စုံတွဲလိုက်သီဆိုမယ့် သီချင်းသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဇနီးမောင်နှံရဲ့ ဗီဒီယို

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝကတည်းက လိုက်ဖက်လွန်းတဲ့စုံတွဲတွေအဖြစ် ပရိသတ်တွေရဲ့ သက်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ ချစ်သူဘဝမှာကတည်းက ရင်သွေးလေးကို ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ သမီးလေးကိုလည်း အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေပြီး သူတို့နှစ်ယောက်ရဲ့ ကြင်စဦးအချိန်လေးတွေကိုလည်း ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

ချစ်သူဘဝကတည်းက စိတ်တူကိုယ်တူရှိကြတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဇနီးမောင်နှံဟာ ကလေးဖေဖေ၊ မေမေဖြစ်သွားပေမယ့်လည်း သူတို့ဝါသနာပါရာလေးတွေကိုလည်း အချိန်ပေးလုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့က စုံတွဲလိုက်သီဆိုမယ့် သီချင်းသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်သီဆိုပေးရင်း Live လွှင့်ခဲ့ကြတာကို အခုလိုပဲတွေ့ရပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ Raggae Music ကို ကြိုက်နှစ်သက်ကြသူတွေပီပီ အချစ်သီချင်းလေးတစ်ပုဒ်ကို Raggae စတိုင်လ် ချစ်စရာကောင်းစွာသီဆိုထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ စုံတွဲသီချင်းလေး ထွက်ရှိလို့လာရင်လည်း အားပေးကြပါဦးနော်။

Source: Lifestyle by Hlwan’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.