စစ်ရှောင်စခန်းပါမကျန် လူမဆန်အောင်လုပ်ရက်ကြတဲ့ လက်ပါးစေတွေရဲ့လုပ်ရက်ကို ပေါက်ကွဲစွာပြောလာတဲ့ ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ သူမရဲ့အရာရာကို ပေးဆပ်ပြီး ပြည်သူနဲ့အတူတူ တစ်သားတည်းရှိနေပေးခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီရဲ့မတရား တရားစွဲဆိုခံခဲ့ရပြီး လွတ်မြောက်ရာနယ်မြေမှာ တိမ်းရှောင်နေခဲ့ရတဲ့ ချစ်သုဝေဟာ သူမဖခင်ရဲ့ နာရေးကိုလိုက်မပို့နိုင်တဲ့အထိကို ပေးဆပ်မှုတွေများပြားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူထဲက ပြည်သူတစ်ဦးပီပီ လက်ရှိတစ်နိုင်ငံလုံးခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို မျှဝေခံစားပေးနိုင်တဲ့ ချစ်သုဝေဟာ ဒီကနေ့မှာလည်း သူမရဲ့ခံစားချက်ကို ဖွင့်ဟလာခဲ့ပါတယ်။

“နေအိမ်ပျောက် အနာဂတ်ဝေဝါး ခဏတာခိုရတဲ့ စစ်ရှောင်စခန်းပါမကျန် လုပ်ရက်တဲ့ လူမဆန်တဲ့ ယုတ်ညံ့မှုက မနည်းမနောပါပဲလားကွယ်ရို့.. အဲ့ဒါကျတော့ရော ဘယ်ခေါင်းစဉ်အောက်ထည့်ပြီး Cover လုပ်ကြမလဲဟေ.. ပြည်သူတွေဟ.. အရွယ်ကိုစုံလို့ ရင်ခွင်ပိုက်ရော သက်ကြီးဖိုးဖွားရော တမြေတည်းလူလာဖြစ်ရတဲ့ဒုက္ခတွေများကွာ” ဆိုပြီး သူမရဲ့ ရင်နဲ့အမျှ ခံစားရတဲ့ ခံစားချက်အချို့ကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။


Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

စစ်ရှောင်စခန်းပါမကျန် လူမဆန်အောင်လုပ်ရက်ကြတဲ့ လက်ပါးစေတွေရဲ့လုပ်ရက်ကို ပေါက်ကွဲစွာပြောလာတဲ့ ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ သူမရဲ့အရာရာကို ပေးဆပ်ပြီး ပြည်သူနဲ့အတူတူ တစ်သားတည်းရှိနေပေးခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီရဲ့မတရား တရားစွဲဆိုခံခဲ့ရပြီး လွတ်မြောက်ရာနယ်မြေမှာ တိမ်းရှောင်နေခဲ့ရတဲ့ ချစ်သုဝေဟာ သူမဖခင်ရဲ့ နာရေးကိုလိုက်မပို့နိုင်တဲ့အထိကို ပေးဆပ်မှုတွေများပြားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူထဲက ပြည်သူတစ်ဦးပီပီ လက်ရှိတစ်နိုင်ငံလုံးခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို မျှဝေခံစားပေးနိုင်တဲ့ ချစ်သုဝေဟာ ဒီကနေ့မှာလည်း သူမရဲ့ခံစားချက်ကို ဖွင့်ဟလာခဲ့ပါတယ်။

“နေအိမ်ပျောက် အနာဂတ်ဝေဝါး ခဏတာခိုရတဲ့ စစ်ရှောင်စခန်းပါမကျန် လုပ်ရက်တဲ့ လူမဆန်တဲ့ ယုတ်ညံ့မှုက မနည်းမနောပါပဲလားကွယ်ရို့.. အဲ့ဒါကျတော့ရော ဘယ်ခေါင်းစဉ်အောက်ထည့်ပြီး Cover လုပ်ကြမလဲဟေ.. ပြည်သူတွေဟ.. အရွယ်ကိုစုံလို့ ရင်ခွင်ပိုက်ရော သက်ကြီးဖိုးဖွားရော တမြေတည်းလူလာဖြစ်ရတဲ့ဒုက္ခတွေများကွာ” ဆိုပြီး သူမရဲ့ ရင်နဲ့အမျှ ခံစားရတဲ့ ခံစားချက်အချို့ကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

ချစ်သုဝေကတော့ သူမကိုယ်တိုင်လည်း နေအိမ်ကိုစွန့်ခွာပြီး တိမ်းရှောင်လာရသူမို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝကို စာနာနားလည်စွာနဲ့ ခံစားချက်အချို့ကိုပေါက်ကွြပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Chit Thu Wai’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*