ရွှေမင်းသမီးချောလေး တင့်တင့်ထွန်းကို ငယ်စဉ်ကနေ အခုအချိန်ထိ ရူးရူးမူးမူး စွဲလန်းနေခဲ့ကြောင်းကို ဝန်ခံရေးသားလာတဲ့ မင်းအုပ်စိုး

ရွှေမင်းသမီးချောလေး တင့်တင့်ထွန်းကို ငယ်စဉ်ကနေ အခုအချိန်ထိ ရူးရူးမူးမူး စွဲလန်းနေခဲ့ကြောင်းကို ဝန်ခံရေးသားလာတဲ့ မင်းအုပ်စိုး

ပရိသတ်ကြီးရေ မကြာသေးခင် မိနစ်ပိုင်းလောက်က မင်းအုပ်စိုးရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် စာအရှည်ကြီးရေးသားထားတာ ဖြစ်ပါ

တယ်။ ဒါကတော့ ဆယ်ကျော်သက်အရွယ်ကနေ အခုထိ တင့်တင့်ထွန်းအပေါ် ရူးသွပ်စွဲလန်းနေရတဲ့ သူ့ရဲ့အတွင်းစိတ်ရင်းမှန်ကို ဖွင့်ဟဝန်ခံလိုက်တာ ဖြစ်ပါတယ်။

” သိပ်ချစ်ရတဲ့ တင့်တင့်ထွန်း ( အင်းစိန်ထောင်အတွင်း တစ်သက်တစ်ကျွ.န်း အပြစ်.ဒဏ်ခံ နေရစဉ် ရန်ကုန်တိုင်း တရားသူကြီးချုပ်မှ ကျွန်တော်၏ အယူခံအမှုကို အရှုံးပေးလိုက်သည့် ညတွင်ရေးသားခဲ့သည့် စာစုဖြစ်ပါသည်)

အခုဆိုရင် ကျွန်တော့် အသက်လည်း ၄၀ ကျော်လို့ ၅၀ အသက်ပိုင်းကို တဖြည်းဖြည်းနဲ့ နီးလာလုပေါ့ ကမ္ဘာကျော်ရုပ်ရှင် မင်းသမီး အန်ဂျလီနာဂျိုလီနဲ့မင်းသမီးအဆိုတော်ဂျနီဖာလိုးပတ်စ် တို့လည်း ၅၀ နားကပ်ပြီပေါ့။

ဒါပေမယ့်လည်း ဒီမင်းသမီး နှစ်ယောက်စလုံးကို ဒီအသက်အရွယ်အထိ ကျွန်တော့်စိတ်ထဲမှာ သဘောကျနေတုန်း ကြိုက်နေတုန်း လိုချင်နေတုန်းပါပဲ တစ်ခုတော့ရှိတာပေါ့လေ။

အဲဒီမင်းသမီး နှစ်ယောက်ကို ချိန်ခွင်ရဲ့ တစ်ဖက်ဗန်းထဲမှာ ထည့်ကျန်နေသေးတဲ့ ဗန်းတစ်ဖက်ထဲမှာ ရုပ်ရှင်မင်းသမီး အဆိုတော်တင့်တင့်ထွန်းကိုများထည့်ပြီး ကြိုက်တာရွေး လှည့်နော်လို့များ ခိုင်းလို့ကတော့

အဲဒီချိန်ခွင်ရဲ့ လျှာဟာ တင့်တင့်ထွန်းဘက်ကို အများကြီး သာနေမှာ သေချာပါတယ် ဟုတ်တယ်လေ ဟောလီးဝုဒ် မင်းသမီးနှစ်ယောက်ကို ဘယ်လောက်ပဲ သဘောကျကျ ဘယ်လောက်ပဲကြိုက်ကြိုက်

မြန်မာပြည်မှာရှိတဲ့ အဆိုတော်၊ မင်းသမီးတင့်တင့်ထွန်းကတော့ ကျွန်တော့်ရဲ့ ငယ်ချစ်ဖြစ်နေလေတော့ ဘယ်သူနဲ့မှ မလဲနိုင်ပါ ဘာလာပေးပေး မလဲနိုင်ပါပေါ့အဟုတ်ပြောတာပါ။

ရုပ်ရှင်မင်းသမီး၊ အဆိုတော် တင့်တင့်ထွန်းဟာ ကျွန်တော့်ရဲ့ငယ်ချစ် ကျွန်တော်ရဲ့ ငယ်ကြိုက်အစစ်ပါ ရေမရောပါဘူး ကျွန်တော်ရေးတာ ရှင်းပါတယ်နော်

ကျွန်တော့်ရဲ့ ငယ်ချစ်ငယ်ကြိုက်လို့ ရေးခဲ့တာပါ ကျွန်တော်တို့ နှစ်ယောက်ဟာ ငယ်ချစ်ငယ်ကြိုက်လို့ ရေးခဲ့တာ မဟုတ်ပါဘူး ဘုရားကို စူးရစေရဲ့ ဗျာရွှေမင်းသမီး တင့်တင့်ထွန်းကို

