သူ့ပုံကို မှတ်ထားပေးပါ ဖုန်းဆက်ပေးပါ သိန်းသုံးဆယ် ကျေးဇူးတုံ့ပြန်ပါ့မယ်ခဗျား
|မိသားစုပါ ထိုးချသွားတဲ့ လူလိမ်အကြောင်းဖတ်ပေးပါ
သူ့ပုံကို မှတ်ထားပေးပါ ဖုန်းဆက်ပေးပါ သိန်းသုံးဆယ် ကျေးဇူးတုံ့ပြန်ပါ့မယ်ခဗျား
ရဲရင့်ပိုင်ကို တိုင်းရင်းသားဒေသတခုသို့ အသွားတွင် တွေ့လိုက်ရသည်ဟု သတင်းသဲ့သဲ့ကြားသောအခါ
ဒီဇာတ်လမ်းကို မဖြစ်မနေ ရေးရတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
.ရဲရင့်ပိုင်..ကိုရဲ….ရဲရဲဟူသော နာမည်ပြောင်များကြားတွင် သူ့နာမည်အစစ်အမှန်ကား ရဲပိုင်…
ရုပ်ရည်ပြေပြစ်သည်။အမြဲတစေ သပ်သပ်ရပ်ရပ်ဝတ်ဆင်သည်။
သဘောကောင်းသည်။
အမြဲတစေပြုံးနေကာ သူငယ်ချင်းများကြား မည်သည့်အခက်အခဲလိုလို ဘာဆင်ခြေမှ မပေး….
ငွေအားမတတ်နိူင်လျှင် လူအား..
လူအားတခုခုဖြင့်တော့ မရမက ကူညီတတ်သည့် ကိုပိုင် မောင်မင်းစိုးတို့ ဘော်ဒါများကြားသို့ ရောက်လာသည့်
အချိန်က ၂၀:၁၅ ဝန်းကျင်
စစ်ဗိုလ်လူထွက်ဆိုသူ ကိုပိုင်၏ ဘဝဇာတ်ကြောင်းက ရိုးရှင်းသည်။
မိဘပေးစားသူနှင့် အိမ်ထောင်ကျ..ကလေးတယောက်ရ…
အိမ်ထောင်ရေးအဆင်မပြေ..အိမ်ထောင်ကွဲ…
မိဘက စိတ်ဆိုးကာ အိမ်ပေါ်က နှင်ချ..ခြေဦးတည့်ရာထွက်လာရင်း
မန္တလေးရှိ တာဝါတိုင်ကုမ္ပဏီကြီးတခုတွင် ကားဝင်မောင်းသည်။
ထိုကုမ္ပဏီ၏ ရှေ့နေမနှင့် ရီးစားဖြစ်.နှစ်ယောက်သား စုပေါင်းပြီး ယင်းကုမ္ပဏီသို့ ကားများ အငှားပြန်သွင်း…
ကိုပိုင်က ကားအေးဂျန့်နှင့် ထိုကုမ္ပဏီဒါရိုက်တာ၏ လက်စွဲတော်ယာဉ်မောင်း…
ဒါက သူ တခါတလေမူးလာလျှင် ပြောပြတတ်သည့်နောက်ကြောင်းဖြစ်ပြီး
ကျန်ရစ်ခဲသော သူ့သမီးလေး၏ ဓာတ်ပုံကို ထုတ်ပြလိုက်….
သူ့သမီးမွေးနေ့ကို ထိုးထားသည့် တက်တူးကို လှန်ပြလိုက်လုပ်သည်ကတော့ သူ့အကျင့်ပင်..
ထိုအကျင့်လေးရှိသည်မှလွဲ၍ လူမှုရေးကတော့ တကယ်ကောင်းသည်။
ဟင်းချက်လည်းကောင်းသည်။
အမြည်းများကို ဖွယ်ဖွယ်ရာရာစီမံတတ်သလို မိတ်ဆွေများအပေါ်တွင်လည်း တော်တော်လေးအနွံတာခံသည်။
တခုတော့ ရှိသည်။
ဘိုးတော်ပိုင်ကား အပေါင်းအသင်းများကြားတွင် စကားတော်တော်ရှုပ်သည်။
ယင်းအချက်များမှလွဲ၍ သူကား လူကောင်းတယောက်ဟု ဆိုနိူင်သည်။
အလုပ်ကတော့ တကယ်ကြိုးစားသည်။
ရောက်စက လူနှင့် လဗြွတ်သာပါသည်ဟု သူ့ကိုယ်သူ ညွှန်းတတ်သည့် ဘိုးတော်ပိုင်ကား
သုံးနှစ်အတွင်း ဆိုင်ကယ်နှင့်ကားနှင့်.. ကိုယ်ပိုင်တိုက်ခန်းနှင့် ဖြစ်သွားသလို
ငွေကြေးလည်း တော်တော်အဆင်ပြေလာသည်။သူတို့အုပ်စုကို ခဏခဏဘီယာတိုက်နိုင်လာသည်။
နောက်ပိုင်းကျ မောင်မင်းစိုးနှင့် ခွာပြဲသည်။
ဘာမှတော့မဟုတ်..မောင်မင်းစိုးမိတ်ဆက်ပေးသော လူများကို သူက မောင်မင်းစိုးအကြောင်း
မကောင်းပြောပြီး ဝင်ရောသည်ကို မိတ်ဆွေတဦးက သတိပေးသောကြောင့် ကိုပိုင်ကို သိပ်မပေါင်းမိအောင်ရှောင်သည်။
သို့သော်လည်း ကိုပိုင်ကား သူ့အိမ်သို့ ဝင်ထွက်မြဲ..
သူ့အမေတို့နှင့်ပါ ခင်မင်သွားသည့်အပြင်
သူ့မင်္ဂလာဆောင်တွင် အဖေနှင့် အမေတို့ကိုပါ သူ့အဖေအမေကိုယ်စား လိုက်ပါစေသည်အထိ
စည်းရုံးရေးကောင်းသည်။တခါတရံ လုပ်ငန်းကြပ်သည့်အခါ
အိမ်လာပိုက်ဆံချေးတတ်သော်လည်း အချိန်မှန်မှန်ပြန်ဆပ်သည်မို့ မောင်မင်းစိုးအမေလည်း ကြည်ဖြူပါသည်။
နောက်ပိုင်းတွင်တော့ သူကား တခြားညီငယ်များနှင့် ပိုပေါင်းမိသွားသည်။
သူ့အိမ်တွင် နေသည်ထက် ထိုမိတ်ဆွေများနှင့် နေသည်က ပိုများသည်
တအိမ်လုံး၏ ချက်ရေးပြုတ်ရေးဒိုင်ခံလုပ်ပေးသည်သာမက ထိုမိတ်ဆွေများ၏ လုပ်ငန်းများတွင်လည်း မညီးမညူလိုက်ပါကူညီပေးသည်။
ဘယ်ကိုသွားပြီး ဘာလေးလုပ်ပေးပါဦးဆိုရင်လည်း ချက်ခြင်းထလုပ်ပေးသည်။
ခိုင်းလိုက်သည့် ကိစ္စများတွင်လည်း ဘာမှ ချွတ်ချော်သည်မရှိဆိုတော့ မိတ်ဆွေများကလည်း အားကိုးကြသည်။
သူ၏ ထူးခြားချက်မှာ မောင်မင်းစိုးမိတ်ဆက်ပေးမှ ခင်မင်ကြသည်ဖြစ်သော်လည်း
မောင်မင်းစိုးထက် ပိုခင်မင်အောင် ပေါင်းသင်းနိူင်သည့် အရည်အချင်းဖြစ်သည်။
သူ့သမီးလေး မွေးသည်ဆိုတော့ မောင်မင်းစိုးလည်းလူမှုရေးအရ ပြန်သွားဖြစ်သည်။
မိသားစုရှိသွားပြီဖြစ်သည့်အတွက် မိန်းမကို မချစ်တောင်မှ ကလေးအတွက် ပိုကြိုးစားရမည်..
