တစ်နိုင်ငံလုံးက လေးစားချစ်မြတ်နိုးရတဲ့ အမေစုကိုတုပလည်း အတုကအတုပဲလို့ဆိုလာတဲ့ တိုင်းကျော်

ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်ကတော့ ဟာသလူရွှင်တော်တစ်ယောက်အဖြစ်သာမက ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်အာဏာရှင်လူတစ်စုကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ပြည်သူ့တာဝန်တွေထမ်းဆောင်နေတဲ့ ဟားငါးကောင်က သူ့ရဲ့ခံယူချက်အတိုင်း တရားသောလမ်းကို တည့်မတ်စွာလျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။

တရားသောလမ်းစဉ်ကိုလိုက်သလို တရားတာကိုလည်း ရဲရဲဝံ့ဝံ့ပြောဆိုတတ်တဲ့ တိုင်းကျော်ဟာ ဒီကနေ့မှာလည်း ပြည်သူတွေအားလုံးချစ်တဲ့ အမေစုနဲ့ စစ်ကောင်စီခန့် ဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ရဲ့ ကွာခြားချက်ကို ယှဉ်တွဲပြလာခဲ့ပါတယ်။ တိုင်းကျော်က ကချင်တိုင်းရင်းသားဝတ်စုံကို တောက်ပခန့်ညားစွာဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်တိုင်းရင်းသားဝတ်စုံနဲ့ ကြည့်မကောင်းတဲ့ ဒေါ်သက်သက်ခိုင်ကို “မတူရင် မတုနဲ့။ တူလဲမတုနဲ့။ အတုကအတု၊ အစစ်ကအစစ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

တိုင်းကျော်ကတော့ တစ်နိုင်ငံလုံးက လေးစားချစ်မြတ်နိုးရတဲ့ အမေစုကို လိုက်တုပပေမယ့် အတုက အတုပဲလို့ ပြတ်သားစွာပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော တိုင်းကျော်ပြောတာကို လက်ခံလားဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: Taingkyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*