ငြိမ်နေသည့် ရွှေဈေး ကောလာဟလသတင်းများကြောင့် ပြန်တက်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီဇင်ဘာလ ၁၁ ရက် ဒီနေ့ မနက်ပိုင်း စျေးအရ အကယ် ဒမီ မီးလင်းရွှေအဖွင့်စျေးက

တစ်ကျပ်သားကို ၁၈ သိန်း တစ်သောင်းကျပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျပ် ၁၇ သိန်း ၉ သောင်း၀န်းကျင်ကို ပြန်ကျဆင်းသွားခဲ့တယ်လို့ ရွေးစျေးကွက်အတွင်းက သိရပါတယ်။….

အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်လည် ကျဆင်းခဲ့တဲ့ မြန်မာ့ရွှေစျေးက ပြီးခဲ့တဲ့ နို၀င်

ဘာ လဆန်းပိုင်းမှာ ကျပ် ၁၈ သိန်းအထက်ကို တစ်ကြိမ်ပြန်လည်မြင့်တက်ခဲ့ပေမဲ့ အကြမ်းမျဥ်းအားဖြင့် တစ်ကျပ်သားကို ကျပ် ၁၇သိန်း ၇သောင်း နဲ့ ကျပ် ၁၈ သိန်း အကြားမှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။….

ရန်ကုန်လေဆိပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ၇က်နေ့က ငွေစ က္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆို တဲ့အတည်မပြုနိုင်သေးတဲ့ သတင်းတွေကြောင့် အခုလို ရွှေစျေးရုတ်တရုတ်ပြန်လည်မြင့် တက်ခဲ့တာဖြစ်တယ်လို့ ရွှေကုန်သည် တစ်ဦးက ဆိုပါတယ်။….

“ဟုတ်ပါတယ်။ အဲဒီ ကောလဟာလသတင်းတွေကြောင့် တက်လာတာပါ။အခုပြန်ကျသွားပါပြီ” လို့ ရွှေကုန်သည် တစ်ဦးကဆိုပါတယ်။

ပြည်တွင်းမှာငွေစက္ကူသစ်တွေ ရိုက်ထုတ်လာရင် မြန်မာငွေကြေးဖောင်းပွလာမှာဖြစ်ပြီး ကျပ် ငွေတန်ဖိုး ပိုကျဆင်းလာမယ့်စိုးရိမ်စိတ်တွေနဲ့ ရွှေ၊ဒေါ်လာဝယ်လိုအားများလာပြီး ဈေးအတက်ဘက် ရောက်နိုင်ပါတယ်။….

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ထိန်းမရအောင် ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ ရွှေ

စျေး ကျပ် ၂၂သိန်းကျော် ထိစံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ ငွေကြေးစျေးကွက်မှာလည်း ဒေါ်လာစျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀၀န်းကျင်ထိ မြင့်တက်ခဲ့ ပါတယ်။…

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလက တစ်ဒါ်လာတန်ဖိုး ကျပ်၁၃၅၀ဝန်းကျင်သာရှိခဲ့ပြီး၊ရွှေဈေးက တစ်ကျပ်သားကို

ကျပ်၁၃သိန်းဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။….

ပြီးခဲ့တဲ့ ရက်ပိုင်းက ငွေစက္ကူ ကျပ် ၂ သောင်းတန်နဲ့ ၅ သောင်းတန် အသစ်တွေ ထုတ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။…..

credit all

Be the first to comment

Leave a Reply

Your email address will not be published.

*