အရက်ပါ ဖြတ်တော့မည်ဟု ပြောတော့ ဝိုင်းဟားမိကြသေးသည်။
ပြီးခဲ့သည့် ခြောက်လပိုင်းကမူ မောင်မင်းစိုးဆီ အသည်းအသည်ဖုန်းဆက်သည်။
ကလေးဆေးဖိုးကလည်း လိုနေသည်..
အလုပ်တွင်လည်း ကားဖိုးငွေများ သွင်းရမည်မို့ သိန်းငါးဆယ်ချေးပါဟု အကူအညီတောင်းသည်။
သူစီးနေသည့်ကားပါ အပေါင်ယူထားပါဟု ပြောသည့်အတွက် မိန်းမကို မရမက ပြောကာ ချေးပေးလိုက်သည်။
ကားက အုံနာဘုတ်မပါ..
သို့သော်လည်း ထားလိုက်ပါမိန်းမရယ်..ဒီလူ ပြန်ဆပ်မှာပါဆိုတော့
မိန်းမက အင်တင်တင်ဖြစ်သော်လည်း သူ့မျက်နှာနှင့် ချေးလိုက်သည်။
သုံးလလောက်အကြာတွင်တော့ ကားသွားရောင်းမလို့ ခဏယူသွားမည်ဆိုကာ ယူသွားသည်။
မိန်းမက ဒီငွေတွေ ပြန်မဆပ်ရင် ဘယ်လိုလုပ်မလဲဟု မေးသည်။
သူ့အကိုက မန္တလေးက ဌာနတခုက ညွှန်မှုး..
သူ့မိန်းမက ကုမ္ပဏီကြီးတခုက အကြံပေးရှေ့နေ…
သူတို့နေတာက မြရည်နန္ဒာမှာ ..တိုက်ခန်းပါ အပိုင်ဝယ်ထားတာ…
ဒါတွေထားပြီးတော့ သူထွက်မပြေးပါဘူးဟာ.လုပ်ငန်းမှာ ငွေတကယ်ကြပ်နေလို့ နေမှာပါဆိုတော့ မိန်းမလည်း စိတ်ချသွားသည်။
လွန်ခဲ့သည့် ၁၂ လပိုင်းကုန်ကျ မိန်းမဆီ တခါထပ်လာသည်။
ရန်ကုန်ကို ငွေသွားထုတ်ရမှာမို့ စရိတ်ခဏပေးပါဆိုကာ နောက်ထပ် ဆယ့်ငါးသိန်းယူသွားပြန်သည်။
မချေးမချင်း မပြန်..မိန်းမကို မျက်ရည်ခံထိုးသည်။
၆ ရက်နေ့ လုံးဝဆပ်ပါ့မည်ဟု အာမအကြိမ်ကြိမ်ခံသည်မို့ မိန်းမလည်း ထပ်ချေးလိုက်သည်။
၆ရက်နေ့ ဖုန်းဆက်တော့ မကိုင်…၁၀ရက်နေ့မကိုင်….
သို့နှင့် သူသွားနေကျ မိတ်ဆွေအိမ်ရောက်တော့ ထိုမိတ်ဆွေလည်း ခေါင်းတောက်နေသည်။
ကိုပိုင်နဲ့ အဆက်အသွယ်မရလို့တဲ့…
သူ့မိန်းမဆီသွားတော့လည်း ထိုနည်းတူစွာပင်.ဘယ်သူမှ ဆက်သွယ်မရ…
ကိုပိုင် လိမ်သွားပြီလားဟု အတွေးဝင်လာသော်လည်း မဖြစ်နိူင်ဟု တွေးမိသည်။
သူသွားတာက နယ်စုံဆိုတော့ ဒီအချိန် လမ်းမှာ တခုခုများဖြစ်နေသလားတွေးကာ
လက်လှမ်းမီရာ စုံစမ်းမိသည်။
ဘာအဆက်အသွယ်မှမရ…
တပတ်ကျော်ကြာသည်အထိ ဖုန်းအဆက်အသွယ်မရ..
ကဲ..မိန်းမရေ..လိမ်သွားပြန်ပြီထင်ပါတယ်ဟု ကောက်ချက်ချလိုက်သောအခါ
မသီရီကား ကောင်းချီးပေးပါသည်။
ရတယ်…ငါပါသွားတာ သိန်းတရာကျော်..
အဲဒါနဲ့ နင် လူတွေအကြောင်း ..မိတ်ဆွေတွေအကြောင်း နားလည်သွားရင် တန်တယ်ဟု ပြောသည့်အခါ
သူ့မှာ ဘာပြန်ပြောရမှန်းမသိ.
တခုခုကြောင့် ကြန့်ကြာနေတာဖြစ်ပါစေ..
ခဗျား ကျနော့်မျက်နှာကို သိန်းတရာနဲ့ လဲရင်တောင
ခဗျားမိသားစုကို သိန်းတရာနဲ့တော့ မလဲနိူင်ပါဘူးဟု တွေးမိသေးသော်လည်း ဆုတောင်းကားမပြည့်….
သူ့မိန်းမဆီ သွားမေးသည့်အခါ အားလုံးကို လိမ်သွားကြောင်း သိလိုက်ရပေသည်။
သူ့မိန်းမအလုပ်ထဲမှ သူ့မိန်းမကို အာမခံခိုင်းကာ လိမ်သွားသည်က သိန်းတရာကျော်….
