ပညာတတ်တိုင်း တပါးသူကိုနှိမ်တတ်တဲ့ ဒေါက်တာ Eric Yang ရဲ့ စိတ်ဓာတ်ကိုသိပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ အနုပညာလောကကနေ မကြာခဏဆိုသလို ပျောက်ကွယ်သွားတတ်ပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကိုတော့ ဘယ်အချိန်မဆိုမလျော့စတမ်းရရှိနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေမပြုလုပ်သေးတဲ့ ထက်ထက်မိုးဦးဟာ Online Live Saleတွေကိုသာရောင်းချပေးနေတဲ့ ထက်ထက်မိုးဦးဟာ ပြီးခဲ့တဲ့ Live တစ်ခုမှာ ပြင်သစ်ရေမွှေး Chloé ကို “ချိုလီ” လို့ အသံထွက်ဖတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ရေပန်းစားနေတာပဲဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ Chloé ကို “ချိုလီ” လို့ အသံထွက်ဖတ်တာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဒေါက်တာ Eric Yang က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ထက်ထက်မိုးဦးကို အသံထွက်မှန်မှန်မထွက်တတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦးက “တချို့သောသူတွေ ပညာတွေတတ်သလို စိတ်ဓာတ်လည်းကောင်းရင်ကောင်းမှာပဲနော်။ထက်ဟိုးအရင်တုန်းကလည်း ဒီဖေ့ဘုတ်တွေအင်တာနက်တွေ မသုံးတတ်ဘူး ပညာမတတ်ဘူး ခဏခဏဖြေဘူးသလို ခု live တွေမှာလည်း အင်္ဂလိပ်စာမဖတ်တတ်လို့ တချို့မန့်တွေ မဖတ်တတ်ဘူးဆိုလည်း ကိုယ့်ကိုချစ်တတ်သူတွေ အားလုံးသိကြပါတယ်။ ”

“အဲ့ဒါကို live မှာ ရေမွှေးနာမည် မဖတ်တတ် မပြောတတ်တာနဲ့ပဲ ရီချင်တယ်လို့ပြောပြီး ဟားတဲ့ ကိုယ်ပညာတတ်တိုင်း တပါးသူကို နှိမ်တတ်တဲ့ အမေရိက က ဆရာရဲ့စာနဲ့ ဆရာရဲ့စိတ်ဓာတ်ကိုသိပြီး ဝမ်းနည်း စိတ်မကောင်းဖြစ်မိရုံပါပဲ။ ရပါတယ် လှောင်ချင်လည်းလှောင်ပါ ရီချင်လည်းရီပါ အစတည်းက ကျွန်မက ပညာမတတ်ဘူးဆိုတာ တတိုင်းပြည်လုံးကိုပြောပြီး ရိုးရိုးသားသားလုပ်စားနေတာပါ။အခုလိုလှောင်ခံရတာလည်း ဝမ်းနည်းမိရုံပါပဲ ကျွန်မဘဝပေးနဲ့ ကျွန်မ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မ အင်္ဂလိပ်စာမပြောတတ်တာ မဖတ်တတ်တာက ဆရာအတွက် အူတတ်အောင်ထိရယ်လိုက်ရရင် စိတ်မကောင်းပါဘူးနော်” ဆိုပြီး ပြန်လည်ရေးသားခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ အထက်တန်းကျောင်းမပြီးခင်ပဲ အနုပညာလောကထဲကိုဝင်ရောက်ခဲ့သူမို့ ပညာရေးမှာမပြည့်စုံသူတစ်ယောက်ဖြစ်ပြီး သူမကိုအခုလို ချိုးနှိမ်လှောင်ပြောင်တဲ့ ဒေါက်တာ Eric Yang ရဲ့ စိတ်ဓာတ်ကိုသိပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

Source: Htet Htet Moe Oo ‘s fb

Be the first to comment

Leave a Reply

Your email address will not be published.


*