၆ လနီးပါး ပိတ်ထားတဲ့ လွယ်ကျယ်-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

၆ လနီးပါး ပိတ်ထားတဲ့ လွယ်ကျယ်-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကို ဇန်နဝါ ရီ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ၆ လနီးပါးပိတ်ထားခဲ့တဲ့ တရုတ် မြန်မာ နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ လောက်ကိုင်(ချင်းရွှေဟော်)၊ မူဆယ် ကြူကုတ်(ပန်ဆိုင်း)၊ကန်ပိုက်တီးနဲ့ လွယ်ကျယ် စတဲ့မြို့တွေမှာ ကုန်သွယ်မူ့တွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့သိရပါတယ်။

ဂိတ်ဖွင့်လှစ်သည့်ကနဦးအနေဖြင့် တစ်ရှူးငှက်ပျောကား ကိုးစီးနှင့်ကြံကားခြောက်စီး စုစုပေါင်း ၁၅ စီးအား ကုန်သွယ်မှု နမူနာပုံစံဖြင့် ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းများနှင့် အတူစနစ်တကျလုပ်ဆောင်ခဲ့ကြရကြောင်း ကားလုပ်ငန်းရှင်များကပြောကြားသည်။မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်-လိုင်းရင်းဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူးငှက်ပျောကားများသည် ငှက်ပျောသီးများအား စွန့်ပစ်ခဲ့ရကြောင်းလည်းသိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှလွန်ခဲ့သည့် ၃ နှစ်ကျော်က တစ်ရှူးငှက်ပျောကားများအစီးရေ ၃ ထောင်ကျော်မှ ၅ ထောင်ကျော် အထိကုန်သွယ်မှုပြုခဲ့ကြောင်းသိရသည်။ဖွင့်လှစ်ပြီးတဲ့ တရုတ်နယ်စပ်ဂိတ်ပေါက်တွေထဲက အခြားသောမြို့များကဂိတ်ပေါက်များက အဆင်ပြေတယ်လို့ယူဆရပေမဲ့ တနိူင်ငံလုံးရဲ့တရုတ်နယ်စပ်ကုန်သွယ်မူ့ ၇၅% ကို ၃၄ နှစ် နီးပါးကုန်သွယ်ခဲ့တဲ့ မူဆယ် (ရွှေလီ ကျယ်ခေါင်)နယ်စပ်ဂိတ်ပေါက်ကဖွင့်တာ ၂ လ ပြည့်ပေမဲ့ ယနေ့ချိန်ထိဇယားမငြိမ်သေးဖူးလို့ဆိုနိူင်တယ်။

တရုတ်ဖက်က ကျယ်ခေါင်ကို ပိတ်သိမ်းတာလိုလိုနဲ့ ကျင်စန်းကျော့ကို ရွေ့ကြမှာလားစတဲ့ မတိမကျ မရေမရာနဲ့အချိန်နဲ့အမျှ နှစ်နိူင်ငံဖက်ကပြောင်းလဲနေတဲ့မူဝါဒတွေ ငွေပေးချေမူ့တွေအပြင် ကွန်တိန်နာ ရှန်တိန်ကားခတွေကလည်း အတည်ပြုညှိနိူင်းပေမဲ့အဆင်မပြေဘူးလို့လည်းသိရပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ ”တရုတ်ဖက်ကသွင်းကုန်က စျေးတက်ရောင်းလို့မဝယ်မဖြစ် မသုံးမဖြစ် စျေးတက်ပေမဲ့ မရှိတော့လည်း သုံးဖို့တော့တက်စျေး အမြင့်နဲ့ဝယ်ကြရတာဘဲ။ကိုယ့်ဖက်က ပို့တဲ့ ပို့ကုန်သီးနှံ စတာတွေကြပြန်တော့ တရုတ်ပေးတဲ့အောက်စျေးနဲ့မရောင်းခြင်လည်းရောင်းခဲ့ ကြလို့ ခွက်ခွက်လန် ရူံးနေကြပေမဲ့ ရွေးချယ်စရာကမရှိပြန်ဖူး။