ကဲ.ငါ..အလိမ်ခံရသည့်အကြောင်း ဖေ့ဘွတ်ပေါ်တင်မလား…
လူအထင်သေးတာပဲ ခံရမည်
ဘယ်သူမှ သူ့ကို သနားမည်မဟုတ်…
နောက်ကွယ်မှာတောင် ဟားတိုက်နေကြဦးမည်ဆိုတော့
ကဲ…အံကြိတ်ခံပေါ့ မောင်မင်းစိုးရေဟု ကိုယ့်ဘာသာ အားပေးမိသည်။
အင်း..တော်ပါသေးတယ်လေ…
ငါတို့စီးပွားပျက်တဲ့အထိ အလိမ်မခံရတာဟု ဖြေသိမ့်မိသည်။
ပြောရမှာ ရှက်သောကြောင့် ဘယ်သူ့ကိုမှ မပြောဖြစ်..
သို့သော်လည်း ပြသနာက ဒီမှာတင်ပြီးမသွား.မောင်မင်းစိုးဆီ ဖုန်းတွေ တကောလ်ပြီး တကောလ်ဝင်လာသည်။
မိန်းမနှင့် အဆင်မပြေတိုင်း သူသွားနေသည့် မိတ်ဆွေပင် မကျန် ဘဏ်ငွေထုတ်ပေးမည်ဆိုကာ လိမ်သွားခြင်း…
သူနှင့် ခဏတဖြုတ်ပဲ ခင်မင်ဖူးသည့် ကျောင်းဆရာမလေးထံ
ခဏပဲညီမလေးဆိုကာ ဆိုင်ကယ်ငှားစီးပြီး အပြတ်ရောင်းစားသွားခြင်း…
သူတို့အုပ်စုနှင့်ခင်သည့် ပန်းရန်ဆရာပါမချန်..ယခုလ တလပိုင်းတွင် သားနှစ်ယောက်ရှင်ပြုရန် စုထားသည့်
ဘဏ်အပ်ငွေလေးကို ကော်မရှင်မယူပဲ ထုတ်ပေးမည်ဆိုကာ သိန်းရှစ်ဆယ်ကျော်လိမ်ပြေးသွားခြင်း…သူ တလ
ကို သုံးသိန်းနှင့် ငှားစီးနေသည့် ကားကို အပေါင်ဆိုင်တခုတွင်သူခိုးဈေးနှင့်ရောင်းစားသွားခြင်း…. လက်ရှိ ခု
နှစ်နှစ်အတွင်း သူပေါင်းသင်းသွားသည့် လူများအား တယောက်မကျန် လိမ်ရန်ကြိုးစားသွားခြင်းဖြစ်ပြီး တ
သိန်းရှိသူထံတသိန်း..ငါးသိန်းရှိသူထံ ငါးသိန်း.တွက်ချက်လိမ်သွားခြင်းဖြစ်သည်။
စီ့းပွားရေးသမားများထံမှ ငွေကို လိမ်သွားသည်သာမက မနဲရုန်းကန်နေရသည့် အောက်ခြေလူတန်းစားများ
ပါမချန်…သူတို့နှင့် သိသည့် လူတိုင်းကို ပတ်လိမ်သွားခဲ့ခြင်းဖြစ်နေသည်။
အဆိုးဆုံးအချက်ကတော့ သူကိုယ်တိုင် တင့်တောင်းတင့်တယ် တရားဝင်လက်မှတ်ထိုး မင်္ဂလာဆောင်ယူထား
သည့် မိန်းမနှင့် သမီးဖြစ်သူနေသည့် တိုက်ခန်းကိုပါ အကြွေးဖြင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။
သို့ဖြင့် သူအိမ်..သူ့မိသားစုရှိရာသို့ လိုက်စုံစမ်းကြသည်။ သူ့အမေနှင့် အဖေမှာ ပင်စင်စားဖြစ်ကြပြီး သူများအိမ်
ဘေးတွင် အဖီလေးဆွဲနေကြရသည့်ဘဝ..DSA47ဆင်းဆိုသည်မှာလည်း အလိမ်ဇယား…ဗိုလ်သင်တန်းတွင် နှစ်
ပတ်သာ တက်ရပြီး ဆေးကျ၍ ပြန်လာရသည်..ထိုအပတ်စဉ်များထဲမှ တိုက်ပွဲကျသွားသည့် လူတယောက်၏
ကိုယ်ပိုင်နံပါတ်ကို ခပ်တည်တည်ယူကာ ဇာတ်လမ်းထွင်ထားခြင်းဖြစ်သည်။
ဟင်္သတတွင် ထိုကဲ့သို့ လိမ်ပြေးသွား၍ မိဘများမှာ သူလိမ်သွားသည့်အကြွေး အိမ်ရောင်းဆပ်ပေးရသော်လည်း
အကြွေးများက ဆပ်၍မကြေ..
ဤတွင် ကြီးတောင့်ကြီးမားမှ မန္တလေးသို့ ပြေးလာကာ ရှောင်တိမ်းနေကြရခြင်း
ဖြစ်သည်။ရဲစခန်းများသို့ လိုက်စုံစမ်းတော့မှ အဖြေပေါ်တော့သည်..
တကယ့် ရာဇဝင်လူလိမ်….
သူ့ကို အမှုဖွင့်ထားကြသည်မှာ မနဲမနော….
မိန်းမယူ..ကိုယ်ဝန်ဆောင်နေချိန်တွင် သူက ကိုယ်လွတ်ရုံးပြေးကာ
မိန်းမနှင့် ကလေးကို အကြွေးပတ်ချာလည်နှင့် ထားခဲ့ခြင်းဖြစ်သည်။
မိန်းမနှင့် ကလေးကို ထားရက်နိူင်တယ်ဟု တွေးမိသော မောင်မင်းစိုး ယခုတော့ နားလည်သွားပြီ..
သူက ဒီမိန်းမမှ ထားရက်ခဲ့တာမဟုတ်..
ရှေ့က မယားကြီးကိုလည်း အကြွေးပတ်ချာလည်နှင့် ထားရက်ခဲ့တာဖြစ်ပြီး
ထိုမယားကြီးများလည်း ယခုထိ သူယူသွားသောအကြွေးများကို ဆပ်၍ မပြီးသေး..
ခေါင်းမဖော်ဝံ့သေးသော ဘဝ..
ဟင်္သတနှင့် ရန်ကုန်တွင် သူလိမ်စားခဲ့ပြီးနောက် မန္တလေးသို့ရောက်လာ..
ဘဝကိုအောက်ခြေက ပြန်စ…
အပေါင်းအသင်းများသော ကျနော်ကဲ့သို့ လူမျိုးကို သေချာဝင်ရော….
တဖက်သူ၏ အတွင်းရေးကို မစပ်စုတတ် သော…မစပ်စုမိအောင် စောင့်ထိန်းကြသော ကျနော်တို့
အပေါင်းအသင်းများ၏ အကျင့်စရိုက်ကို သိသွားသောအခါ
ကျနော်တို့အပေါင်းအသင်းမ်ျးကြားတွင် ကုလားဖန်ထိုး .
