ဝမ်းစာအတွက် ပြည်သူကိုမျက်စိမနောက်စေတဲ့နည်းနဲ့ ရိုးသားစွာဈေးရောင်းစားနေတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

အွန်လိုင်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်နဲ့လည်း အနုပညာလောကထဲမှာ ကျင်လည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒဟာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့တကွ သူ့ရဲ့ ဝတ်ပုံစားပုံ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်တွေကြားမှာ လူသိများသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျော်ကျော်နန္ဒကတော့ လက်ရှိတစ်နိုင်ငံလုံး စိတ်ဆင်းရဲနေချိန်မှာ သူ့ရဲ့ဝါသနာကိုထိန်းချုပ်ပြီး အလုပ်တွေကိုလည်း လျော့ပေါ့လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကျော်ကျော်နန္ဒက “အလုပ်ဟူသမျှဂုဏ်ရှိပါသည်။ အရင်တုန်းက သရုပ်ဆောင်တွေ ဇာတ်ဝင်ခန်းအရသရုပ်ဘဲဆောင်ရတာ ခုတော့ ဈေးလည်း ရောင်းတဲ့အခါ ရောင်းလိုက်တာဘဲ ကြော်ငြာလေးတွေရိုက်တဲ့အခါလည်းရိုက်လိုက်တာဘဲ ဝမ်းစာအတွက် ပြည်သူကိုမျက်စိမနောက်စေတဲ့နည်းနဲ့ ရိုးသာစွာရှာတယ် ရိုးသားစွာပန်းတိုင်ကိုသွားမယ် အားလုံးကို ရိုသေတယ်ချစ်ခင်တယ်။ မှတ်ချက်= ကျနော်အတွက်ဆင်းရဲတာချမ်းသာတာမရှိပါဘူး တခါတလေဒီလိုဈေးရောင်းတဲ့အလုပ်မှန်သမျှအကုန်လုပ်ပါသည်” ဆိုပြီး သူ့ရဲ့ခံယူချက်ကို ပြောလာပါတယ်။

ကျော်ကျော်နန္ဒကတော့ ဝမ်းစာအတွက် ပြည်သူကိုမျက်စိမနောက်စေတဲ့နည်းနဲ့ ရိုးသားစွာဈေးရောင်းစားနေပြီး သူ့အတွက် ဆင်းရဲတာ၊ ချမ်းသာတယ်ဆိုတာမရှိကြောင်း ဖြူစင်စွာနဲ့ ပြောလာတာပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့စိတ်ဓာတ်ကတော့ တကယ့်နာမည်ကြီးအနုပညာရှင်တွေမှာတောင် မရှိနိုင်တဲ့ လေးစားဖွယ်စိတ်ထားပါပဲ။

Source: Kknd-L ကျော်ကျော်နန္ဒ’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.