ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက်ရဲ့ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေး





Credit

UNICODE
ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက်ရဲ့ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေး

ပရိသတ်တွေချစ်တဲ့ မင်းသမီးလေးဝတ်မှုံရွှေရည် ကတော့ အသက်သုံးဆယ်ကျော် အရွယ်ထိ အိမ်ထောင်မပြုသေးပဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေက ဝတ်မှုံရွှေရည်အပြင် သူမရဲ့ တစ်ဦးတည်းသော ညီမေလးဖြစ်တဲ့ နဒီရွှေရည်ကိုပါ ချစ် ခင်အားပေးကြပါတယ်။

နဒီရွှေရည်က အစ်မ ဖြစ်သူလို အနုပညာ လုပ်ငန်းတွေ ဝါသနာမပါပေ မယ့်Beauty Blogger တစ်ယောက်အဖြစ် ရပ်တည် နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင် ဆိုင် နေလျက်ရှိပါတယ်။ ညီမဖြစ်သူရဲ့ Beauty Blogger အလုပ်နဲ့ ပက်သတ်ပြီး တစ်ဖက် တစ်လမ်းကနေ ကူညီပံ့ပိုးပေး နေ တဲ့ ဝတ်မှုံရွှေရည်ကတော့ ညီမလေး နဒီရွှေရည်ရဲ့ Vlog တွေ ဗီဒီယိုတွေမှာ ပါဝင်လေ့ရှိပါ တယ်။

ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်က အိမ်မှာနေရင်းစတိုင်လ် အမျိုးမျိုး နဲ့ အပျင်းပြေ Tik Tok ရိုက်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အကြီးပီပီ ရင့်ကျက်မှုတွေ နဲ့ တည်ငြိမ် လှပသလို နဒီရွှေရည် ကလည်း ကလေးမေမေလို့ မထင်ရလောက်အောင် ချစ်စရာကောင်းလှပါတယ်။

ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့နဒီရွှေရည်တို့ ညီအစ်မရဲ့ ပထမဦးဆုံး Tik Tok ဗီဒီယိုလေးကို သဘောကျကြမယ်လို့ မျှော်လင့် ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*