အမျိုးမျိုးလှည့်ကာ လိမ်…
ကျနော်တို့ကို သိကြသော …ကျနော်တို့ကို ယုံကြည်သော လူများနှင့် ဝင်ရော…
ငွေကြေးအဆင်ပြေဆုံးသူထံတွင် အိမ်ပေါ်သို့ မရမက တက်နေကာ
ထိုသူ၏ လုပ်ငန်းများတွင် ယုံကြည်မှုရအောင် နှစ်ရှည်လများ ၇ နှစ်တာ တည်ဆောက်ပြ….
ပိုယုံသထက် ယုံစေရန် မြို့ခံ အလုပ်အကိုင်ရှိ မန္တလေးသူရှေ့နေနှင့် တရားဝင်အိမ်ထောင်ပြု..ကလေးယူ..
ထိုကလေးမွေးနေ့တွင် မိတ်ဆွေများကို ဖိတ်ကာ ဧည့်ခံ…
သူအပိုင်ဝယ်ထားသည့် တိုက်ခန်းတွင် သေချာဖိတ်ကြွေး…
လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ သူ့အကိုဖြစ်သူ၏ ရုံး.အိမ်သို့ လိုက်ပြ.
အရာအားလုံး..အရာအားလုံးမှာ တိုက်ဆိုင်မှုများ မဟုတ်ပဲ
စနစ်တကျ အကွက်ချအယုံသွင်းပြီး သူပြေးတော့မည့် တလအတွင်းမှာမှ
သူယုံကြည်မှုတည်ဆောက်ထားသည့် လူများကို တယောက်မကျန် ရသလောက်..လိမ်သွားသူဖြစ်သည်။
ကျနော် အလိမ်ခံရသဖြင့် ကိုမင်းစိုးက အယုံလွယ်တာကိုး.ခံရမှာပဲဟု တချို့က မှတ်ချက်ပြုကြပါလိမ့်မည်…
မြန်မာပြည်မြောက်ဖျားမှ တောင်ဖျားထိ ကူးသန်းမွှေနှောက်စီးပွားရှာနေသည့်
ဆောက်လုပ်ရေးသမားလည်း အလိမ်ခံရသည်။
မြဝတီ-ရန်ကုန်-မန္တလေး ကုန်ကူးနေသည့် ကုန်သည်လည်း အလိမ်ခံရသည်။
သတင်းဆောင်းပါးများစွာရေးသားခဲ့သည့် သတင်းထောက်များလည်း အလိမ်ခံလိုက်ရသည်။
ရဲဝန်ထမ်း..ထွေအုပ်ဝန်ထမ်းပါမကျန် သူ ရအောင် လိမ်လည်သွားသည်။
အသိုင်းအဝိုင်းတခုကို လိမ်လည်ရန် …လူပေါင်းစုံနေသော မောင်မင်းစိုးနှင့် ဘော်ဒါများ၏
ယုံကြည်မှုရရှိရန် ၂၀၁၄မှ ၂၀၂၁ထိ စိတ်ရှည်ရှည်နှင့် တခုချင်းတည်ဆောက်ပြပြီး
အချိန်ကျပြီဆိုမှ တယောက်မကျန် ပတ်လိမ်…
မိမိ မိသားစုရင်းချာများနှင့် မွေးထားသည့် ရင်သွေးကိုပါ ချနင်းပြီး လိမ်သွားသည့် ထိုလူလိမ်….
ယခုလို လိမ်လည်သွားသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပဲ
ဟင်္သာတတွင် တကြိမ်..ရန်ကုန်တွင် တကြိမ်….တကြိမ်
လိမ်ရန် ငါးနှစ်မှ ခြောက်နှစ်ထိ အချိန်ယူသည့် လူလိမ်တယောက်ကို
ယခုမှပင် မျက်ဝါးထင်ထင် တွေ့မိခြင်းဖြစ်သည်။
သူ့နောက်ကြောင်းကို လိုက်စုံစမ်းလေလေ..
အံ့သြမိလေလေဖြစ်ပြီး ဒီလူ ချမနင်းရဲတာ ဘာမှ မရှိပါလားဟုပင် တွေးမိသည်အထင်ပင်…
အစက စီးပွားရေးအဆင်မပြေ၍ လုပ်မိလုပ်ရာ လုပ်သွားသည်ဟု ထင်သော်လည်း
ယခု အကြောင်းစုံသိရသောအခါ ကျနော်တို့ရင်ဆိုင်လိုက်ရသည်မှာ
ပရော်ဖက်ရှင်နယ် ဝါရင့်သမ္ဘာရင့်အကြီးစားလူလိမ်…
မူလအစကား ရေးဖို့ရာမရှိ..ယခု လက်လှမ်းမီသလောက် လေ့လာစုံစမ်းကြည့်သောအခါ
မြို့ကြီးများတွင် မကျင်လည်တော့ပဲ အညာကျေးလက်ဒေသတခု..သို့မဟုတ်
တိုင်းရင်းသားနယ်မြေတခုဆီ သွားဖို့ဖြစ်နိူင်သည်ဟု အနီးစပ်ဆုံး ကောက်ချက်ဆွဲမိသည်။
ထိုလူကို ပြန်တွေ့လျှင်လည်း မိမိတို့ပါသွားသော ငွေများကို ရရန် မျှော်လင့်ချက်မရှိကြောင်း ကောင်းကောင်းသိ သည်။
သို့သော် ကျနော်တို့ အလိမ်ခံလိုက်ရသည်မှာ ငွေထက် ပိုတန်ဖိုးကြီးသည်။
ကျနော်တို့အုပ်စုသည် လူတယောက်ကို အလွယ်တကူ ဘော်ဒါရင်းအဖြစ် မသက်မှတ်.သက်မှတ်ခဲသည်။
ယခုနောက်ပိုင်းတွင် ပို၍ သက်မှတ်ခဲသည်။
သူ့ကို ကျနော်တို့ ကူညီခဲ့သော ငွေကြေးများသည်
အကျိုးအမြတ်မျှော်ကိုး၍ ချေးခဲ့သော ငွေမဟုတ်…
သူ့မိသားစုလေး အဆင်ပြေပါစေ…သူ့စီးပွားရေးလေး အဆင်ပြေပါစေဆိုကာ
သူများထံမှ အတိုးဖြင့်ဆွဲပြီးပေးခဲ့သော ငွေများဖြစ်သည်။
ထိုငွေဆုံးရှုံးသွားသည်ကို မကြောက်..လူငယ်ပီပီ အလုပ်ကို ပိုအားထည့်ကာ လုပ်မည်ဖြစ်သည်။
စီးပွားရေးသမားတော်တော်များများသည် ငွေလိမ်ခံရသော်လည်း ထုတ်မပြောကြ..ကြိတ်ခံကြသည်။
ငွေလည်းဆုံး..လူအထင်သေးလည်း ခံရတယ်ဟု ယူဆကြသည်။
ထိုလူလိမ်သည် ယင်းအချက်ကို ကောင်းကောင်းသိသည့်အတွက်
အနေအစားချောင်နေခြင်းဖြစ်ကာ သူ့အကြောင်း လူသိရှင်ကြား ထုတ်ဖော်မရေးသရွေ့
အနေအစားချောင်နေဦးမည်ဖြစ်သည်။
ယင်းအတွက် ကျွန်တော်နှင့် မိတ်ဆွေများ တိုင်ပင်ကြသည်။
ထိုလူလိမ် အနေအစားကြုံ့အောင် တက်နိူင်သမျှအားထုတ်မည်ဟု ရည်ရွယ်ကာ
အောက်ပါအတိုင်းဆုံးဖြတ်ပါသည်။
ရဲပိုင်..(ခ) ရဲရင့်ပိုင်.မှတ်ပုံတင်အမှတ်.၁၄/ဟသတ(နိူင်) 219492
အသက်လေးဆယ်ဝန်းကျင်..အသားဖြူဖြူ..စကားပြော ငြင်သာသည့် လူလိမ်၏ ပုံများကို
တချက်ဆေ့ဗ်ထားပေးပါ.
