အိပ်ချင်မူးတူးဖြစ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကို ချစ်လို့မဝနိုင်ဖြစ်နေတဲ့ စိုးပြည့်သဇင်
|သရုပ်ဆောင်နဲ့ အဆိုတော် စိုးပြည့်သဇင်နဲ့ အဆိုတော်မလေး စန္ဒီမြင့်လွင်တို့ဟာဆိုရင် ညီအစ်မတစ်ဝမ်းတည်းသာကွဲတဲ့ ညီအစ်မတွေပဲဖြစ်ကြပါတယ်။ ဆွေမျိုးတော်တဲ့သူတွေပီပီ တစ်ယောက်အိမ်တစ်ယောက် ဝင်ထွက်သွားလာလေ့ရှိတဲ့ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ဟာ အခုလိုအနုပညာအလုပ်တွေရပ်နားထားချိန်မှာ မိသားစုကို ပိုမိုအချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စိုးပြည့်သဇင်က သူမရဲ့ တူမလေး ထရက်ရှာဆီသွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး တူမလေးနဲ့အတူတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ စိုးပြည့်သဇင်က အိပ်ယာထခါစ အိပ်ချင်မူးတူးဖြစ်နေတဲ့ တူမလေးထရက်ရှာရဲ့ပုံလေးကို “အိပ်ချင်နေတဲ့သဲတုန်းလေး
စိုးပြည့်သဇင်ကတော့ သူမရဲ့အစ်မတစ်ဝမ်းကွဲကမွေးတဲ့ တူမလေးထရက်ရှာကို အရမ်းချစ်ပြီး သဲတုန်းလေးလို့တောင် နာမည်ပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စိုးပြည့်သဇင်တို့တူဝရီးနှစ်ယောက်ရဲ့ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ်ထင်ပါတယ်နော်။
Source: Soe Pyae Thazin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
အိပ်ချင်မူးတူးဖြစ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကို ချစ်လို့မဝနိုင်ဖြစ်နေတဲ့ စိုးပြည့်သဇင်
သရုပ်ဆောင်နဲ့ အဆိုတော် စိုးပြည့်သဇင်နဲ့ အဆိုတော်မလေး စန္ဒီမြင့်လွင်တို့ဟာဆိုရင် ညီအစ်မတစ်ဝမ်းတည်းသာကွဲတဲ့ ညီအစ်မတွေပဲဖြစ်ကြပါတယ်။ ဆွေမျိုးတော်တဲ့သူတွေပီပီ တစ်ယောက်အိမ်တစ်ယောက် ဝင်ထွက်သွားလာလေ့ရှိတဲ့ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ဟာ အခုလိုအနုပညာအလုပ်တွေရပ်နားထားချိန်မှာ မိသားစုကို ပိုမိုအချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စိုးပြည့်သဇင်က သူမရဲ့ တူမလေး ထရက်ရှာဆီသွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး တူမလေးနဲ့အတူတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ စိုးပြည့်သဇင်က အိပ်ယာထခါစ အိပ်ချင်မူးတူးဖြစ်နေတဲ့ တူမလေးထရက်ရှာရဲ့ပုံလေးကို “အိပ်ချင်နေတဲ့သဲတုန်းလေး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။