ပရိတ်သတ်နဲ့ ခဏတာ ဝေးကွာနေပြီးနောက် ပုံလေးတစ်ပုံနဲ့အတူ ချပြလာတဲ့ ဖြူဖြူကျော်သိန်း…




Credit

UNICODE
ပရိသတ်နဲ့ ခဏတာဝေးကွာနေပြီးနောက် ပုံလေးတစ်ပုံနဲ့အတူ ချပြလာတဲ့ ဖြူဖြူကျော်သိန်း…

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အမိုက်စားအသံပါဝါတွေနဲ့အတူ တေးသီချင်းကောင်းများစွာကို တီဆိုထားပြီး ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူက မကြာခဏဆိုသလို သုမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဗဟုသုတရဖွယ်ရာများနဲ့ အသိပညာပေးစာသားများကို သူမရဲ့ခံစားချက်အချို့နဲ့ ရေးသား ဖော်ပြလေ့ ရှိပါတယ်နော်။

ဖြူဖြူ က ဗဟုသုတရတဲ့ စကားတွေကို မကြာခဏဆိုသလို ပြောပြလေ့ရှိပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာလဲ ရေးသားဖော်ပြလေ့ရှိပါတယ်။ ဖြူဖြူ ကတော့ တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားခြင်း ခံရတာကြောင့် ဘေးကင်းရာကိုရှောင်းတိမ်းနေရပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ဖြူဖြူက ” Woman in Black. ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့လက်ရှိပုံလေးကို သူမရဲ့ Instagram အကောင့်ကနေ မျှဝေထားတာပဲ ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း “ဖြူဖြူကို ပိန်သွားတယ် ၊ နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား ဆိုပြီး စိုးရိမ်တကြီး မေးခွန်းလေးတွေမေးထားကြပါသေးတယ်။
Credit

Add a Comment

Your email address will not be published.