စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော လုပ်ငန်းကြီး

ဇန်နဝါရီ ၁၆

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်ငန်းတစ်ခုသည် ယမန်နေ့ညက ဖေ့စ်ဘုတ်တွင် Live လွှင့်ကာ ကြေညာမှုပြုနေခဲ့ပြီး ၎င်းတို့လုပ်ငန်းသည် စစ်အာဏာသိမ်းပြီးကာလအတွင်း ဖမ်းဆီးမှုများမဖြစ်အောင်စီမံထားနိုင်ခဲ့သည်ဟုပါ အဆိုပါလုပ်ငန်း၏မန်နေဂျာဆိုသူက ပြောသွားခဲ့သည်။

သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်တွင်တည်ရှိသော Rainblow Myanmar သည်အနှိပ်ခန်းဟုဗန်းပြကာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်ကြောင်း အမျိုးသမီးငယ်များကိုပါပြသကာ စျေးနှုန်းများပါကြေညာသွားခဲ့သည်။

အဆိုပါပြည့်တန်ဆာလုပ်ငန်းကို ပေါ်ပေါ်ထင်ထင်လုပ်သော်လည်း စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးကာလ အာဏာပိုင်များနှင့်ချိတ်ဆက်ထားသည်ဟု မန်နေဂျာက Live တွင် ဝန်ခံပြောသွားသည်။

” ကျွန်တော် ရလပိုင်း ၂ရက်နေ့က စပြီး ဒီမှာ အလုပ်လုပ်တာ ဆိုင်စဖွင့်ကတည်းက အလုပ်လုပ်တာပါ ကျွန်တော်လုပ်နေတာ ခြောက်လ ကျော်ရှိပါပြီ။ ဒီလို ဖမ်းတာတွေ အရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘာဖိအားပေးတာကိုမှ မကြုံဖူးဘူးဗျ။ လုံးဝအေးအေးဆေးဆေးပါပဲ။

လူကြီးပိုင်း​ဆိုင်ရာတွေနဲ့ အားလုံးအဆင်ပြေ ချောမွေ့အောင် သူတို့ဘာသာ လုပ်ထားပြီးသား အားလုံးစီစဉ်ထားပြီးသားပါ။ ဘယ်လိုပြသနာမှ ရှိလာစရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု သူက ပြောသည်။

Rainbow Myanmar ပြည့်တန်ဆာလုပ်ငန်းသည် ကနဦးက သာကေတတွင်ဖွင့်လှစ်ခဲ့ပြီး လှည်းတန်းသို့ပြောင်းရွှေ့ခဲ့ကာ မကြာသေးခင်ကမှ သင်္ကန်းကျွန်းမြို့နယ်သို့ထပ်မံပြောင်းခဲ့သည်။

“ဆိုင်က RK (Rich kids) သီးသန့်ကို အားကိုးတဲ့ဆိုင်မို့ ကိုယ်​ရေးကိုယ်တာအချက်အလက်တွေ

ကို လုံးဝထိန်းသိမ်းပေးပါတယ်။ ဆိုင်ကိုလာတဲ့ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံးဝမပေါက်ကြားစေရဘူး။ ဓာတ်ပုံရိုက်တာမျိုး ကားတွေနဲ့ ပုံရိုက်တာမျိုး လုံးဝမရှိစေရဘူး” ဟု မန်နေဂျာဆိုသူကပြောသည်။

Live လွှင့်ရာတွင် အမျိုးသမီးတစ်ဒါဇင်ခန့်ကို ပြသမိတ်ဆက်သွားခဲ့သည်။

တရားမဝင်ဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းသည် ယခင်ကတည်းကရှိသော်လည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် Live လွှင့်ကြေညာရဲသည်ကတော့ရှားရှားပါးပါးဖြစ်သည်။

crd

Add a Comment

Your email address will not be published.