စီးပွား တက်မည့်အိမ် (မဖတ်ထားရင် နောင်တရမယ်နော်)

စီးပွား တက်မည့်အိမ် (မဖတ်ထားရင် နောင်တရမယ်နော်)

မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင်ပြီး အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ …။

(1) ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများမပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပေးပါ …။

(2) ဘုရားရှိခိုးလျင် အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ အိမ်ဝန်းအတွင်း မှီတင်းနေထိုင်စောင့်ရှောက် ကြသော နတ်မြတ်နတ်ကောင်းများ၊ မြင်အပ်မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပေးပါ …။

(3) အလွန်ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပါ။ ည ၁၂ နာရီ နောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်ဝ စေပါတယ် …။

(4) အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေဆို လွှတ်ပစ်လိုက်ပါ။အိမ်မှာ လိုအပ်တာတွေသာ အဓိကထားပါ …။

(5) အိမ်ကို တံမြက်စည်းလှည်းလျှင် နံနက်လှည်းလျှင် အိမ်ရှေ့မှအိမ်နောက်သို့ လှည်းပါ။ ညနေနှင့် ညဘက်လှည်းလျှင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ …။

(6) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့။ မကုန်မီ ကြိုတင်၍ ဝယ်ပါ …။

(7) အိမ်ရှိလှေကားများ ကျိူးပျက်နေပါက တတ်နိုင်သမျှ အလျှင်အမြန်ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကိုလည်း ဖိတ်ခေါ်စေပါတယ် …။ ။

ခရက်ဒစ် – မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*