ကံဆိုးစွာနဲ့ ဗုံးစင်ခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ MRTV-4 မင်းသားချော ကျော်သက်ဝေ…




Credeit – MYANMALOAD

UNICODE
ကံဆိုးစွာနဲ့ ဗုံးစင်ခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ MRTV-4 မင်းသားချော ကျော်သက်ဝေ…

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များ ၊ ခန့်ညားလွန်းတဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ညှို့ယူဖမ်းစားထားသူကတော့ မော်ဒယ်မင်းသား ကျော်သက်ဝေ ပါပဲ။

သူဟာ ယမန်နေ့က ကံဆိုးစွာနဲ့ ဗုံးစင်ခံခဲ့ရပြီး ဒဏ်ရာအချို့ရရှိခဲ့တယ်လို့ သိရပါတယ်။ ထို အကြောင်းအရာကို သူ့ရဲ့ Facebook account မှာ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း အလွန်စိုးရိမ်ခဲ့ကြရပါတယ်။

သူ ဟာ ဗုံးအစင်ခံရပြီးနောက် ခြေထောက်နဲ့ လက်တွင် ဒဏ်ရာအချို့ရရှိခဲ့တဲ့အတွက် မြောက်ဥက္ကလာဆေးရုံကြီး သို့ သွားရောက်ခဲ့တယ်လို့သိရပါတယ်။ နောက်ဆက်တွဲအနေနဲ့ နားအူတဲ့ ဝေဒနာကို ဆက်တိုက်ခံစားနေရတယ်လို့ ဆိုပါတယ်။ ကိုကျော်သက်ဝေတစ်ယောက်အမြန်ဆုံးပြန်လည်သက်သာပါစေလို့ဆုတောင်းလိုက်ရပါတယ်။
Credeit – MYANMALOAD

Add a Comment

Your email address will not be published.