ပို့ဆောင်ရတဲ့ကုန်သွယ်ရာလမ်းတလျောက်မှာလည်း ချက်ပွိုင့်မဟုတ်တဲ့ မိုဘိုင်းဝါးတားဂိတ်တွေ တားဆီးမေးမြန်းစစ်ဆေးနေကြတာ ဒုနဲ့ဒေး၊တိုင်ကြား နိူင်သည်ဆိုတဲ့ V9 ဆိုင်းဘုတ်တွေတော့ ရှိပေမဲ့ ဘယ်ကားဆရာက အချိန်ကုန်ခံအညိုးတေးခံပြီး မတိုင်ရဲပြန်ဖူး။ချက်ပွိုင့် မဟုတ်ဘဲတားဆီးတဲ့နေရာတိုင်း အကုန် ဂွင်ဖန်တီးနေတဲ့နေရာဆိုတာအသိသာချည်းဘဲ”လို့ သူ့ရဲ့အတွေ့အကြုံကိုပြန်လည်ပြောပြထားပါတယ်။

Zawgyi

၆ လနီးပါး ပိတ္ထားတဲ့ လြယ္က်ယ္-တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးဂိတ္ ျပန္လည္ဖြင့္လွစ္

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ရွိ ျမန္မာ-တ႐ုတ္ နယ္စပ္ဂိတ္တစ္ခုျဖစ္သည့္ လြယ္ဂ်ယ္-လိုင္းရင္း နယ္စပ္ဂိတ္ကို ဇန္နဝါ ရီ ၁၇ ရက္ မြန္းလြဲပိုင္းက ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။လက္ရွိမွာ ၆ လနီးပါးပိတ္ထားခဲ့တဲ့ တ႐ုတ္ ျမန္မာ နယ္စပ္ဂိတ္ေပါက္ေတြျဖစ္တဲ့ ေလာက္ကိုင္(ခ်င္းေ႐ႊေဟာ္)၊ မူဆယ္ ၾကဴကုတ္(ပန္ဆိုင္း)၊ကန္ပိုက္တီးနဲ႔ လြယ္က်ယ္ စတဲ့ၿမိဳ႕ေတြမွာ ကုန္သြယ္မူ႔ေတြ ျပန္လည္ဖြင့္လွစ္လိုက္ၿပီလို႔သိရပါတယ္။

ဂိတ္ဖြင့္လွစ္သည့္ကနဦးအေနျဖင့္ တစ္ရႉးငွက္ေပ်ာကား ကိုးစီးႏွင့္ႀကံကားေျခာက္စီး စုစုေပါင္း ၁၅ စီးအား ကုန္သြယ္မႈ နမူနာပုံစံျဖင့္ ကိုဗစ္ကာကြယ္ေရးစည္းမ်ဥ္းမ်ားႏွင့္ အတူစနစ္တက်လုပ္ေဆာင္ခဲ့ၾကရေၾကာင္း ကားလုပ္ငန္းရွင္မ်ားကေျပာၾကားသည္။ျမန္မာ-တ႐ုတ္နယ္စပ္ လြယ္ဂ်ယ္-လိုင္းရင္းဂိတ္ကို အခ်ိန္မီမဖြင့္ႏိုင္သျဖင့္ တစ္ရႉးငွက္ေပ်ာကားမ်ားသည္ ငွက္ေပ်ာသီးမ်ားအား စြန႔္ပစ္ခဲ့ရေၾကာင္းလည္းသိရသည္။