မိမိပတ်ဝန်းကျင်မှာ လူစိမ်းတွေ့လျှင် သတိထားကြည့်ပေးပါ…
ထိုလူစိမ်းဟာ အောက်က ရုပ်တွေနဲ့ ဆင်တယ်ဆိုလျှင် ဒီဖုန်းနံပါတ် 09428567117 ကို ဆက်သွယ်ပေးပါ..
ကျန်တာ ဘာမှလုပ်စရာမလိုပါဘူး..
ဘယ်မြို့..ဘယ်ရွာ..ဘယ်ဒေသမှာဖြစ်စေ..
ကျနော်တို့ဘာသာ ကျနော်တို့ လှုပ်ရှားဆောင်ရွက်သွားမှာပါ..
မိတ်ဆွေသတင်းပေးတာ မှန်ကန်တယ်ဆိုရင် ဆုငွေ သိန်းသုံးဆယ်ကျပ်တိတိ ကျေးဇူးတုံ့ပြန်ပါ့မယ်…
ခဗျားတို့ လုပ်ပေးဖို့လိုတာက နေရာ၊ဒေသနဲ့ တွေ့တဲ့အချိန်လေး ပြောပေးရုံပါပဲ..
ခဗျားတို့ သတင်းပေးကြောင်းလည်း ဘယ်သူမှ မသိစေရဘူးဆိုတာ အာမခံပါတယ်…
ကျနော်တို့ ဘာလို့ ငွေလိမ်ခံရတာကို ဒီလိုထပ်လုပ်ဖို့ ဆုံးဖြတ်သလဲဆိုတော့
ပထမတချက်…ကျနော်တို့အုပ်စုဟာ အသက် ၃၅-၄၀တန်း အစုံကြုံဖူးပေမယ့်
ဒီတကြိမ်ခံလိုက်ရတာဟာ ဘယ်လိုမှ တွေးထင်မထားလောက်အောင်
သူ့မိဘဆွေမျိုးအရင်းအချာသာမက သူ့မိန်းမ.သူ့သမီးတွေကိုပါ ချနင်းပြီး လိမ်သွားတဲ့အတွက်ပါ..
ငွေကြေးလောဘကြီးလို့ အလိမ်ခံလိုက်ရတာ လုံးဝမဟုတ်ပါ..
သူ့ကို ချေးသမျှတိုင်းဟာ အတိုးမပေးနဲ့ .အရင်းပြန်ဆပ်ရင်ကို ရပြီလို့ အတန်တန်ပြောပြီးမှ ချေးပေးလိုက်တဲ့သူတွေပါ
မြို့ပေါ်မှာနေပြီး နယ်စုံသွား လုပ်စားနေတဲ့လူတွေကိုတောင် လိမ်သွားတာမဟုတ်လောက်ပါဘူးလို့
အတွေးဝင်လောက်တဲ့အထိ သွေးအေးအေးနဲ့ လိမ်သွားနိူင်သူဟာ
လမ်းပန်းဆက်သွယ်ရေးမလွယ်ကူတဲ့ဒေသတွေမှာ ဘယ်လောက်တောင် ပတ်လိမ်လို့ ရသွားနိူင်မလဲဆိုတာ
တွေးကြည့်ရုံနဲ့ တော်တော်ဆိုးဆိုးပါပဲ…
မန္တလေး..ရန်ကုန်၊နေပြည်တော်စတဲ့မြို့ကြီးတွေမှာ ဒီလူချက်ခြင်းလှုပ်ရှားမှာမဟုတ်ပဲ
နယ်တွေကို ဆင်းပြီး နှစ်ရှည်လများအချိန်ယူပြီး လိမ်ဖို့ကြံစည်နေတယ်လို့
ကျနော်တို့ ယူဆတဲ့အတွက် ဒီပို့စ်ကို ဖတ်ပြီး ကျနော်တို့ အလိမ်ခံရတာဟာ
ကျနော်တို့ အယုံလွယ်လို့..လောဘကြီးလို့..အဆက်အသွယ်မရှိလို့ အလိမ်ခံရတာဟုတ်မဟုတ်
မိတ်ဆွေများ မှန်းဆကြည့်ပါ..
ဒုတိယတချက်ကတော့ ကျနော်တို့ဂုဏ်သိက္ခာအတွက်ပါ…
သူလိမ်သွားတဲ့ငွေဟာ ကျနော်တို့မှာ မရှိတဲ့ကြားက
မိတ်ဆွေတယောက် အဆင်ပြေအောင်ဆိုတဲ့ စေတနာနဲ့ ကျနော်တို့ကို ယုံကြည်တဲ့
တခြားသူတွေဆီကနေ အတိုးနဲ့ယူပေးလိုက်ရတဲ့ ငွေတွေဖြစ်ပါတယ်…
အဲဒီငွေကို ကျနော်တို့ သေချာပေါက် အချိန်တခုအတွင်း ပြန်ဆပ်မှာပါ..
ဒါပေမယ့် ကျနော်တို့ ပေးမယ်ဆိုတဲ့အချိန်မှာ မပေးနိူင်တော့ပါဘူး..
ကျနော်တို့အကြောင်းမဲ့ ကတိပျက်တာမဟုတ်ဘူး..
ဒီလူဟာ ဒီလိုလိမ်သွားတယ်ဆိုတာကို သက်သေပြနိူင်ဖို့အတွက် ဒီလူ့ကို ပြဖို့လိုပါတယ်..
ဒါကြောင့်ပါ..
