဲ့မတန်သလို အပင်ပန်းခံပေးရကျိုးလည်းမနပ်တဲ့လူတွေအကြောင်း ဖွင့်ဟပြောပြလာတဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ နိုင်ငံကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ဆွတ်ခူးရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အပြစ် ဆိုဖွယ်ရာမရှိတဲ့ ပြီးပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့အပြင် အလန်းစားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒါကြောင့်လည်း မင်းသမီး သင်ဇာဝင့်ကျော်က အနုပညာလောကမှာ သူမရဲ့ပင်ကိုယ်စတိုင်လ်နဲ့ ဘယ်သူနဲ့မှမတူတဲ့ မင်းသမီးအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ထိပ်တန်းမင်းသမီးတစ်ယောက်ပီပီ အလုပ်တွေများစွာကိုလုပ်ကိုင်ရပြီး လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ သင်ဇာဝင့်ကျော်က စေတနာထားပေးရတာနဲ့ မတန်တဲ့လူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာပါတယ်။ သင်ဇာဝင့်ကျော်က “တချို့လူတွေကလေစေတနာထားပေးတာနဲ့မတန်ဘူး အပင်ပန်းခံရကျိုးလဲမနပ်ဘူး။ ဒါပေမဲ့ကိုယ့်စေတနာကိုယ်တော့အကျိုးပေးမှာပါတနေ့ 😌” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ထိပ်တန်းနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပေမယ့် သူမကိုအပ်နှံတဲ့ အလုပ်တွေအားလုံးကို စေတနာပါပါ အကောင်းဆုံးလုပ်ကိုင်ပေးခဲ့ပေမယ့် တခါတလေမှာတော့ စေတနာနဲ့မတန်တဲ့လူတွေရှိကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Thin Zar Wint Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.