ကျွန်တော်ငယ်ငယ်ကတည်းက နေစပြီး အခုအချိန် ထိချစ်နေခဲ့တာ သဘောကျနေခဲ့တာ စွဲလမ်းနေခဲ့တာ ကြိုက်နေခဲ့တာပါ။ ငယ်ကအချစ်ဆိုတော့လည်း လွယ်လွယ်နဲ့တော့ မေ့လို့ရနိုင်မှာ မဟုတ်ဘူးပေါ့ဗျာ

ရွှေမင်းသမီးအပေါ် အရူးအမူး တမ်းတမ်းစွဲ ပူစပ်ပူလောင်ဖြစ်စေတဲ့ အထိစွဲလမ်းမိတဲ့ ဒီရောဂါကို စရခဲ့တာက မှတ်မှတ်ရရ ပြောပြရရင် ကျွန်တော်ရှစ်တန်း ဒုတိယနှစ်မှာပေါ့

စခဲ့မိတဲ့ အချစ်ဇာတ်လမ်းလေးကို အတိုချုပ်ပြီးပြောပြရမယ် ဆိုရင်ဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွါးရေး လုပ်ချင်တဲ့ စိတ်ပိုက်ဆံရှာချင်တဲ့ စိတ်တွေကြောင့် ဗိုလ်ကလေးမြို့က ဆန်အိတ်တွေကို

နှစ်ထပ်သင်္ဘောကြီးတွေနဲ့ တင်လာပြီး ရန်ကုန်မြို့ကိုလာရောင်းပါတယ်။ဆန်ကုန်ကူးတာပေါ့ဗျာ။ အဲ့ဒီခေတ် အဲ့ဒီအချိန် တုန်းကတော့ အတော်ကြီးကိုဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုပေါ့

အရင်းအနှီးကိုတော့ ခမည်းတော်ဘုရားက မယုံတဝက် ယုံတဝက်မပေးချင် ပေးချင်နဲ့ ထုတ်ပေးတော် မူရှာပါတယ်။ ရန်ကုန်ကို ဆန်လာ လာရောင်းနေရင်း တစ်ရက်မှာတော့

ဝဇီရာ ပြဇာတ်ရုံမှာ ကနေတဲ့ ဘဘဗိုလ် ကလေးတင့်အောင်ရဲ့ အမေ့ချွေးမ လှလှလေး ဆိုတဲ့ပြဇာတ်ကို ဘာရယ်မဟုတ်ပါဘူး ပျင်းတာနဲ့ ဝင်ကြည့်ဖြစ်လိုက်မိပါတယ်


ရောဂါက အမည်တပ်ရတာ ဆရာဝန်တွေအတွက်ဆိုရင်အတော် ခက်ပါလိမ့်မယ်၊ အနော်ကတော့အနော့်ရောဂါကို ဟော့သလို လေးပဲကင်ပွန်းတပ်လိုက်ပါတယ်

ရွှေမင်းသမီးကို စွဲလန်းမိတဲ့ ရောဂါ ချစ်မိတဲ့ရောဂါ တင့်တင့်ထွန်းကိုချစ်တဲ့ လိုချင်တဲ့ရောဂါ အချစ်ကျွံနာပေါ့ဗျာ အဲ့ဒီအချိန်တုန်းကများ အမေ့ချွေးမလှလှလေးဆိုတဲ့ ပြဇာတ်ကို

အကြိမ်အများဆုံး ကြည့်တဲ့လူကို ဆုပေးခဲ့မယ်ဆိုရင် ပြိုင်ဘက်မရှိဘဲ ပထမဆုကို ရမှာကတော့ ကျွန်တော်မျိုးကြီးပါပဲ ခင်ည အဲ့ဒီပြဇာတ်မှ ာပါဝင်ကြတဲ့ ဇာတ်ဝင်ခန်းတွေ ဒိုင်ယာလော့တွေ

ဆက်တင်တွေ Lightings တွေကို အကုန်လုံး အလွတ်ရတဲ့ အထိအောင်ပါပဲ ခင်ည ရန်ကုန်မှာ တစ်ညအိပ် ဆိုပြီးတေ ာ့ဘိုကလေးမြို့ကနေ ဆန်လာရောင်းခဲ့တဲ့ ကျွန်တော်ဟာ

ရန်ကုန်မြို့ကြီးမှာ တစ်ညအိပ်ကနေ နှစ်ညအိပ် သုံးညအိပ် အထိမကတော့ဘဲ အမေ့ချွေးမလှလှလေး ဆိုတဲ့ပြဇာတ်ကြီး ပြဇာတ်ခုံပေါ်ကနေ ဆင်းတော့မှပဲ မြို့ကို ပြန်လာဖြစ်ပါတော့တယ်

ဆန်ကုန်သည် ဘဝရဲ့နောက်ဆုံးအခေါက်ပေါ့။ ဘာကြောင့်လည်းဆိုရင် ဆန်ရောင်းလို့ မြတ်တဲ့အမြတ်တွေရော ဆန်ဖိုးအရင်းတွေ ရောဟာပြဇာတ်ကြည့်ဖို့အတွက် ရန်ကုန်မှာ long stay နေရတဲ့အထဲကို