အပန်းမကြီးရင် ဒီပို့စ်ကို ရှဲတာဖြစ်ဖြစ်..ကော်ပီယူတာဖြစ်ဖြစ် ပြန်တင်ပေးစေလိုပါတယ်ခဗျား…
(Zawgyi)
မိသားစုပါ ထိုးချသွားတဲ့ လူလိမ်အကြောင်းဖတ်ပေးပါ

ကားက အုံနာဘုတ္မပါ..
သို့သော်လည်း ထားလိုက်ပါမိန်းမရယ်..ဒီလူ ပြန်ဆပ်မှာပါဆိုတော့
မိန်းမက အင်တင်တင်ဖြစ်သော်လည်း သူ့မျက်နှာနှင့် ချေးလိုက်သည်။
သုံးလလောက်အကြာတွင်တော့ ကားသွားရောင်းမလို့ ခဏယူသွားမည်ဆိုကာ ယူသွားသည်။
မိန်းမက ဒီငွေတွေ ပြန်မဆပ်ရင် ဘယ်လိုလုပ်မလဲဟု မေးသည်။
သူ့အကိုက မန္တလေးက ဌာနတခုက ညွှန်မှုး..
သူ့မိန်းမက ကုမ္ပဏီကြီးတခုက အကြံပေးရှေ့နေ…
သူတို့နေတာက မြရည်နန္ဒာမှာ ..တိုက်ခန်းပါ အပိုင်ဝယ်ထားတာ…
ဒါတွေထားပြီးတော့ သူထွက်မပြေးပါဘူးဟာ.လုပ်ငန်းမှာ ငွေတကယ်ကြပ်နေလို့ နေမှာပါဆိုတော့ မိန်းမလည်း စိတ်ချသွားသည်။
လွန်ခဲ့သည့် ၁၂ လပိုင်းကုန်ကျ မိန်းမဆီ တခါထပ်လာသည်။
ရန်ကုန်ကို ငွေသွားထုတ်ရမှာမို့ စရိတ်ခဏပေးပါဆိုကာ နောက်ထပ် ဆယ့်ငါးသိန်းယူသွားပြန်သည်။
မချေးမချင်း မပြန်..မိန်းမကို မျက်ရည်ခံထိုးသည်။
၆ ရက်နေ့ လုံးဝဆပ်ပါ့မည်ဟု အာမအကြိမ်ကြိမ်ခံသည်မို့ မိန်းမလည်း ထပ်ချေးလိုက်သည်။
၆ရက်နေ့ ဖုန်းဆက်တော့ မကိုင်…၁၀ရက်နေ့မကိုင်….
သို့နှင့် သူသွားနေကျ မိတ်ဆွေအိမ်ရောက်တော့ ထိုမိတ်ဆွေလည်း ခေါင်းတောက်နေသည်။
ကိုပိုင်နဲ့ အဆက်အသွယ်မရလို့တဲ့…
သူ့မိန်းမဆီသွားတော့လည်း ထိုနည်းတူစွာပင်.ဘယ်သူမှ ဆက်သွယ်မရ…
ကိုပိုင် လိမ်သွားပြီလားဟု အတွေးဝင်လာသော်လည်း မဖြစ်နိူင်ဟု တွေးမိသည်။
သူသွားတာက နယ်စုံဆိုတော့ ဒီအချိန် လမ်းမှာ တခုခုများဖြစ်နေသလားတွေးကာ
လက်လှမ်းမီရာ စုံစမ်းမိသည်။
ဘာအဆက္အသြယ္မွမရ…
တပတ်ကျော်ကြာသည်အထိ ဖုန်းအဆက်အသွယ်မရ..
ကဲ..မိန်းမရေ..လိမ်သွားပြန်ပြီထင်ပါတယ်ဟု ကောက်ချက်ချလိုက်သောအခါ
မသီရီကား ကောင်းချီးပေးပါသည်။
ရတယ်…ငါပါသွားတာ သိန်းတရာကျော်..
အဲဒါနဲ့ နင် လူတွေအကြောင်း ..မိတ်ဆွေတွေအကြောင်း နားလည်သွားရင် တန်တယ်ဟု ပြောသည့်အခါ
သူ့မှာ ဘာပြန်ပြောရမှန်းမသိ.
တခုခုကြောင့် ကြန့်ကြာနေတာဖြစ်ပါစေ..
ခဗျား ကျနော့်မျက်နှာကို သိန်းတရာနဲ့ လဲရင်တောင
ခဗျားမိသားစုကို သိန်းတရာနဲ့တော့ မလဲနိူင်ပါဘူးဟု တွေးမိသေးသော်လည်း ဆုတောင်းကားမပြည့်….
သူ့မိန်းမဆီ သွားမေးသည့်အခါ အားလုံးကို လိမ်သွားကြောင်း သိလိုက်ရပေသည်။
သူ့မိန်းမအလုပ်ထဲမှ သူ့မိန်းမကို အာမခံခိုင်းကာ လိမ်သွားသည်က သိန်းတရာကျော်….
ကဲ.ငါ..အလိမ်ခံရသည့်အကြောင်း ဖေ့ဘွတ်ပေါ်တင်မလား…
လူအထင်သေးတာပဲ ခံရမည်
ဘယ်သူမှ သူ့ကို သနားမည်မဟုတ်…
နောက်ကွယ်မှာတောင် ဟားတိုက်နေကြဦးမည်ဆိုတော့
ကဲ…အံကြိတ်ခံပေါ့ မောင်မင်းစိုးရေဟု ကိုယ့်ဘာသာ အားပေးမိသည်။
အင်း..တော်ပါသေးတယ်လေ…
ငါတို့စီးပွားပျက်တဲ့အထိ အလိမ်မခံရတာဟု ဖြေသိမ့်မိသည်။
ပြောရမှာ ရှက်သောကြောင့် ဘယ်သူ့ကိုမှ မပြောဖြစ်..
