အမေများနေ့ကို မသိချင်ယောင်ဆောင်ပြီး အလုပ်အပေါ်အာရုံလွှဲနေရတဲ့ သူမရဲ့အဖြစ်ကို ရင်ဖွင့်ပြလာတဲ့ ချောရတနာ

သရုပ်ဆောင် ချောရတနာကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုဆိုရင် အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ ချောရတနာဟာ အခုဆိုရင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်လို့နေပြီး အနုပညာအလုပ်တွေနဲ့အတူတူ သူမရဲ့သားနဲ့သမီးကိုလည်း ရင်အုပ်မကွာပြုစုစောင့်ရှောက်နေတဲ့ မင်းသမီးအိမ်ထောင်ရှင်ပဲဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၆) ရက်နေ့ အမေများနေ့မှာတော့ ချောရတနာက သူမရဲ့မိခင်ကြီးကိုသတိရတမ်းတနေတဲ့အကြောင်းကို “ဒီနေ့အမေများနေ့တဲ့ မသိချင်ယောင်ဆောင်ပြီး အလုပ်ကြိုးစား လုပ်နေတဲ့ သမီးကို မေကြီးမမြင်နိုင်တော့ဘူးနော်😭” ဆိုပြီး အမေများနေ့ကို မသိချင်ယောင်ဆောင်ပြီး အလုပ်အပေါ်အာရုံလွှဲနေရတဲ့ သူမရဲ့အဖြစ်ကို ရင်ဖွင့်ပြခဲ့ပါတယ်။

ချောရတနာကတော့ အမေများနေ့မှာ သွားလေသူမိခင်ကြီးမရှိတော့တာမို့ တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းပြီး ခံစားချက်တွေကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Chaw Yadanar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.