ဝမ်းရေးအတွက် တိုလီမိုလီလေးတွေ ရောင်းနေတဲ့ အဖိုးအဖွားတို့ ဇနီးမောင်နှံကို ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်…






Credit – Cele Zone

UNICODE
ဝမ်းရေးအတွက် တိုလီမိုလီလေးတွေ ရောင်းနေတဲ့ အဖိုးအဖွားတို့ ဇနီးမောင်နှံကို ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်…

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဒီနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာလည်း တစ်ရှူး၊ဘောပင်၊စာအုပ်စတဲ့ တိုလီမိုလီလေးတွေရောင်းကာ ဝမ်းရေးဖြေရှင်းနေရတဲ့ အဖိုးအဖွားလင်မယားစုံတွဲကို တတ်နိုင်သလောက်သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးတို့ စုံတွဲထံသွားရောက်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုပဲဖော်ပြထားခဲ့ပါတယ်။

“ဘဘတို့ဇနီးမောင်နှံဈေးရောင်းနေတဲ့ ဗဟန်းမြို့နယ် ၊အနောက်မျဉ်းပြိုင်ကွင်းလမ်း ဗိုလ်ဗထူးလမ်းထိပ် ကို အစ်မတစ်ယောက်ရဲ့လမ်းညွှန်ပေးမှူကြောင့် ဒီနေ့ရောက်ဖြစ်ခဲ့ပါတယ် ။ “ဘဘ တို့ ဒါလေးတွေရောင်းတာ ဘယ်လောက်ကြာပြီလဲဗျ “ “၇ နှစ်လောက် ရှိပါပြီ “ “အခုရော အရောင်းအဝယ်ကောင်းရဲ့လားဗျ

“ “ပုံမှန်တော့မရှိပါဘူး သားရယ်…” “ဪ ….ပေါင်ချိန်လို့လဲ ရတာဘဲ …ပေါင်တစ်ခါချိန် ဘယ်လောက်လဲ အဘ…” “၂၀၀ ပါ သား …” “ဟုတ်ပြီဗျာ …ပေါင်ချိန်မယ်… ဒီပြက္ခဒိန်ကရော….” “၇၀၀ ပါ သား…” “ဒါဆို ပေါင်ချိန်တာရယ် ပြက္ခဒိန် ၊သွားကြားထိုးတံ တစ်ထုပ်ယူမယ်…ရော့ ဒါက ဘဘတို့ ဇနီးမောင်နှံကို ဂုဏ်ပြုတာ တစ်သိန်းကျပ် …”“ဟာ…ပျော်လိုက်တာ….”“တကယ်ပျော်တာလား ဘဘ…”“ပျော်တာပေါ့…ဟီးဟီး…အရမ်းပျော်တာ…”

“ဒါသားတစ်ယောက်ထဲ လှူတာမဟုတ်ပါဘူးသားဆီကို ပါဝင်လှူဒါန်းကြသူကြောင့်ဘဘ တို့ကို လှူနိုင်တာပါ …အလှူရှင်တွေကို ဆုတောင်းပေးလိုက်ပါဦး…”“ကျန်းမာ ချမ်းသာ ကြပါစေကွယ်…”(ဘဘ ကပျော်ပြီးရယ်နေတာ မရပ်တော့ဘူး)” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အဖိုးတို့ ပျော်ရွှင်နေတာကြောင့် သူလည်း ပီတိဖြစ်နေခဲ့ကြောင်းမျှဝေထားခဲ့တာပါ။

ပရိသတ်ကြီးရေ မိုးစက်ကတော့ တကယ်ကိုပီတိဖြစ်ရတဲ့ပကာသနမပါတဲ့ ဒါနအလှူလေးဖြစ်ကြောင်းနဲ့ အဖိုးတို့ ဈေးရောင်းတဲ့ လိပ်စာလေးလည်း တင်ပေးထားပြီး အားပေးကြဖို့ရယ်၊ သူနဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကျန်းမာချမ်းသာ စေဖို့လည်း ဆုတောင်းပေးထားခဲ့ပါသေးတယ်။
Credit – Cele Zone

Be the first to comment

Leave a Reply

Your email address will not be published.


*