စရိတ်အဖြစ်နဲ့ ပါသွားလို့ပါ။ ဖခမည်းတော်ကဆို အမျက်တေ ာ်ရှလွန်းတာကြောင့် ကျွန်တော်မြို့ကို ပြန်ရောက်တော့ အိမ်ပေါ်ကို ပေးမတက်တာမို့ မယ်မယ် ဘုရားက ကုလသမဂ္ဂဝင်လုပ်မှပဲ

ကျွန်တော်လည်း မိဘအိမ်မှာနိုင်ငံရေး ခိုလှုံခွင့်ရခဲ့ရတာပါ တင့်တင့်ထွန်းကို ဘယ်လောက်ပဲ ချစ်ချစ်ဘယ်လောက်ပဲ လိုချင်လိုချင် အဲဒီအချိန်တုန်းက သူ့ဘဝနဲ့ ကျွန်တော့်အခြေအနေဟာ

မိုးနဲ့မြေကြီးဆိုတော့ ကွဲချင်ချင်ဖြစ်နေတဲ့ မခိုင့်တခိုင်ကျွန်တော့်နှလုံးသားနုနုလေးကို ကွဲကြေသွားမှာ စိုးရိမ်ရတဲ့ အတွက်အရက်နဲ့ပဲ စိမ်ထားခဲ့ ရတော့တာပေါ့ဗျာ။

အဲ့ဒါကြောင့်မို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်တော်အရက် သောက်တက်ရခြင်းရဲ့ တရားခံဟာ ကျွန်တော့်ရဲ့ငယ်ချစ် ရွှေမင်းသမီးချောတင့်တင့်ထွန်းပါပဲ အသဲနုနုကို အရက်ထဲမှာ စိမ်ထားပေမဲ့လည်း

အလွမ်းဒဏ်က မသက်သာပြန်လေတော့ တစ်မြို့လုံးမှာရှိတဲ့ မိန်းကလေးတွေထဲက တင့်တင့်ထွန်းနဲ့ တူတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်လိုက်မိတာနဲ့ အဲ့ဒီကောင်မလေးကို နေ့မကူးပဲ ရည်းစားစကား လိုက်ပြောဖြစ်တော့တာပါ

ဒါပေမဲ့ ခက်နေတာက မြို့မှာရှိတဲ့ ကောင်မလေးတွေကလည်း ကောင်မလေးတိုင်းက တစ်နေရာမဟုတ် တစ်နေရာမှာတင့်တင့်ထွန်းနဲ့ တူနေကြလေတော့ ကျွန်တော်ကရည်းစားစကား လိုက်ပြော ဖြစ်ခဲ့တာကလည်း

တစ်မြို့လုံးကမိန်းမချောတွေ အကုန်ပဲလို့ဆိုကြပါတော့ဗျာ ဒီတော့လည်း ဘယ်ကောင်မလေးကမှ ကျွန်တော့်ကို ပြန်မချစ်ပြန်မကြိုက်ကြတာ အဆန်းတော့လည်း မဟုတ်လှပါဘူး

ရွှေမင်းသမီးချောလေး တင့်တင့်ထွန်းကို ချစ်နေမိတဲ့စိတ်ကလည်း ဒီဂရီက အစွမ်းကုန်မြင့်နေ အစားထိုးစရာ ရင်ခွင်ကလည်း တစ်ယောက်ဆိုတစ်ယောက်မှ ကပ်လို့လည်းမရ စာပေးလို့လည်း လက်မခံ အဖြေပြန်ရဖို့ဆိုတာ ဝေလာဝေးဆိုတော့

အနော့်ရင်ထဲက အချစ်ကျွံနာတွေ အလွမ်းဒဏ်သင့် ဝေဒနာတွေကို သက်သာစေဖို့အတွက် မေ့မေ့ပျောက်ပျောက် ဖြစ်စေဖို့အတွက် ရွှေမင်းသမီးကို လွမ်းတမ်းတလာမိတဲ့ အချိန်တိုင်း

ကျွန်တော်က ဖဲဝိုင်းတွေထဲမှာဖဲသွားရိုက်ရင်း အချစ်ကျွံနာကို ကုစားနေမိတော့ တာပေါ့ဗျာ အချိန်တိုင်းလိုလို နေ့တိုင်းလိုလိုမှာ ရွှေမင်းသမီးလေးကို လွမ်းတမ်းတနေမိတော့

နေ့တိုင်းလိုလို ဖဲဝိုင်းရှိရာ အရပ်ကိုသွားပြီး မရိုက်ချင်ရိုက်ချင်နဲ့ စိတ်မပါ့တပါနဲ့ ရိုက်နေခဲ့မိတာပေါ့ဗျာ။ သိပ်ချစ်ရတဲ့ တင့်တင့်ထွန်းဆိုတဲ့

စာစုလေးကို ဒီနေရာလေးမှာပဲ နိဂုံးချုပ်ပြီး အဆုံးသ.တ်လိုက် ပါရစေတော့ဗျာ။ ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်

Credit all

Add a Comment

Your email address will not be published.