သင်ဟာပရိတ်ပဌာန်းတွေ ပုံမှန်ရွတ်ဖတ်ပူဇော်သူဖြစ်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားလုပ်စေချင်

သင်ဟာပရိတ်ပဌာန်းတွေ ပုံမှန်ရွတ်ဖတ်ပူဇော်သူဖြစ်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားလုပ်စေချင်။

ပရိတ်ပဋ္ဌာန်းဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ

(၁)အဝတ်အစားလဲသင့်လဲရမယ်။ ခြေလက်ခံတွင်းသုတ်သင်ပြီး ကြည်လင်သန့်ရှင်းစေရမယ်။ (မဇ္ဈိမပီယဇာတိသုတ်)

(၂)ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များ နမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော် ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင် အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ်၊ သိအောင်လုပ်ရမယ်။ ကျက်သင့်တာကျက်ထားရမယ်။

(၃)ဘယ၊လာဘ၊ကုလစာရ ကြောက်တဲ့စိတ်၊ ဖြစ်စေချင်တဲ့စိတ် (အမျှော်စိတ်) နောက်ပြီးမိရိုးဖလာ လုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုးမဖြစ်စေရဘူး။

(၄)ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ်။ လယ်တီဆရာတော်ကြီးပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကိုအမဲသာစားတဲ့ပါးစပ်ကြီးနဲ့ ရွတ်လို့နေရာမကျဘူး။

(၅)ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့၊ မိမိရွတ်တဲ့ပရိတ်တော်များဂါထာတော်များအစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ၊ဆီ၊သဲ၊ချည်၊ လက်ကိုင်ပဝါစသည်ကို ရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီး ရွတ်ဆိုသင့်တယ်။

ဒါမြတ်စွာဘုရားရှင်တို့ရဲ့ အာဏာစက်သွင်းတယ်လို့ခေါ်ပါတယ်။ (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ။

(၆)မိမိလုပ်နေကျ ဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ်၊ စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ်။ ဒါမှပိုပြီးထိရောက်ပါတယ်။ ဆွမ်းဝတ်၊ရေတွင်းရေကန်၊ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှု စတဲ့ဝတ်ထားပြီးလုပ်တဲ့ကုသိုလ်မှန်သမျှဟာ သရဏဂုံငါးပါးသီလမြဲတဲ့လူလို အပါယ်မကျနိုင်ဘူး။

ဒီဝတ်မြဲတဲ့လူဟာ သောတာပန်နှင့်တူတယ်။ရွတ်ကြဖက်ကြတဲ့ကိစ္စဖြစ်ဖြစ်တရားဘာဝနာအလုပ်မှာပဲဖြစ်ဖြစ်ထေရဝါဒစစ်စစ်ဘာသာရေးအလုပ်မှန်သမျှမှာ ပုတီးဘယ်နှစ်ပတ်စိပ်ရမယ် ဆိုတဲ့အခန်းမပါဘူး။

ဓမ္မာစရိယဦးဌေးလှိုင်၏ ခရီးဖော်စာအုပ်မှ ကူးယူဖော်ပြပါသည်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

Credit to အရှင်ရာဇာန

သင်ဟာပရိတ်ပဌာန်းတွေ ပုံမှန်ရွတ်ဖတ်ပူဇော်သူဖြစ်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားလုပ်စေချင်။

ပရိတ်ပဋ္ဌာန်းဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ

(၁)အဝတ်အစားလဲသင့်လဲရမယ်။ ခြေလက်ခံတွင်းသုတ်သင်ပြီး ကြည်လင်သန့်ရှင်းစေရမယ်။ (မဇ္ဈိမပီယဇာတိသုတ်)

(၂)ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များ နမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော် ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင်အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ်၊ သိအောင်လုပ်ရမယ်။ ကျက်သင့်တာကျက်ထားရမယ်။

(၃)ဘယ၊လာဘ၊ကုလစာရ ကြောက်တဲ့စိတ်၊ ဖြစ်စေချင်တဲ့စိတ် (အမျှော်စိတ်) နောက်ပြီးမိရိုးဖလာ လုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုးမဖြစ်စေရဘူး။

(၄)ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ်။ လယ်တီဆရာတော်ကြီးပြောသလိုဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကို အမဲသာစားတဲ့ပါးစပ်ကြီးနဲ့ ရွတ်လို့နေရာမကျဘူး။

(၅)ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့၊မိမိရွတ်တဲ့ပရိတ်တော်များ ဂါထာတော်များအစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ၊ဆီ၊သဲ၊ချည်၊ လက်ကိုင်ပဝါစသည်ကို ရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီး ရွတ်ဆိုသင့်တယ်။

ဒါမြတ်စွာဘုရားရှင်တို့ရဲ့ အာဏာစက်သွင်းတယ်လို့ခေါ်ပါတယ်။ (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ။

(၆)မိမိလုပ်နေကျ ဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ်၊ စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ်။ ဒါမှပိုပြီးထိရောက်ပါတယ်။ ဆွမ်းဝတ်၊ရေတွင်းရေကန်၊ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှု စတဲ့ဝတ်ထားပြီးလုပ်တဲ့ကုသိုလ်မှန်သမျှဟာ သရဏဂုံငါးပါးသီလမြဲတဲ့လူလို အပါယ်မကျနိုင်ဘူး။

ဒီဝတ်မြဲတဲ့လူဟာ သောတာပန်နှင့်တူတယ်။ရွတ်ကြဖက်ကြတဲ့ကိစ္စဖြစ်ဖြစ်တရားဘာဝနာအလုပ်မှာပဲဖြစ်ဖြစ်ထေရဝါဒစစ်စစ်ဘာသာရေးအလုပ်မှန်သမျှမှာ ပုတီးဘယ်နှစ်ပတ်စိပ်ရမယ် ဆိုတဲ့အခန်းမပါဘူး။

ဓမ္မာစရိယဦးဌေးလှိုင်၏ ခရီးဖော်စာအုပ်မှ ကူးယူဖော်ပြပါသည်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

Credit to အရှင်ရာဇာန

Be the first to comment

Leave a Reply

Your email address will not be published.


*