မွေးနေ့မှာ ဝမ်းရေးအတွက်‌ဈေးရောင်းနေရတဲ့ ၇၈နှစ်အရွယ်အဖိုးကို မိုးစက်နှင့်စုပေါင်းပြီး ကူညီထောက်ပံ့ခဲ့တဲ့ ဦးမိုးဒီ

မွေးနေ့မှာ ဝမ်းရေးအတွက်‌ဈေးရောင်းနေရတဲ့ ၇၈နှစ်အရွယ်အဖိုးကို မိုးစက်နှင့်စုပေါင်းပြီး ကူညီထောက်ပံ့ခဲ့တဲ့ ဦးမိုးဒီ

ပရိသတ်ကြီးရေ ဦးမိုးဒီကတော့ ပရိသတ်တွေရဲ့ ရင်ထဲအသဲထဲမှာ နေရာယူနိုင်ထားတဲ့ ဝါရင့်သဘာရင့် ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် လူရွှင်တော်ပရိသတ်အချစ်တော် အနု ပညာရှင်တစ်ယောက်အဖြစ်အနုပညာလောကမှာရပ်တည်နေတဲ့သူတစ်ယောက်ပါ။ဇန်နဝါရီလ (၁၆)ရက်နေ့လေးကတော့ ဦးမိုးဒီရဲ့မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ဦးမိုးဒီကတော့ အသက် (၇၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

လူရွှင်တော်မိုးစက်ဆိုရင်လည်း လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကတော့ မကြာခဏဆိုသလို အလှူအတန်းတွေလည်း အတူတူ ပြုလုပ်လျက်ရှိပါတယ် ။ ဒီနေ့မှာတော့ဦးမိုးဒီရဲ့ မွေး နေ့အမှတ်တရအဖြစ် မိုးစက် နှင့်အတူ လှူဒါန်းဖြစ်ခဲ့ပုံကိုတော့“ဖေကြီးလဲမွေးနေ့အမှတ်တရ လှူမယ်ကွာ….ဒီနေ့ ဖေကြီးဦးမိုးဒီကို မွေးနေ့လေးစီစဉ်ပေးရင်းဖေကြီးလဲလှူမယ်ဆိုတာနဲ့သွားခဲ့ကြတာပေါ့ဗျာ…“ဘဘ အသက် ဘယ်လောက်ရှိပြီလဲ?”“၇၈ နှစ်ပါ”“ဒီနေ့ သားက ဘဘ ရဲ့လောကဓံကိုအံတု ပြီး ဈေးရောင်းတဲ့ စိတ်ဓာတ်ကိုလေးစားလို့နောက်ထပ်ဂုဏ်ပြုပေးရင်းဘဘ ကို လူတစ်ယောက် က အားပေးစကားပြောချင်လို့ပါတဲ့…”

“ဟုတ်လား…ဘယ်သူလဲဆိုတော့…”“ဟာ…ဦးမိုးဒီကြီး…”ဘဘ တောင် အံ့ဩချိန်မရလိုက်ပါဘူးအနားက ဈေးသည်တွေ အံ့ဩဝမ်းသာသွားကြတာ။“အဘ ရဲ့ သမာအာဇီဝကျကျ အလုပ်လုပ်တဲ့ စိတ်ဓာတ်ကို ကျွန်တောမိုးဒီလေးစားလို့ပါ

အဘ နာမည်ဘယ်လိုခေါ်လဲဗျ ““ဦးသံချောင်းပါ ဗျ …”“ဟုတ်လား နာမည်အတိုင်း ဘဝ ကို သန်သန်မာမာ လေး ဖြတ်ကျော်ပါဦးနော်။ဖေကြီးဦးမိုးဒီလဲ ပျော်ရွှင်ဘဘ လဲ ပျော်ရွှင် ကျွန်တော် လဲ ပျော်ရွှင် အနားက ဈေးသည်တွေလဲ ပျော်ရွှင် တန်ဖိုးဖြတ်မရတဲ့ အချိန်လေးပါဘဲဗျာ။

