အလှူရှင်တွေနဲ့စုပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်က ချို့တဲ့ဘိုးဘွားတွေအတွက် အလှူငွေ (၁၅) သိန်းတိတိလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို တက်တက်ကြွကြွလုပ်ကိုင်နေသူတစ်ယောက်ပါပဲ။ မိဘနဲ့ခွဲခွာရတဲ့ ကလေးတွေကိုလည်း

စောင့်ရှောက်ပေးနေသလို သက်ကြီးဘိုးဘွားနဲ့ ချို့တဲ့သူတွေအပေါ်မှာလည်း စေတနာထားပြီး အလှူအတန်းတွေပြုလုပ်ပေးနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

မနေ့က ဇန်နဝါရီလ (၁၈) ရက်နေ့မှာလည်း ခိုင်နှင်းဝေက ဒဂုံဆိပ်ကမ်းမြို့နယ်က ချို့တဲ့ဘိုးဘွားတွေကို အလှူရှင်တွေနဲ့စုပေါင်းပြီး ကုသိုလ်ယူခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

“ဒဂုံဆိပ်ကမ်းဘက်မှ သက်ကြီးဘိုးဘွား (၁၅၀) စာအတွက် လိုအပ်တာများ အသုံးပြုရန် အလှုငွေ (၁)သောင်းကျပ် (စုစုပေါင်း အလှူငွေ (၁၅) သိန်းကျပ်) အား

“The Body Shop Myanmar “မိသားစု မှ နှစ်ဦး အလှုလေး အဖြစ် လှူဒါန်းပေးခဲ့ပါတယ်ရှင်..အလှူရှင်များနှင့် အလှူခံ ပုဂ္ဂိုလ်များကြား အလှူမြောက်အောင်

လှူဒါန်းကုသိုလ်ယူဖြစ်ခဲ့ပါတယ်..ပြုပြု သမျှ ကုသိုလ်တို့အား ပေးသူ၊ယူသူ၊မြင်သူ၊ကြားသူ များ အားလုံး စိတ်ကြည်လင်စွာဖြင့် သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..” ဆိုပြီး ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်မှာ နားရက်မရှိ အားတက်သရောလုပ်ကိုင်ရင်း သူမရဲ့ နေ့ရက်တိုင်းကို ကုသိုလ်တွေအပြည့်နဲ့ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ကုသိုလ်အတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*