သို့သော်လည်း ပြသနာက ဒီမှာတင်ပြီးမသွား.မောင်မင်းစိုးဆီ ဖုန်းတွေ တကောလ်ပြီး တကောလ်ဝင်လာသည်။
မိန်းမနှင့် အဆင်မပြေတိုင်း သူသွားနေသည့် မိတ်ဆွေပင် မကျန် ဘဏ်ငွေထုတ်ပေးမည်ဆိုကာ လိမ်သွားခြင်း…
သူနှင့် ခဏတဖြုတ်ပဲ ခင်မင်ဖူးသည့် ကျောင်းဆရာမလေးထံ
ခဏပဲညီမလေးဆိုကာ ဆိုင်ကယ်ငှားစီးပြီး အပြတ်ရောင်းစားသွားခြင်း…
သူတို့အုပ်စုနှင့်ခင်သည့် ပန်းရန်ဆရာပါမချန်..ယခုလ တလပိုင်းတွင် သားနှစ်ယောက်ရှင်ပြုရန် စုထားသည့်
ဘဏ်အပ်ငွေလေးကို ကော်မရှင်မယူပဲ ထုတ်ပေးမည်ဆိုကာ သိန်းရှစ်ဆယ်ကျော်လိမ်ပြေးသွားခြင်း…သူ တလ
ကို သုံးသိန်းနှင့် ငှားစီးနေသည့် ကားကို အပေါင်ဆိုင်တခုတွင်သူခိုးဈေးနှင့်ရောင်းစားသွားခြင်း…. လက်ရှိ ခု
နှစ်နှစ်အတွင်း သူပေါင်းသင်းသွားသည့် လူများအား တယောက်မကျန် လိမ်ရန်ကြိုးစားသွားခြင်းဖြစ်ပြီး တ
သိန်းရှိသူထံတသိန်း..ငါးသိန်းရှိသူထံ ငါးသိန်း.တွက်ချက်လိမ်သွားခြင်းဖြစ်သည်။
စီ့းပွားရေးသမားများထံမှ ငွေကို လိမ်သွားသည်သာမက မနဲရုန်းကန်နေရသည့် အောက်ခြေလူတန်းစားများ
ပါမချန်…သူတို့နှင့် သိသည့် လူတိုင်းကို ပတ်လိမ်သွားခဲ့ခြင်းဖြစ်နေသည်။
အဆိုးဆုံးအချက်ကတော့ သူကိုယ်တိုင် တင့်တောင်းတင့်တယ် တရားဝင်လက်မှတ်ထိုး မင်္ဂလာဆောင်ယူထား
သည့် မိန်းမနှင့် သမီးဖြစ်သူနေသည့် တိုက်ခန်းကိုပါ အကြွေးဖြင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။
သို့ဖြင့် သူအိမ်..သူ့မိသားစုရှိရာသို့ လိုက်စုံစမ်းကြသည်။ သူ့အမေနှင့် အဖေမှာ ပင်စင်စားဖြစ်ကြပြီး သူများအိမ်
ဘေးတွင် အဖီလေးဆွဲနေကြရသည့်ဘဝ..DSA47ဆင်းဆိုသည်မှာလည်း အလိမ်ဇယား…ဗိုလ်သင်တန်းတွင် နှစ်
ပတ်သာ တက်ရပြီး ဆေးကျ၍ ပြန်လာရသည်..ထိုအပတ်စဉ်များထဲမှ တိုက်ပွဲကျသွားသည့် လူတယောက်၏
ကိုယ်ပိုင်နံပါတ်ကို ခပ်တည်တည်ယူကာ ဇာတ်လမ်းထွင်ထားခြင်းဖြစ်သည်။
ဟင်္သတတွင် ထိုကဲ့သို့ လိမ်ပြေးသွား၍ မိဘများမှာ သူလိမ်သွားသည့်အကြွေး အိမ်ရောင်းဆပ်ပေးရသော်လည်း
အကြွေးများက ဆပ်၍မကြေ..
ဤတွင် ကြီးတောင့်ကြီးမားမှ မန္တလေးသို့ ပြေးလာကာ ရှောင်တိမ်းနေကြရခြင်း
ဖြစ်သည်။ရဲစခန်းများသို့ လိုက်စုံစမ်းတော့မှ အဖြေပေါ်တော့သည်..
တကယ့် ရာဇဝင်လူလိမ်….
သူ့ကို အမှုဖွင့်ထားကြသည်မှာ မနဲမနော….
မိန်းမယူ..ကိုယ်ဝန်ဆောင်နေချိန်တွင် သူက ကိုယ်လွတ်ရုံးပြေးကာ
မိန်းမနှင့် ကလေးကို အကြွေးပတ်ချာလည်နှင့် ထားခဲ့ခြင်းဖြစ်သည်။
မိန်းမနှင့် ကလေးကို ထားရက်နိူင်တယ်ဟု တွေးမိသော မောင်မင်းစိုး ယခုတော့ နားလည်သွားပြီ..
သူက ဒီမိန်းမမှ ထားရက်ခဲ့တာမဟုတ်..
ရှေ့က မယားကြီးကိုလည်း အကြွေးပတ်ချာလည်နှင့် ထားရက်ခဲ့တာဖြစ်ပြီး
ထိုမယားကြီးများလည်း ယခုထိ သူယူသွားသောအကြွေးများကို ဆပ်၍ မပြီးသေး..
ခေါင်းမဖော်ဝံ့သေးသော ဘဝ..
ဟင်္သတနှင့် ရန်ကုန်တွင် သူလိမ်စားခဲ့ပြီးနောက် မန္တလေးသို့ရောက်လာ..
ဘဝကိုအောက်ခြေက ပြန်စ…
အပေါင်းအသင်းများသော ကျနော်ကဲ့သို့ လူမျိုးကို သေချာဝင်ရော….
တဖက်သူ၏ အတွင်းရေးကို မစပ်စုတတ် သော…မစပ်စုမိအောင် စောင့်ထိန်းကြသော ကျနော်တို့
အပေါင်းအသင်းများ၏ အကျင့်စရိုက်ကို သိသွားသောအခါ
ကျနော်တို့အပေါင်းအသင်းမ်ျးကြားတွင် ကုလားဖန်ထိုး .
အမျိုးမျိုးလှည့်ကာ လိမ်…
ကျနော်တို့ကို သိကြသော …ကျနော်တို့ကို ယုံကြည်သော လူများနှင့် ဝင်ရော…
ငွေကြေးအဆင်ပြေဆုံးသူထံတွင် အိမ်ပေါ်သို့ မရမက တက်နေကာ
ထိုသူ၏ လုပ်ငန်းများတွင် ယုံကြည်မှုရအောင် နှစ်ရှည်လများ ၇ နှစ်တာ တည်ဆောက်ပြ….
ပိုယုံသထက် ယုံစေရန် မြို့ခံ အလုပ်အကိုင်ရှိ မန္တလေးသူရှေ့နေနှင့် တရားဝင်အိမ်ထောင်ပြု..ကလေးယူ..
ထိုကလေးမွေးနေ့တွင် မိတ်ဆွေများကို ဖိတ်ကာ ဧည့်ခံ…
သူအပိုင်ဝယ်ထားသည့် တိုက်ခန်းတွင် သေချာဖိတ်ကြွေး…
လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ သူ့အကိုဖြစ်သူ၏ ရုံး.အိမ်သို့ လိုက်ပြ.