ဘဘ ကို ဖေကြီး ဦးမိုးဒီက ၅သောင်းကျပ်ကျွန်တော်နဲ့ အတူ ပါဝင်လှူဒါန်းကျသူများမှ၁သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။ညရေးညတာ မို့ ဘဘ ဦီးသံချောင်းရဲ့ ငရုတ်သီးမှူန့်ဆိုင်လေးကိုဈေးသိမ်းပေးပြီးဆရာဦးသျှန်ထွဏ်းနဲ့ ကျွန်တော်က အိမ်အရောက်ပို့ဆောင်ပေးခဲ့ပါတယ်။လောကဓံ ကို တစ်ယောက်ထဲဖြတ်သန်းနေရရှာတဲ့ဘဘ ဦးသံချောင်းရဲ့ ငရုတ်သီးမှူန့်လေးတွေကိုအားပေးချင်ရင်မြောက်ဒဂုံမြို့နယ် ၊ ဗထူးဈေး ညနေဈေး မှာ ဘဘ ဈေးရောင်းလျက်ရှိပါတယ်။ဝယ်ယူအားပေးကြပါဦးနော် ။

ကျွန်တော့်ရဲ့ ကူညီလှူဒါန်းပေးမှူများမှာပါဝင်အားဖြည့်ပေးကြတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။🙏🙏🙏”ဆိုပြီး မိုးစက်က သူ့ရဲ့ လူမှုကွန်ယက်မှာ မျှဝေထားတာလေးကို ပရိတ်သတ်ကြီးအတွက် ထပ်ဆင့်တင်ပြလိုက်ရပါတယ်

Zawgyi

ေမြးေန႔မွာ ဝမ္းေရးအတြက္‌ေဈးေရာင္းေနရတဲ့ ၇၈ႏွစ္အ႐ြယ္အဖိုးကို မိုးစက္ႏွင့္စုေပါင္းၿပီး ကူညီေထာက္ပံ့ခဲ့တဲ့ ဦးမိုးဒီ

ပရိသတ္ႀကီးေရ ဦးမိုးဒီကေတာ့ ပရိသတ္ေတြရဲ႕ ရင္ထဲအသဲထဲမွာ ေနရာယူႏိုင္ထားတဲ့ ဝါရင့္သဘာရင့္ ပရိသတ္အခ်စ္ေတာ္ ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ပရိသတ္အခ်စ္ေတာ္ အႏု ပညာရွင္တစ္ေယာက္အျဖစ္အႏုပညာေလာကမွာရပ္တည္ေနတဲ့သူတစ္ေယာက္ပါ။ဇန္နဝါရီလ (၁၆)ရက္ေန႔ေလးကေတာ့ ဦးမိုးဒီရဲ႕ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။ဦးမိုးဒီကေတာ့ အသက္ (၇၄)ႏွစ္ျပည့္ေျမာက္သြားခဲ့တာပဲျဖစ္ပါတယ္။

လူ႐ႊင္ေတာ္မိုးစက္ဆိုရင္လည္း လတ္တေလာမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။

သူတို႔ ႏွစ္ေယာက္ကေတာ့ မၾကာခဏဆိုသလို အလႉအတန္းေတြလည္း အတူတူ ျပဳလုပ္လ်က္ရွိပါတယ္ ။ ဒီေန႔မွာေတာ့ဦးမိုးဒီရဲ႕ ေမြး ေန႔အမွတ္တရအျဖစ္ မိုးစက္ ႏွင့္အတူ လႉဒါန္းျဖစ္ခဲ့ပုံကိုေတာ့“ေဖႀကီးလဲေမြးေန႔အမွတ္တရ လႉမယ္ကြာ….ဒီေန႔ ေဖႀကီးဦးမိုးဒီကို ေမြးေန႔ေလးစီစဥ္ေပးရင္းေဖႀကီးလဲလႉမယ္ဆိုတာနဲ႔သြားခဲ့ၾကတာေပါ့ဗ်ာ…“ဘဘ အသက္ ဘယ္ေလာက္ရွိၿပီလဲ?”“၇၈ ႏွစ္ပါ”“ဒီေန႔ သားက ဘဘ ရဲ႕ေလာကဓံကိုအံတု ၿပီး ေဈးေရာင္းတဲ့ စိတ္ဓာတ္ကိုေလးစားလို႔ေနာက္ထပ္ဂုဏ္ျပဳေပးရင္းဘဘ ကို လူတစ္ေယာက္ က အားေပးစကားေျပာခ်င္လို႔ပါတဲ့…”