လြယ္ဂ်ယ္နယ္စပ္ဂိတ္မွလြန္ခဲ့သည့္ ၃ ႏွစ္ေက်ာ္က တစ္ရႉးငွက္ေပ်ာကားမ်ားအစီးေရ ၃ ေထာင္ေက်ာ္မွ ၅ ေထာင္ေက်ာ္ အထိကုန္သြယ္မႈျပဳခဲ့ေၾကာင္းသိရသည္။ဖြင့္လွစ္ၿပီးတဲ့ တ႐ုတ္နယ္စပ္ဂိတ္ေပါက္ေတြထဲက အျခားေသာၿမိဳ႕မ်ားကဂိတ္ေပါက္မ်ားက အဆင္ေျပတယ္လို႔ယူဆရေပမဲ့ တႏိူင္ငံလုံးရဲ႕တ႐ုတ္နယ္စပ္ကုန္သြယ္မူ႔ ၇၅% ကို ၃၄ ႏွစ္ နီးပါးကုန္သြယ္ခဲ့တဲ့ မူဆယ္ (ေ႐ႊလီ က်ယ္ေခါင္)နယ္စပ္ဂိတ္ေပါက္ကဖြင့္တာ ၂ လ ျပည့္ေပမဲ့ ယေန႔ခ်ိန္ထိဇယားမၿငိမ္ေသးဖူးလို႔ဆိုႏိူင္တယ္။

တ႐ုတ္ဖက္က က်ယ္ေခါင္ကို ပိတ္သိမ္းတာလိုလိုနဲ႔ က်င္စန္းေက်ာ့ကို ေ႐ြ႕ၾကမွာလားစတဲ့ မတိမက် မေရမရာနဲ႔အခ်ိန္နဲ႔အမွ် ႏွစ္ႏိူင္ငံဖက္ကေျပာင္းလဲေနတဲ့မူဝါဒေတြ ေငြေပးေခ်မူ႔ေတြအျပင္ ကြန္တိန္နာ ရွန္တိန္ကားခေတြကလည္း အတည္ျပဳညႇိႏိူင္းေပမဲ့အဆင္မေျပဘူးလို႔လည္းသိရပါတယ္။

လုပ္ငန္းရွင္ေတြရဲ႕ ေျပာျပခ်က္အရ ”တ႐ုတ္ဖက္ကသြင္းကုန္က ေစ်းတက္ေရာင္းလို႔မဝယ္မျဖစ္ မသုံးမျဖစ္ ေစ်းတက္ေပမဲ့ မရွိေတာ့လည္း သုံးဖို႔ေတာ့တက္ေစ်း အျမင့္နဲ႔ဝယ္ၾကရတာဘဲ။ကိုယ့္ဖက္က ပို႔တဲ့ ပို႔ကုန္သီးႏွံ စတာေတြၾကျပန္ေတာ့ တ႐ုတ္ေပးတဲ့ေအာက္ေစ်းနဲ႔မေရာင္းျခင္လည္းေရာင္းခဲ့ ၾကလို႔ ခြက္ခြက္လန္ ႐ူံးေနၾကေပမဲ့ ေ႐ြးခ်ယ္စရာကမရွိျပန္ဖူး။

ပို႔ေဆာင္ရတဲ့ကုန္သြယ္ရာလမ္းတေလ်ာက္မွာလည္း ခ်က္ပြိဳင့္မဟုတ္တဲ့ မိုဘိုင္းဝါးတားဂိတ္ေတြ တားဆီးေမးျမန္းစစ္ေဆးေနၾကတာ ဒုနဲ႔ေဒး၊တိုင္ၾကား ႏိူင္သည္ဆိုတဲ့ V9 ဆိုင္းဘုတ္ေတြေတာ့ ရွိေပမဲ့ ဘယ္ကားဆရာက အခ်ိန္ကုန္ခံအညိဳးေတးခံၿပီး မတိုင္ရဲျပန္ဖူး။ခ်က္ပြိဳင့္ မဟုတ္ဘဲတားဆီးတဲ့ေနရာတိုင္း အကုန္ ဂြင္ဖန္တီးေနတဲ့ေနရာဆိုတာအသိသာခ်ည္းဘဲ”လို႔ သူ႔ရဲ႕အေတြ႕အႀကဳံကိုျပန္လည္ေျပာျပထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*