အချစ်ရဆုံးသားကြီးမရှိတော့တာမို့ အမေများနေ့ဆိုတာ ဘာအဓိပ္ပာယ်မှမရှိတော့ဘူးဆိုတဲ့ ခင်မြတ်မွန်

အဆိုတော် ခင်မြတ်မွန်ကတော့ သူမရဲ့ အသည်းတစ်ခြမ်းဖြစ်တဲ့ သားကြီးရေမွန်ကို ဆုံးရှုံးလိုက်ရပြီးနောက် နေ့ရက်တိုင်းကို စိတ်ပင်ပန်း၊ လူပင်ပန်းစွာနဲ့ ရပ်တည်နေရသူတစ်ယောက်ဖြစ်ပါတယ်။

သားကိုဆုံးရှုံးရတဲ့မိခင်တစ်ယောက်ပီပီ နေ့စဉ်နေ့တိုင်း သားကိုသတိရတမ်းတနေတဲ့ ခင်မြတ်မွန်ဟာ မနေ့က ဇန်နဝါရီလ (၁၆) ရက်နေ့မှာကျရောက်တဲ့ အမေများနေ့မှာ အခြားမိခင်တွေနည်းတူမပျော်ရွှင်နိုင်တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“လွန်ခဲ့တဲ့ 3/4 ရက်ထဲက ဟိုတွေးဒီတွေး တွေးရင်း တွတ်ပီကို အရမ်းသတိရနေခဲ့တာ။ ဒီရက်ထဲအလုပ်တွေလုပ်၊ပင်ပန်းပြီး F.b လဲမကိုင်နိုင်ဘူး။ H.m.d ကိုလဲသတိမရ၊

မေ့လျော့နေခဲ့တယ်။ မနေ့ညကကြည့်တော့မှ သူများတွေသူတို့အမေတွေကို ဂါရဝပြု နှုတ်ဆက်တာတွေတင်ထားလို့ H.m.d ရောက်ပြီ..သိလိုက်ရတာ။

သိတော့ရော ကိုယ့်အတွက် ဘာမှမထူးတော့ပါဘူး။ အချစ်ဆုံးကြီးမှ မရှိတော့တာ Happy mother’s day ဆိုတာ အဆင်ပြေပျော်ရွှင်နေတဲ့ အမေတွေနဲ့ဘဲ လိုက်ဖက်သင့်တော်တာပါ။ ရင်ကွဲနာကျနေတဲ့အမေနဲ့မသက်ဆိုင်တော့ပါဘူး။ ”

“23.6.21 နေ့ထဲကပျော်ရွှင်မှုတွေ အပြီးသတ်ပျောက်ဆုံးခဲ့ပြီမို့ H.m.d ကိုမေ့ထားကာမှ တုံတုံက Pizza တစ်ဘူးမှာပေးတယ်။ တွတ်ပီလေးသာရှိသေးရင် ဒီအချိန် သူ့အလုပ်တွေရှုပ်နေတဲ့ကြားကပေါက်ချလာပြီး

အိမ်တံခါးလာခေါက်မယ်။ တံခါးဖွင့်လိုက်တာနဲ့ Happy mother’s day မေကြီးဆိုပြီး ပါးပြင်ကိုရွှတ်ခနဲနမ်း မအေကြိုက်တတ်တဲ့ Pizza တို့ 77 Cheese Cake တို့

လာပို့ဦးမှာအသေအချာ !!!  အမေကိုအရမ်းချစ်တဲ့သား အမေကလဲအရမ်းချစ်ခဲ့ရတာမို့ အရမ်း လွမ်းတယ် တွတ်ပီ !!! ရောက်ရှိရာဘုံဌာနမှာ အဆင်ပြေအေးချမ်း‌ပျော်ရွှင်ပါစေ.. ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ခင်မြတ်မွန်ပြောတဲ့စကားထဲက ဆိုတာ အဆင်ပြေပျော်ရွှင်နေတဲ့ အမေတွေနဲ့ဘဲ လိုက်ဖက်သင့်တော်တာပါ။ ရင်ကွဲနာကျနေတဲ့အမေနဲ့မသက်ဆိုင်တော့ပါဘူး

ဆိုတဲ့ စကားတစ်ခွန်းကတော့ ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေပါတယ်။ ခင်မြတ်မွန်တစ်ယောက် နောက်ဘဝဆက်တိုင်းမှာ ပျော်ရွှင်ပြည်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*