အရာအားလုံး..အရာအားလုံးမှာ တိုက်ဆိုင်မှုများ မဟုတ်ပဲ
စနစ်တကျ အကွက်ချအယုံသွင်းပြီး သူပြေးတော့မည့် တလအတွင်းမှာမှ
သူယုံကြည်မှုတည်ဆောက်ထားသည့် လူများကို တယောက်မကျန် ရသလောက်..လိမ်သွားသူဖြစ်သည်။
ကျနော် အလိမ်ခံရသဖြင့် ကိုမင်းစိုးက အယုံလွယ်တာကိုး.ခံရမှာပဲဟု တချို့က မှတ်ချက်ပြုကြပါလိမ့်မည်…
မြန်မာပြည်မြောက်ဖျားမှ တောင်ဖျားထိ ကူးသန်းမွှေနှောက်စီးပွားရှာနေသည့်
ဆောက်လုပ်ရေးသမားလည်း အလိမ်ခံရသည်။
မြဝတီ-ရန်ကုန်-မန္တလေး ကုန်ကူးနေသည့် ကုန်သည်လည်း အလိမ်ခံရသည်။
သတင်းဆောင်းပါးများစွာရေးသားခဲ့သည့် သတင်းထောက်များလည်း အလိမ်ခံလိုက်ရသည်။
ရဲဝန်ထမ်း..ထွေအုပ်ဝန်ထမ်းပါမကျန် သူ ရအောင် လိမ်လည်သွားသည်။
အသိုင်းအဝိုင်းတခုကို လိမ်လည်ရန် …လူပေါင်းစုံနေသော မောင်မင်းစိုးနှင့် ဘော်ဒါများ၏
ယုံကြည်မှုရရှိရန် ၂၀၁၄မှ ၂၀၂၁ထိ စိတ်ရှည်ရှည်နှင့် တခုချင်းတည်ဆောက်ပြပြီး
အချိန်ကျပြီဆိုမှ တယောက်မကျန် ပတ်လိမ်…
မိမိ မိသားစုရင်းချာများနှင့် မွေးထားသည့် ရင်သွေးကိုပါ ချနင်းပြီး လိမ်သွားသည့် ထိုလူလိမ်….
ယခုလို လိမ္လည္သြားသည္မွာ ပထမဆုံးအႀကိမ္မဟုတ္ပဲ
ဟင်္သာတတွင် တကြိမ်..ရန်ကုန်တွင် တကြိမ်….တကြိမ်
လိမ်ရန် ငါးနှစ်မှ ခြောက်နှစ်ထိ အချိန်ယူသည့် လူလိမ်တယောက်ကို
ယခုမှပင် မျက်ဝါးထင်ထင် တွေ့မိခြင်းဖြစ်သည်။
သူ့နောက်ကြောင်းကို လိုက်စုံစမ်းလေလေ..
အံ့သြမိလေလေဖြစ်ပြီး ဒီလူ ချမနင်းရဲတာ ဘာမှ မရှိပါလားဟုပင် တွေးမိသည်အထင်ပင်…
အစက စီးပွားရေးအဆင်မပြေ၍ လုပ်မိလုပ်ရာ လုပ်သွားသည်ဟု ထင်သော်လည်း
ယခု အကြောင်းစုံသိရသောအခါ ကျနော်တို့ရင်ဆိုင်လိုက်ရသည်မှာ
ပရော်ဖက်ရှင်နယ် ဝါရင့်သမ္ဘာရင့်အကြီးစားလူလိမ်…
မူလအစကား ရေးဖို့ရာမရှိ..ယခု လက်လှမ်းမီသလောက် လေ့လာစုံစမ်းကြည့်သောအခါ
မြို့ကြီးများတွင် မကျင်လည်တော့ပဲ အညာကျေးလက်ဒေသတခု..သို့မဟုတ်
တိုင်းရင်းသားနယ်မြေတခုဆီ သွားဖို့ဖြစ်နိူင်သည်ဟု အနီးစပ်ဆုံး ကောက်ချက်ဆွဲမိသည်။
ထိုလူကို ပြန်တွေ့လျှင်လည်း မိမိတို့ပါသွားသော ငွေများကို ရရန် မျှော်လင့်ချက်မရှိကြောင်း ကောင်းကောင်းသိ သည်။
သို့သော် ကျနော်တို့ အလိမ်ခံလိုက်ရသည်မှာ ငွေထက် ပိုတန်ဖိုးကြီးသည်။
ကျနော်တို့အုပ်စုသည် လူတယောက်ကို အလွယ်တကူ ဘော်ဒါရင်းအဖြစ် မသက်မှတ်.သက်မှတ်ခဲသည်။
ယခုနောက်ပိုင်းတွင် ပို၍ သက်မှတ်ခဲသည်။
သူ့ကို ကျနော်တို့ ကူညီခဲ့သော ငွေကြေးများသည်
အကျိုးအမြတ်မျှော်ကိုး၍ ချေးခဲ့သော ငွေမဟုတ်…
သူ့မိသားစုလေး အဆင်ပြေပါစေ…သူ့စီးပွားရေးလေး အဆင်ပြေပါစေဆိုကာ
သူများထံမှ အတိုးဖြင့်ဆွဲပြီးပေးခဲ့သော ငွေများဖြစ်သည်။
ထိုငွေဆုံးရှုံးသွားသည်ကို မကြောက်..လူငယ်ပီပီ အလုပ်ကို ပိုအားထည့်ကာ လုပ်မည်ဖြစ်သည်။
စီးပွားရေးသမားတော်တော်များများသည် ငွေလိမ်ခံရသော်လည်း ထုတ်မပြောကြ..ကြိတ်ခံကြသည်။
ငွေလည်းဆုံး..လူအထင်သေးလည်း ခံရတယ်ဟု ယူဆကြသည်။
ထိုလူလိမ်သည် ယင်းအချက်ကို ကောင်းကောင်းသိသည့်အတွက်
အနေအစားချောင်နေခြင်းဖြစ်ကာ သူ့အကြောင်း လူသိရှင်ကြား ထုတ်ဖော်မရေးသရွေ့
အနေအစားချောင်နေဦးမည်ဖြစ်သည်။
ယင်းအတွက် ကျွန်တော်နှင့် မိတ်ဆွေများ တိုင်ပင်ကြသည်။
ထိုလူလိမ် အနေအစားကြုံ့အောင် တက်နိူင်သမျှအားထုတ်မည်ဟု ရည်ရွယ်ကာ
အောက်ပါအတိုင်းဆုံးဖြတ်ပါသည်။
ရဲပိုင်..(ခ) ရဲရင့်ပိုင်.မှတ်ပုံတင်အမှတ်.၁၄/ဟသတ(နိူင်) 219492
အသက်လေးဆယ်ဝန်းကျင်..အသားဖြူဖြူ..စကားပြော ငြင်သာသည့် လူလိမ်၏ ပုံများကို
တချက်ဆေ့ဗ်ထားပေးပါ.
မိမိပတ်ဝန်းကျင်မှာ လူစိမ်းတွေ့လျှင် သတိထားကြည့်ပေးပါ…
ထိုလူစိမ်းဟာ အောက်က ရုပ်တွေနဲ့ ဆင်တယ်ဆိုလျှင် ဒီဖုန်းနံပါတ် 09428567117 ကို ဆက်သွယ်ပေးပါ..
က်န္တာ ဘာမွလုပ္စရာမလိုပါဘူး..