“ဟုတ္လား…ဘယ္သူလဲဆိုေတာ့…”“ဟာ…ဦးမိုးဒီႀကီး…”ဘဘ ေတာင္ အံ့ဩခ်ိန္မရလိုက္ပါဘူးအနားက ေဈးသည္ေတြ အံ့ဩဝမ္းသာသြားၾကတာ။“အဘ ရဲ႕ သမာအာဇီဝက်က် အလုပ္လုပ္တဲ့ စိတ္ဓာတ္ကို ကြၽန္ေတာမိုးဒီေလးစားလို႔ပါ

အဘ နာမည္ဘယ္လိုေခၚလဲဗ် ““ဦးသံေခ်ာင္းပါ ဗ် …”“ဟုတ္လား နာမည္အတိုင္း ဘဝ ကို သန္သန္မာမာ ေလး ျဖတ္ေက်ာ္ပါဦးေနာ္။ေဖႀကီးဦးမိုးဒီလဲ ေပ်ာ္႐ႊင္ဘဘ လဲ ေပ်ာ္႐ႊင္ ကြၽန္ေတာ္ လဲ ေပ်ာ္႐ႊင္ အနားက ေဈးသည္ေတြလဲ ေပ်ာ္႐ႊင္ တန္ဖိုးျဖတ္မရတဲ့ အခ်ိန္ေလးပါဘဲဗ်ာ။

ဘဘ ကို ေဖႀကီး ဦးမိုးဒီက ၅ေသာင္းက်ပ္ကြၽန္ေတာ္နဲ႔ အတူ ပါဝင္လႉဒါန္းက်သူမ်ားမွ၁သိန္းက်ပ္ လႉဒါန္းေပးခဲ့ပါတယ္ခင္ဗ်ာ။ညေရးညတာ မို႔ ဘဘ ဦီးသံေခ်ာင္းရဲ႕ င႐ုတ္သီးမႉန႔္ဆိုင္ေလးကိုေဈးသိမ္းေပးၿပီးဆရာဦးသွ်န္ထြဏ္းနဲ႔ ကြၽန္ေတာ္က အိမ္အေရာက္ပို႔ေဆာင္ေပးခဲ့ပါတယ္။ေလာကဓံ ကို တစ္ေယာက္ထဲျဖတ္သန္းေနရရွာတဲ့ဘဘ ဦးသံေခ်ာင္းရဲ႕ င႐ုတ္သီးမႉန႔္ေလးေတြကိုအားေပးခ်င္ရင္ေျမာက္ဒဂုံၿမိဳ႕နယ္ ၊ ဗထူးေဈး ညေနေဈး မွာ ဘဘ ေဈးေရာင္းလ်က္ရွိပါတယ္။ဝယ္ယူအားေပးၾကပါဦးေနာ္ ။

ကြၽန္ေတာ့္ရဲ႕ ကူညီလႉဒါန္းေပးမႉမ်ားမွာပါဝင္အားျဖည့္ေပးၾကတဲ့တစ္ဦးတစ္ေယာက္စီတိုင္းကိုေက်းဇူးအထူးတင္လ်က္ပါခင္ဗ်ာ။🙏🙏🙏”ဆိုၿပီး မိုးစက္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ မွ်ေဝထားတာေလးကို ပရိတ္သတ္ႀကီးအတြက္ ထပ္ဆင့္တင္ျပလိုက္ရပါတယ္

Add a Comment

Your email address will not be published.