ဒေါ်သက်သက်ခိုင် မြစ်ကြီးနားသွားပြီး ဖဲကြိုးသွားဖြတ်စဥ် ပေါ က် ကွဲမှုဖြစ်လို့….See More

ဒေါ်သက်သက်ခိုင် မြစ်ကြီးနားသွားပြီး ဖဲကြိုးသွားဖြတ်စဥ် ပေါ က် ကွဲမှုဖြစ်လို့….see more

စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်​ရောက်ဖွင့်လှစ်မည့် မြစ်ကြီးနားမြို့ ရှိ အေးမြသာယာအဆင့်မြှင့်ဈေး အနီးတွင် ယမန်​နေ့ မွန်းလွဲ သုံးနာရီခန့်က မို င် း​ပေါ က်ကွဲ ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် မတက်​ရောက်ခင် ၄၅ မိနစ်ခန့်အလိုတွင် ​ဈေးအနီးရှိ လမ်းသွယ်(၉)မှ အုတ်ခုံတွင် ​ပေါ က် ကွဲမှုဖြစ်ပွားခဲ့​ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Mediaကိုပြောသည်။

“ဗ ုံ း ပေါ က်ပြီးတာတောင် လာတယ်ဆိုတော့ သူတို့လူကြီးမလာခင် လမ်းရှင်းလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြတာပေါ့။ ဗ ုံးက ဈေးမှာ မပေါက်ပဲ ဈေးထောင့်မှာ ပေါ က်တာဆိုတော့” ဟုပြောသည်။

ပေါ က် ကွဲမှုဖြစ်ပွားပြီးနောက် အေးမြသာယာ အဆင့်မြင့်ဈေးအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံးခြုံရေးတင်းကြပ်စွာဖြင့် မို င်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း အခြား ရပ်ကွက်​နေပြည်သူတစ်ဦးက ပြောသည်။

“စျေးထဲမှာ မို င်းရှာခွေးနဲ့ ပိုက်စိတ်တိုက်ရှာတယ် ၂ နာရီကတည်းက လုံခြုံရေးအပြည့် အရပ်ဝတ်တွေပါပါတယ်။ ဒေါ်သက်သက်ခိုင်ရဲ့ကား လာတာနဲ့ ကုန်စုံဆိုင်တန်းလျားနဲ့ လမ်းတွေအားလုံးပိတ်လိုက်တာ ဟုတ်တယ်။ ဈေးအထိဝင်သွားတယ်တဲ့ လုံခြုံရေးတွေအများကြီးပဲ” ဟုပြောသည်။

ပေါ က် ကွဲမှုဖြစ်ပွားပြီး ၄၅ မိနစ်ခန့်အကြာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် ရောက်ရှိလာပြီးနောက် ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးပြီး​နောက် တစ်နာရီခန့် အကြာတွင် ပလနရပ်ကွက်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

​ဒေါ်သက်သက်ခိုင်​ရောက်ရှိ​နေသည့် မြစ်ကြီးနားမြို့ လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခင်နေ့များထက်ပို၍ လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့် နေရာယူထား​​ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာတွင်လည်း ဇန်နဝါရီလ ၁၃ ရက်နေ့ညက Mytel တာဝါတိုင် ဖော က် ခွဲဖျက်ဆီးခံခဲ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*